What's new

×

Warning

JUser: :_load: Unable to load user with ID: 845

အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံရေးအတွက် ကိုရီးယားအထည်ချုပ်လုပ်ငန်း၊ ချည်ထည်ထုတ်လုပ်ရေး၊ ချည်ငင်နှင့် ဆေးဆိုးလုပ်ငန်းများ တိုးချဲ့ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းက ပြောကြားသည်။

 

မြန်မာနိုင်ငံတွင် တိုးချဲ့ ရင်းနှီးမြှုပ်နှံမည့် ကိုရီးယား အထည်ချုပ်လုပ်ငန်း Panko Corporation မှ လုပ်ငန်းရှင်များနှင့် ကုန်သည်စက်မှုအသင်းချုပ် အဖွဲ့ဝင်များ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ တွေ့ဆုံစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌက… 

  • ပြည်တွင်း၌ လာရောက် ရင်းနှီး မြှုပ်နှံမည့် လုပ်ငန်းရှင်များကို လုပ်ရကိုင်ရ လွယ်ကူစေမည့် အခြေအနေများကို ညှိနှိုင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ 
  • လက်ရှိတွင် နိုင်ငံတော်ဘက်မှ ကုန်ထုတ်လုပ်ငန်းများကို အားပေးနေသည့်ကာလ ဖြစ်ကြောင်း
  • အလုပ်အကိုင် အခွင့်အလမ်း အများဆုံးပေးနိုင်မည့် အထည်ချုပ်လုပ်ငန်းများကို တိုးချဲ့ ရင်းနှီးမြှုပ်နှံမှုမှာ သိရသည့်အတွက် ဝမ်းသာပီတိ ဖြစ်ရကြောင်း
  • အထူးသဖြင့် အထည်ချုပ်လုပ်ခြင်းအပြင် ချည်ငင်၊ ဆေးဆိုးလုပ်ငန်းများလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်မည် ဆိုသည့်အတွက် မိမိတို့နိုင်ငံအနေနှင့် အကျိုးကျေးဇူးများ ရရှိမည် ဖြစ်ကြောင်း 
  • စီးပွားရေး လုပ်ကိုင်ရာတွင် အကျိုးအမြတ် ရရှိလိုခြင်း တစ်ခုထဲသာမက နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးနှင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

Advertisement

Click Here > Asia Pacific Inspection Agency

 

ကိုရီးယားနိုင်ငံ Panko Corporation ဥက္ကဌ Mr.Youngjoo Choi က မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းအပြင် ချည်ထုတ်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်မည် ဖြစ်ကာ ထိုမှတစ်ဆင့် ချည်ငင်ခြင်း၊ ဆေးဆိုးခြင်း စသည့် စက်မှုလုပ်ငန်းဖြင့် ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်ဟု ဆိုသည်။ 

 

ယခု လာရောက်သည့် ကိုရီးယားလုပ်ငန်းရှင်များသည် ချည်ထုတ်လုပ်ရေးတွင် အတတ်ပညာနှင့် အတွေ့အကြုံများစွာ ရှိပြီး ကုန်ထုတ်လုပ်ငန်းများ တိုးတက်ရန် အသင်းချုပ်နှင့်လည်း ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့နောက် တက်ရောက်သူများက ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အထည်ချုပ်စက်ရုံများ တိုးချဲ့ တည်ဆောက်နိုင်ရေး၊ ရင်းနှီးမြှုပ်နှံသူများ လာရောက် လုပ်ကိုင်ရာတွင် အဆင်ပြေ ချောမွေ့စေရန် ကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးကြသည်။

 

ကိုရီးယားနိုင်ငံ Panko Corporation သည် မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံကို ၂၀၁၉ ခုနှစ်က ပဲခူးမြို့တွင် စတင် တည်ထောင်ကာ အထည်ချုပ်လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်၍ ပြည်တွင်းအလုပ်အကိုင်များ ဖန်တီးပေးလျက် ရှိသည်။

