What's new

×

Warning

JUser: :_load: Unable to load user with ID: 845

     ကမ္ဘာ့အလှဆုံး အမျိုးသမီးတွေက ဒီလိုဖက်ရှင်တွေ ဝတ်ကြပါတယ်တဲ့။ ဒီနေ့မှာတော့ ကမ္ဘာ့ပေါ်မှာ ရှိတဲ့ အလှပဆုံး အမျိုးသမီး (၁၀) ယောက် ရဲ့ ဖက်ရှင်တွေကို မျှဝေပေးချင်ပါတယ်။ ဘယ်လို ဖက်ရှင်တွေ ဖြစ်မလဲ ဆိုတာ ဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။

Published in Celebrities

          သင့်ကို အထင်ကြီးရလောက်အောင် အဝတ်အစားကောင်းတွေ ဝတ်ဆင်မယ်ဆိုရင် ဘဝမှာ သင့်အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ အရာတွေရှိပါတယ်လို့ Vivienne Westwood က ပြောခဲ့ပါတယ်။ ဒါပေမယ့် ငြီးငွေ့ဖွယ်ကောင်းပြီး ဟောင်းနွမ်းနေတဲ့ အဝတ်အစားတွေက သင့်ရဲ့ရုပ်သွင်ကို ဖျက်ဆီးစေနိုင်တယ်။ သင်ပြုလုပ်ရမယ့်အကောင်းဆုံးအရာတွေကတော့ ဒီလို အဝတ်အစားတွေကို ဖယ်ရှားပစ်ဖို့ပဲဖြစ်တယ်။ အဝတ်ဗီရိုထဲမှာ ရှိတဲ့ မလိုအပ်တဲ့ အရာတွေကို ရှင်းလင်းသုတ်သင်ဖို့ကို အကြံပြုချင်ပါတယ်။

Published in Tips

          Melina Trump သည် ဆလိုဗေးနီးယားနွယ်ဖွား အမေရိကန်လူမျိုး ဖက်ရှင် မော်ဒယ်ဟောင်းတစ်ဦး ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ၄၅ ဆက်မြောက် အမေရိကန်သမ္မတ Donald Trump ရဲ့ဇနီး ဖြစ်ပါတယ်။ သူမဟာ နိုင်ငံရပ်ခြားမှာ မွေးဖွားခဲ့တဲ့ ပထမဆုံး အမေရိကန် သမ္မတကတော် ပဲဖြစ်ပါတယ်။ သူမကို ဆလိုဗေးနီးယားပြည်နယ် Novo Mesto မြို့ မှာ ၁၉၇၀ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အရပ်ဟာ ၆ပေနီးပါး ရှိပါတယ်။ သူမဟာ အသက် ၁၆ နှစ်အရွယ်မှာ မော်ဒယ်လောကကို စတင်ဝင်ရောက်ခဲ့ပါတယ်။ သူမဟာ Donald Trump နဲ့ ၂၀၀၄ ခုနှစ်မှာ လက်ထပ်ခဲ့တာပဲဖြစ်ပါတယ်။

Published in Celebrities

          ညစာစားပွဲ တက်တော့မယ်ဆိုရင်တော့ လူတွေကြားထဲမှာ ထင်းပြီး ပေါ်လွင်နေဖို့ လိုပါတယ်နော်။ ကိုယ့်အသဲတို့ ဘာဝတ်ရမလဲ စဉ်းစားပြီး ခေါင်းမရှုပ်ရအောင်  Evening Dress ဖက်ရှင်ရောင်စုံကို မျှဝေပေးမှာဖြစ်ပါတယ်။

Published in Designers

          လူတိုင်းလူတိုင်းမှာ ကိုယ်သဘောကျတဲ့ ဖက်ရှင်ဒီဇိုင်းပုံစံလေးတွေ ရှိကြမှာပါ။ အဲ့ဒီအထဲကမှ ဒီဇိုင်းဆန်းဆန်းလေးတွေလဲ ကြိုက်တယ် မြန်မာဝတ်စုံလေးတွေလဲ ဝတ်ချင်တယ်ဆိုတဲ့ ပျိုမေလေးတွေအတွက် ရိုးရာ ချည်ထည် ဖက်ရှင်ဒီဇိုင်းဆန်းလေးတွေကို မျှဝေပေးချင်ပါတယ်။ 

