What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဝတ်အထည်တွေ သစ်လွင်တောက်ပစေမယ့် နည်းလမ်းကောင်းတွေ

အဝတ်အထည်တွေ သစ်လွင်တောက်ပစေမယ့် နည်းလမ်းကောင်းတွေ google

လူတိုင်းရဲ့အ၀တ်ဗီရိုထဲမှာ အ၀တ်ပေါင်းသောင်းခြောက်ထောင်မက ရှိနိုင်ပေမယ့် တကယ်ဝတ်ရအဆင်ပြေပြီး စိတ်တိုင်းကျ နှစ်သက်တဲ့အ၀တ်အစား အရေအတွက်ကတော့ လက်ချိုးရေလို့ ရနိုင်လောက်ပါတယ်။

ကိုယ်အရူးသွပ်ဆုံး အ၀တ်အစားတွေကို အထိခိုက်မခံနိုင်တာက လူတိုင်းရဲ့စိုးရိမ်မှုတစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်အကြိုက်ဆုံး အ၀တ်တွေကို ကြာရှည်ခံပြီး အရည်အသွေးမကျသွားစေဖို့ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းကောင်းလေးတွေကို အားလုံးနဲ့ မျှဝေပေးချင်ပါတယ်။

စနစ်တကျ သိမ်းဆည်းပါ။

keep min

အ၀တ်အထည်တွေရဲ့ ကြာရှည်ခံမှုဟာ သိမ်းဆည်းကိုင်တွယ်တဲ့ပုံစံပေါ်မှာလည်း မူတည်ပါတယ်။ အ၀တ်တွေကို သူ့အမျိုးအစားနဲ့သူ စနစ်တကျ သပ်သပ်ရပ်ရပ် သိမ်းဆည်းတတ်ပါမှ သူ့ရဲ့အရည်အသွေးက ကြာရှည်ခံနိုင်မှာပါ။ ဥပမာ – သိုးမွေးလို ဆွယ်တာတွေ၊ အင်္ကျီတွေကို ချိတ်နဲ့ ချိတ်ပြီးသိမ်းမယ်ဆိုရင် သူ့ရဲ့အလေးချိန်ကြောင့် အင်္ကျီက ရွဲလာတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သေချာလေး ခေါက်ပြီး သိမ်းတာမျိုးက သိုးမွေးထည်လိုဆွယ်တာတွေနဲ့ ပိုသင့်တော်ပါတယ်။ တကယ်လို့ အ၀တ်တွေကို ဗီရိုထဲမှာ ခေါက်သိမ်းလေ့ရှိတယ်ဆိုရင်လည်း ဗီရိုတစ်ခုလုံး ကျပ်ညပ်နေတဲ့အထိ ထိုးသိပ်ထည့်ထားတာမျိုးကို ရှောင်ကျဉ်သင့်ပါတယ်။ အ၀တ်အထည်တွေဟာ လေ၀င်လေထွက် ကောင်းကောင်းမရဘဲ ညပ်သိပ်နေအောင် သိမ်းထားခံရတဲ့အတွက် တွန့်ကြေပြီး ပုံပျက်တာမျိုးတွေ ဖြစ်နိုင်သလို အရောင်လွင့်တာ၊ တစ်ထည်နဲ့တစ်ထည် ရောယှက်ညှိထွေးပြီး ပျက်စီးကုန်တာတွေ ဖြစ်စေနိုင်ပါတယ်။ ချိတ်လေးတွေနဲ့ချိတ်ပြီး သိမ်းဆည်းတတ်သူဆိုရင်တော့ အင်္ကျီချိတ်ကောင်းကောင်းတွေ အသုံးပြုဖို့လိုတာကိုလည်း သတိပြုသင့်ပါတယ်နော်။

အရောင်ရင့်တွေကို ပြောင်းပြန်လှန်ပြီးမှ လျှော်ပါ။

bright dress min

အမည်းရောင်ဘလောက်စ်တွေ၊ အမည်းရောင်ဂျင်းတွေနဲ့ အခြားသော အရောင်ရင့်အ၀တ်တွေကို အမြဲတမ်း ပြောင်းပြန်လှန်ပြီးမှ လျှော်သင့်ပါတယ်။ အကြောင်းက အခြားအ၀တ်တွေနဲ့ ရောလျှော်တဲ့အခါ အ၀တ်အချင်းချင်း ပွတ်တိုက်မှုကြောင့် အရောင်လွင့်နိုင်လို့ပဲ ဖြစ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အ၀တ်တွေအများကြီးကို တစ်ခါတည်း ရောလျှော်တာမျိုးကိုလည်း ရှောင်သင့်ပါတယ်။ နည်းနည်းချင်းစီ ခွဲလျှော်တာက အညစ်အကြေး၊ အစွန်းအထင်းတွေကိုလည်း ပိုပြီးလွယ်လွယ်ကူကူနဲ့ သန့်ရှင်းစေနိုင်သလို အ၀တ်တွေရဲ့အရည်အသွေးကိုလည်း ထိခိုက်မှုအနည်းဆုံး ဖြစ်စေပါတယ်။