Published in Industry News

ရန်ကုန်တိုင်းဒေသကြီး၌ ရှစ်လအတွင်း CMP အထည်ချုပ်လုပ်ငန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု (၄၅) ခုကို ခွင့်ပြုခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ( DICA ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါ နိုင်ငံသားနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ် (၄၅) ခုတို့အား ဇန်နဝါရီလမှ သြဂုတ်လအထိ  ခွင့်ပြုထားခြင်း ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများတွင်…

  • စက်မှုလုပ်ငန်းများ၊ 
  • ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်းများ၊ 
  • CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများ၊ 
  • ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှု လုပ်ငန်းများလည်း ပါဝင်သည်။ 

 

လုပ်ငန်းအများစုမှာ CMP အထည်ချုပ်လုပ်ငန်းများဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁၈,၀ဝ၀) ကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း CMP စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းများတွင် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ထိုင်းနိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှလည်း လာရောက် ရင်းနှီးမြှုပ်နှံမှု ရှိသည်ဟု ဆိုသည်။

Published in Industry News

မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ဂျပန်နိုင်ငံ၏ Honeys ထံမှ  ယန်း ၁.၅ ဘီလီယံ  ရင်းနှီးမြှုပ်နှံမှုအသစ်ကို ရရှိသည်။

အမြန်ထုတ်လုပ်ဖက်ရှင် Fast-fashion လုပ်ငန်း Honeys သည် လက်လီအရောင်းဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ရောင်းကုန် အဝတ်အစားများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရယူရန် ရည်မှန်းထားသည်။

 ဂျပန်နိုင်ငံတွင် မေလကုန်တွင် စတိုးဆိုင်ပေါင်း ၈၇၁ ဆိုင် ဖွင့်လှစ်ထားသည့် Honeys အတွက် စျေးနှုန်းချိုသာမှုသည် အဓိက အချက်တစ်ခုဖြစ်သည်။

ဂျပန်အ၀တ်အထည်ထုတ်လုပ်သူ Honeys Holdings သည် မြန်မာနိုင်ငံတွင် တတိယမြောက်စက်ရုံကို ယခုလတွင် စတင်ဖွင့်လှစ်လိုက်ပါသည်။ ၎င်းရောင်းချမည့် အဝတ်အထည်များ၏ ထက်ဝက်ကျော်ကို ထုတ်လုပ်မှု အချက်အချာတစ်ခုဖြစ်ပြီးကုန်ကျစရိတ်သက်သာသော မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

ရန်ကုန်မြီု့တွင် တည်ရှိသော မင်္ဂလာဒုံစက်မှုဥယျာဉ်တွင် တည်ရှိပြီးဖြစ်သော ၎င်း၏ စက်ရုံ ဘေးတွင် ဧရိယာ ၁,၆၀၀ စတုရန်းမီတာရှိ စက်ရုံသစ်ကို တည်ဆောက်မည်ဖြစ်သည်။

Honeys သည် ၂၀၂၄ ခုနှစ် မေလအထိ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း စီမံကိန်းမှာ  ယန်း ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၃ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

အမျိုးသမီးဝတ် အမြန်ထုတ်လုပ် ဖက်ရှင်ဆိုင်ခွဲများလုပ်ငန်း Honeys သည် ၎င်း၏ ပစ္စည်းများတွင် အကြမ်းဖျင်းအားဖြင့် အရှေ့တောင်အာရှမှာ ၉၀% ကို ထုတ်လုပ်လျက်ရှိရာ၌ မြန်မာနိုင်ငံတစ်ခုတည်းမှာ  ၄၄%  ကို ထုတ်လုပ်သည်။

မြန်မာနိုင်ငံရှိ စက်ရုံများတွင် အခြားနေရာများထက် စျေးသက်သာစွာ ထုတ်လုပ်နိုင်သည်ဟု သမ္မတ Eisuke Ejiri က ပြောသည်။  "ဒါက ငါတို့ရဲ့ အကြီးမားဆုံး အားအင်ပဲ" ဟု သူက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက ၎င်း၏ မြန်မာပြည်ရှိ လုပ်ငန်းကုိ ဆက်လက်လည်ပတ်‌နေကြောင်း Honeys မှ ပြောကြားခဲ့သည်။