Published in Traditional Dress

        အမြဲတမ်း စမတ်ကျပြီး လှပကျော့ရှင်းနေသူတစ်ဦးဖြစ်တဲ့ အင်ဂျလီနာဂျိုလီဟာ သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ လူသားချင်းစာနာထောက်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အရပ်အမြင့် ၅ ပေ ၆.၅ လက်မ ရှိပြီး အမြဲတမ်း ဖက်ရှင်ကျသူ ဖြစ်ပါတယ်။

Published in Celebrities

        ခရီးသွားရာသီဖြစ်လို့ ခရီးဆောင်အိတ်ထဲမှာ အဝတ်အစား အသုံးအဆောင်တွေကို အလွယ်တကူ ထုတ်ပိုး နိုင်မယ့် နည်းလမ်းကောင်းလေးတွေ အကြံပြုပါရစေ။

Published in Tips

          အမျိုးသမီးတိုင်းဟာ အသက်အရွယ် ပြောင်းလာပေမယ့်လည်း ကိုယ့်ကိုယ်ကို အမြဲတမ်း အသက် 18 နှစ်လို့ ခံစားရပေမယ့် သူမရဲ့ လူမှုရေး နှင့် ဘဝရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေဖြစ်တဲ့ အလုပ်တာဝန်တွေ ၊ အိမ်မှုတာဝန်တွေ ထမ်းဆောင်ရတာကြောင့် ၂ခုလုံး ပြောင်းလဲလာရတာတွေ ရှိပါတယ်။ တကယ်လို့ ဆယ်ကျော်သက် အဝတ်အစားတွေကို ဆင်မြန်းမယ်ဆိုရင် မသင့်လျော်ဘဲ ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါကြောင့် သင့်ကို ငယ်ရွယ်တဲ့ ပုံပေါက်စေပြီး ပေါ်လွင်စေဖို့ စတိုင်ကျစေမယ့် အဝတ်အစားတွေပေါ်မှာ ရင်းနှီးမြှုပ်နှံရန် အရေးကြီးပါတယ်။ စူပါမော်ဒယ်လေးတစ်ယောက်လို တူစေဖို့ ဒီအချက်တွေကို လိုက်နာသင့်ပါတယ်။ ဘာတွေလဲဆိုတာ ကြည့်ရအောင်။

Published in Tips

        အရပ်လည်းရှည်တယ်၊ သွယ်လျတဲ့ ခန္ဓာကိုယ်အချိုးအစားကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုရင် သင်က ဒီစကတ်နဲ့ လိုက်ပါ့မလားဆိုပြီး စိတ်ပူစရာနေစရာမလိုတဲ့ သူတစ်ဦးပါ။ ဒါပေမဲ့ ကိုယ့်ရဲ့ အရပ်အမောင်း၊ ခန္ဓာကိုယ် အချိုးအစားနဲ့ ဖက်ရှင်ကို တစ်ဆင့်မြင့်ချင်တယ်ဆိုရင်တော့ စကတ်ဝတ်မယ်ဆိုတဲ့အခါ Maxi Skirt အမျိုးအစားကို ရွေးချယ်ပြီးဝတ်ဆင်ပါ။

Published in Tips

          သင်က အချိုးအစားလှလှပပနဲ့ ကောက်ကြောင်းထင်းတဲ့ သဲနာရီလို ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပါသလား။ အဖြေက “ပိုင်ဆိုင် ထားပါတယ်။ ကိုယ့်ရဲ့ အားသာချက် ကိုလည်း Highlight လုပ်ချင်ပါတယ်”ဆိုရင် Pencil Skirt တွေက သင့်ရဲ့ သူငယ်ချင်းကောင်းတွေပါပဲ။ ခါး၊ တင် နဲ့ ပေါင်တံတွေတစ်လျှောက် ကွက်တိရှိနေမယ့် စကတ်ပုံစံက သင့်ရဲ့ကောက်ကြောင်းကို အရှိအတိုင်းပေါ်လွင်စေမှာဖြစ်ပါတယ်။ ကိုယ်လုံးလှတယ်လို့ နာမည်ကြီးတဲ့ Kim Kardashian နဲ့ Pencil Skirt တွေကို မကြာ ခဏတွဲဖက်မြင်ရလေ့ရှိပါတယ်။

Published in Tips
Page 49 of 60

Search Articles