What's new



ကဘာယာကို ယူနက်စကို အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အဆိုပြု

ကဘာယာကို ယူနက်စကို အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အဆိုပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့က အမျိုးသမီးဝတ် ဘလောက်စ်အင်္ကျီ ကဘာယာ kebaya ကို ယူနက်စကို အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် အတူတကွ ပူးပေါင်းပြီး အဆိုပြုထားကြသည်။ ၂၀၂၄ ခုနှစ်တွင် အဆုံးအဖြတ် ရရှိမည်။

.

kebaya သည် အရှေ့တောင် အာရှတစ်ဝိုက်ရှိ အမျိုးသမီးများ ဝတ်ဆင်သည့် ရိုးရာဘလောက်စ်အင်္ကျီတစ်မျိုးဖြစ်သည်။

.

 ကဘာယာ၏ ထူးခြားချက်မှာ နိုင်ငံတစ်ခုတည်း၊ ယဉ်ကျေးမှုတစ်ခုတည်းကို ကိုယ်စားပြုသည့် ဝတ်စားဆင်ယင်မှု မဟုတ်ဘဲ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်းနှင့် ထိုင်းနိုင်ငံတို့၏ ရိုးရာအဝတ်အစား ဖြစ်နေခြင်း ဖြစ်သည်။

photo_2023-05-23_09-10-10.jpg

 

 

ကဘာယာသည် ပူပြင်းသောအပူပိုင်းရာသီဥတုနှင့် လိုက်ဖက်သည်။ ပန်းအလှထိုးထားပြီးများသောအားဖြင့် လက်ရှည်ဖြစ်ပြီး၊ ချောင်ချောင်ချိချိ အသားပါးပါး ဘလောက်စ်ဖြစ်ပြီး ကိုယ်ခန္ဓာ အကွေးအကောက် အဖောင်းအကြွများ ပုံပေါ်နေစေသည့် ဘလောက်စ်အင်္ကျီဖြစ်သည်။

.

စက်ချုပ် ကဘာယာတစ်ထည် ၇ ကန်ဒေါ်လာဝန်းကျင်ဖြင့် ရနိုင်သည်။ လက်ချုပ်ဖြင့်  စိတ်တိုင်းကျချုပ်ထားလျှင် ကန်ဒေါ်လာ ၁,၂၀၀ ဝန်းကျင်အထိ ဈေးမြင့်သည်။

.

အင်ဒိုနီးရှားသည် ၁၉၄၅ ခုနှစ်တွင် နယ်သာလန်ထံမှ လွတ်လပ်ရေးကြေညာပြီးနောက် ရာစုနှစ်များစွာ ဝတ်ဆင်လာခဲ့ကြသည့် ကဘာယာကို အမျိုးသမီးများအတွက် ရုိးရာဝတ်စုံအဖြစ် သတ်မှတ်ခဲ့သည်။ 

မလေးရှားတွင် ရုပ်ရှင်သရုပ်ဆောင်တို့ ဝတ်ဆင်ကြရာမှ ရေပန်းစားသွားသည်။

 

photo_2023-05-23_09-09-57.jpg

 

photo_2023-05-23_09-10-01.jpg

 

photo_2023-05-23_09-09-52.jpg

 

စင်ကာပူ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ လေကြောင်းလိုင်းများသည် ၎င်းတို့၏ ယူနီဖောင်းများကို ကဘာယာအပေါ် အခြေခံထားသည်။

Kebaya ကို  အစဉ်အလာအားဖြင့် မင်္ဂလာပွဲများနှင့် ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြသည်။ သို့သော် ယခုအခါ နေ့စဉ် ဝတ်နေကျ အဝတ်အစားအဖြစ် ဝတ်ဆင်လာကြသည်။

အမျိုးသမီးများအဖို့ အသက်အရွယ်မရွေး ကဘာယာ ဝတ်ဆင်နိုင်သည်။ အမြင်တင့်တယ်သည်။

ကဘာယာသည် ကိုယ်လုံးကိုယ်ထည် ပုံပျက်နေသည်ကို ဖုံးကွယ်ပေးထားသည်။ အချိုးကျသည့် ကိုယ်လုံးကိုယ်ထည်ကို မြင်သာစေသည်။

.

kebaya သည် အရှေ့အလယ်ပိုင်းဒေသမှ ပေါက်ဖွားလာသည်ဟု ယူဆရပြီး တစ်ချိန်က အမျိုးသားရော အမျိုးသမီးပါ ဝတ်ဆင်ခဲ့ကြသည်။

အရှေ့တောင် အာရှတစ်လွှားတွင် စတိုင်လ် တစ်ဒါဇင်ကျော်ကို တီထွင်ခဲ့ပြီး အများစုမှာ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ ဖြစ်သည်။

Source thestar

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 415 times
Rate this item
(0 votes)