What's new



ခမာရုပ်ရှင်မင်းသမီးက 'နတ်မိမယ်ခြုံလွှာ' ထိုင်းမဟုတ်ကြောင်း ငြင်းဆို

ခမာရုပ်ရှင်မင်းသမီးက 'နတ်မိမယ်ခြုံလွှာ' ထိုင်းမဟုတ်ကြောင်း ငြင်းဆို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကမ္ဘောဒီးယား ရုပ်ရှင်မင်းသမီး  Shin Yubin ရဲ့ ၂၀၂၄ ကိန်းရုပ်ရှင်ပွဲတော် ပွဲတက်ဝတ်စုံ "နတ်မိမယ် ခြုံလွှာ' ဟု ထိုင်းဒီဇိုင်းကို ကော်ပီ ယူထားတယ်လို့ လူမ‌ှုကွန်ရက်မှာ စွပ်စွဲဝေဖန်နေကြတာကို ငြင်းဆိုလိုက်ပါတယ်။

.c5-2.jpg

Miss Shin က ဒီဇိုင်းဟာ ကမ္ဘောဒီးယား ဒီဇိုင်းဖြစ်ကြောင်း ဆိုရှယ်မီဒီယာမှာ ရှင်းလင်းတင်ပြပြီး ဖြေရှင်းခဲ့ပါတယ်။

.ဝတ်စုံချုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းအားလုံးကို ပြည်ပမှ တင်သွင်းခဲ့ပြီး ထိုင်းမှတစ်ပါး အခြားနိုင်ငံများမှ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ အထည်သားကို အီတလီမှ နာမည်ကြီး ဈေးကြီး brand တစ်ခုဖြစ်တဲ့ Valentino ထံမှ ရယူခဲ့ခြင်း ဖြစ်ကြောင်း Miss Shin က ပြောကြားပါတယ်။ 

လက်ဝတ်ရတနာတွေ အားလုံး ခမာ စတိုင်လ် ဖြစ်ကြောင်း သူမက ပြောကြားပါတယ်။

.c4-2.jpg

ဒီဇိုင်း ဘယ်ကလာသလဲဆိုတော့ ကမ္ဘောဒီးယား ရှေးဘုရားကျောင်းများမှ စိတ်ကူး ရရှိခဲ့တယ်။ ဒီဇိုင်းမှာ ကမ္ဘောဒီးယား အမျိုးသား ရိုးရာပန်း ဖြစ်တဲ့ romdoul ပါဝင်ကြောင်း သူမက ရှင်းပြပါတယ်။

.


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read 415 times
Rate this item
(0 votes)