"ကျွန်‌တော်တို့ ကုမ္ပဏီက စစ်တပ်နှင့် ဆက်နွှယ်မှု မရှိပါဘူး။ လူ့အသိုင်းအဝိုင်းမှာ  အလုပ်အကိုင်‌တွေကို ဆက်လက်ထိန်းသိမ်းပေးထားပြီး အလုပ်အကိုင်တွေ ထပ်တိုးပေးနေပါတယ်" ဟု Honeys ဥက္ကဋ္ဌ Yoshihisa Ejiri က ပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ လုပ်ငန်များနှင့် နိုင်ငံစုံလုပ်ငန်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်မှုကို လမ်းခွဲဖို့  ပြန်လည်စဉ်းစားနေကြသည်။ နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီ SGS Group မှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း Honeys က ပြောသည်။

SGS  စစ်‌ဆေးရေးအဖွဲ့ဝင်များသည် ကလေးလုပ်သားများ၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကဲ့သို့သော ချိုးဖောက်မှုများအပြင် အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကို စောင့်ရှောက်ခြင်းနှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ရရှိခြင်းတို့ကိုလည်း စစ်ဆေးသည်။ ဥက္ကဋ္ဌ Eisuke Ejiri က "ကျွန်တော်တို့မှာ ပြဿနာအ‌ထွေအထူး မရှိဘူးလို့ ပြောပါတယ်" ဟု ပြောကြားသည်။

အဆိုပါ စက်ရုံသစ်တွင် လုပ်သား ၁,၅၀၀ ခန့် အလုပ်ခန့်ထားမည်ဖြစ်ပြီး တစ်လလျှင် အဝတ်အထည် ခုရေ ၁၀၀,၀၀၀ ထုတ်လုပ်မည်။ အဓိကအားဖြင့် ကုတ်အင်္ကျီများနှင့် အပြင်ဝတ်များ ထုတ်လုပ်မည်။ ထုတ်ကုန်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့မည်။ အထည်ချုပ်ရန် လိုအပ်သော အထည်အလိပ်နှင့် ကြယ်သီး အစရှိသည်တို့ကို တရုတ်ပြည်မှ ဝယ်ယူမည်။

 ၎င်း၏ စတိုးဆိုင်အများစုသည် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော ကန့်သတ်ချက်များကြောင့် ခြေလျင်သွားလာမှုများကို ကန့်သတ်တားဆီးထားသည့် ကုန်တိုက်များတွင် တည်ရှိသည်ဖြစ်ရာ  Honeys သည် ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကပ်ဘေးကာလတွင် အထိနာခဲ့သည်။

သို့သော် မတ်လတွင် အဆိုပါကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် ဖောက်သည်များ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Eisuke Ejiri က ပြောကြားခဲ့သည်။ ကုမ္ပဏီသည် မေလကုန်တွင် ရောင်းအား ၅ ရာခိုင်နှုန်း တိုးခဲ့သည်။

Honeys သည် COVID လွန်ခေတ်ကို မျှော်မြင်ထားသည့် ၂၀၂၅ ခုနှစ် မေလအထိ လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီသည် မေလတွင် အဆုံးသတ်မည့် ယခု ဘဏ္ဍာရေးနှစ်အတွက် ယန်းငွေ ၅၅ ဘီလီယံဖိုး ရောင်းချရန် လျာထားသည်။ ယခုနှစ် မေလ ပြီးစီးသည့် ယခင် ဘဏ္ဍာရေးနှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ထားသည်။

လုပ်ငန်းလည်ပတ်မှု အမြတ်ကို ၂၀% ကြီးထွားရန် မျှော်မှန်းထားသည်။ ပမာဏ ယန်း ၆ ဘီလီယံ ရရန် ရည်ရွယ်သည်။ ထိုရည်မှန်းချက်များ အောင်မြင်ရရှိရန်အတွက် မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသော ထုတ်လုပ်မှု ပြုရန် Honeys က ဆုံးဖြတ်ခဲ့ပါသည်။

#MyanmarLogisticsGuide 

Published in Local Industry

CMP စနစ်ဖြင့် အထည်ထုတ်လုပ်မည့်လုပ်ငန်း၊ LPG တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ကိုးခုကို ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။


Search Articles