အရောင်ခွဲလျှော်ပါ။

different clothes min

အ၀တ်အစားတွေနဲ့ ပတ်သက်လို့ စိတ်အညစ်ရဆုံး ကိစ္စတစ်ခုကတော့ အ၀တ်တစ်ထည်နဲ့တစ်ထည် အရောင်တွေကူးတာ၊ အရောင်ကျွတ်တာနဲ့ အရောင်တွေ စွန်းထင်းတာပါပဲ။ အချို့သော အ၀တ်တွေဟာ ၀ယ်လာပြီးပြီးချင်း ပထမဆုံးအကြိမ် လျှော်တဲ့အခါ အရောင်ကျွတ်တတ်ပါတယ်။ ဒါကို သတိမပြုမိဘဲ အခြားအ၀တ်တွေနဲ့ ရောလျှော်မိမယ်ဆိုရင် ကံဆိုးချင်တဲ့အခါ ကိုယ်အကြိုက်ဆုံး အင်္ကျီလေးကို အရောင်တွေစွန်းသွားစေတာမျိုးက ရည်းစားနဲ့လမ်းခွဲလို့ အသည်းကွဲရတဲ့ ခံစားချက်ထက် ပိုခံစားရခက်တတ်ပါတယ်။ ဒါကြောင့် အ၀တ်လျှော်တဲ့အခါ အရောင်နု၊ အရောင်ရင့်၊ အဖြူဆိုပြီး သပ်သပ်စီ လျှော်တာမျိုးက ပိုပြီးကောင်းပါလိမ့်မယ်။

ဝတ်စားဆင်ယင်တဲ့အခါ သင့်ကို မသပ်မရပ်ဖြစ်စေနိုင်တဲ့ အချက်(၇)ချက်

သင့်အကြိုက်ဆုံးအင်္ကျီလေး အစွန်းတွေစွန်းသွားတဲ့အခါ …

stain clothes min

ကိုယ်နဲ့အဆင်ပြေဆုံး၊ အကြိုက်ဆုံးအ၀တ်မျိုးဆိုရင် တစ်ခါတစ်လေမှာ ကြံဖန်ပြီး ပျက်စီးတတ်တာမျိုး ကြုံဖူးကြမှာပါ။ ကော်ဖီသောက်ရင်း၊ ညစာစားရင်း မထင်မှတ်ဘဲ အင်္ကျီပေါ် ဖိတ်စင်သွားတဲ့အခါ ၀တ်ထားတုန်းမှာလည်း စိတ်အနှောင့်အယှက်ဖြစ်ရသလို အဲ့သည့်အ၀တ်ကို လျှော်တဲ့အခါမှာလည်း “အစွန်းကြီးနဲ့ သွားပါပြီ”ဆိုတဲ့ ခံစားချက်မျိုးနဲ့ နှမြောတသ ဖြစ်ကြရပါတယ်။ ဒါကြောင့် အစွန်းစွန်းသွားပြီဆိုရင် တတ်နိုင်သလောက် အမြန်ဆုံး အစွန်းကို ရေနဲ့အရင်ဆေးကြောသင့်ပါတယ်။ ရေနဲ့မဆေးဘဲ တစ်သျှူး၊လက်ကိုင်ပ၀ါတွေနဲ့ ပွတ်သုတ်တာမျိုးကိုတော့ ရှောင်ကျဉ်သင့်ပါတယ်။ အ၀တ်ရဲ့အပေါ်ယံမှာ တင်ကျန်နေတဲ့အစွန်းတွေဟာ အ၀တ်ရဲ့အတွင်းပိုင်းအထိ စိမ့်ဝင်ပြီး ပိုစွဲတဲ့အစွန်းတစ်ခုဖြစ်သွားစေတဲ့အပြင် ချွတ်ရလည်းပိုခက်စေတာကြောင့် ဖြစ်ပါတယ်။
အစွန်းချွတ်ဆေးနဲ့ ချွတ်တဲ့အခါမှာလည်း အစွန်းကွက်နေရာတစ်ဝိုက်မှာ အဖြူကွက်ကြီးလို ဖြစ်သွားတတ်တာကများတာကြောင့် သတိထားပြီး ချွတ်သင့်ပါတယ်။ အကောင်းဆုံးကတော့ အစွန်းအထင်းတွေကို အလွယ်တကူနဲ့ သန့်စင်စေပြီး အ၀တ်အထည်ရဲ့ အရည်အသွေးကို မထိခိုက်စေတဲ့ ဆပ်ပြာမှုန့်မျိုးနဲ့ လျှော်လိုက်တာပါပဲ။

 

Source:shwemom

Read 1369 times
Rate this item
(1 Vote)