What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဝတ်နေကျဘရာကို စွန့်ပစ်ရမယ့် လက္ခဏာ ၄ ချက်

ဝတ်နေကျဘရာကို စွန့်ပစ်ရမယ့် လက္ခဏာ ၄ ချက် google

          ဘရာဆိုတာ အထဲမှာ ၀တ်တာ၊ လူမြင် တာမှ မဟုတ်တာ ဆိုပြီး မပေါ့ဆ သင့်ပါဘူး နော်။ ဘရာ ကောင်းကောင်း တစ်ထည်ဟာ နှစ်လရှည်ကြာ မပျက်စီးပေမဲ့လည်း ယိုယွင်း သွားတတ်တာကို သတိမူမိဖို့ လိုပါတယ်။ ဘယ်လိုတွေ ယိုယွင်းနေရင် စွန့်ပစ်ရမှာလဲဆိုတာနဲ့ ပတ်သက်လို့ သေသေချာချာ မသိဘူးဆိုရင် အခု ပြောပြမယ့် အချက် ၄ ချက်နဲ့ စစ်ဆေးကြည့်သင့်ပါတယ်နော်။

          အ၀တ်အစားဆိုတာ လှပတင့်တယ်ဖို့အပြင် စိတ်ချမ်းသာဖို့ ကိုယ်ခန္ဓာကျန်းမာဖို့အတွက်လည်း အရေးကြီးပါတယ်။ အ၀တ်အစားတွေကို တစ်နှစ်လောက်ကြာမှ ၀တ်ဖို့ သင့်မသင့် တစ်ခါလောက် စစ်ဆေးကြည့်ဖြစ်တယ်ဆိုရင်မဆိုးပါဘူး။ အကောင်းဆုံးကတော့ ၃ လ တစ်ကြိမ်လောက် စစ်ဆေးကြည့်သင့်ပါတယ်။ အဲဒီလို စစ်ဆေးတဲ့အခါ အခုပြောပြမယ် လက္ခဏာ ၄ ချက်ကိုလည်း ပျိုမေလေးတွေရဲ့ ဘရာတွေမှာ စစ်ဆေးကြည့်သင့်ပါတယ်နော်။ဒီနည်းလမ်းတွေနဲ့ ကိုယ့်မှာ ရှိနေတဲ့ ဘရာတွေထဲက ဘယ်ဟာတွေကို စွန့်ပစ်ရမလဲဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။

၁ တင်းတင်းရင်းရင်း မဖြစ်တော့ဘူးဆိုရင်

          ဘရာတွေက ပျိုမေလေးတွေရဲ့ ရွှေရင်နှစ်မွှာကို ထိန်းပေးပင့်ပေးထားကြဖို့ သူတို့မှာ ရုန်းပြန်သတ္တိ elasticity ရှိကြပါတယ်။ ဘရာကြိုးတွေမှာ ရုန်းပြန်သတ္တိ ပါပါတယ်။ ကာလကြာလာတဲ့အခါ ရုန်းတဲ့သတ္တိ လျော့ကျတယ်။ ရေလျှော်ဖန်များရင် လျော့ရဲရဲ ဖြစ်လာမယ် နောက်ကျောမှာ ချိတ်ကို ချိတ်တဲ့အခါ တင်းမနေတော့ဘူးဆိုရင် ရှေ့ဘက်မှာ ရင်သားကို ပင့်တင်ပေးတဲ့အား လျော့ကျနေလိမ့်မယ်။ ဒီတော့ ရင်သားတွေကို ပုံမပျက်အောင် ထိန်းပေးထားနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ဆင့်ချိတ်၊ နှစ်ဆင့်ချိတ်၊ သုံးဆင့်ချိတ် ပါတယ်ဆိုရင် အကျပ်ဖြစ်စေမယ့် ချိတ်ကို ပြောင်းချိတ်တယ်။ ဒါပေမဲ့လည်း အရင်လို တင်းတင်းရင်းရင်း မရှိတော့ဘူးဆိုရင် အဲဒီဘရာဟာ ဟောင်းသွားပါပြီ။ စွန့််လွှတ်လိုက်ပါတော့။


၂။ ရင်သား အရွယ်အစား ပြောင်းတယ်ဆိုရင်
          အခုကိစ္စက ဘရာကြောင့် ဖြစ်ရတာ မဟုတ်ဘူး။ ရင်သားက အရွယ်အစား ပြောင်းလဲတာ၊ ပုံပန်းပြောင်းလဲတာကြောင့် ၀တ်နေကျ ဘရာနဲ့ အဆင်မပြေတော့တာ ဖြစ်ပါတယ်။ အရင်ကတော့ အံကိုက်ပဲ၊ အခုတော့ ကျပ်ထုပ်စည်းသလို ဖြစ်နေတယ်ဆိုရင် အသားစိုင်က အပြင်ကို ရုန်းထွက်လာမယ် ဇက်ကြောတက်လာမယ် ရင်စည်းကြိုးက ရေပြင်ညီအတိုင်း ဖြစ်မနေတော့ဘူး သုံးဆင့်ချိတ်မှာ အချောင်ဆုံးဖြစ်မယ့် ချိတ်ကို တပ်ထားတော့ ဘရာကြိုးက အသားထဲ နစ်ဝင်နေမယ် အဲဒီလိုဆိုရင်လည်း ဘရာက မဟောင်းသေးပေမဲ့ အဲဒီဘရာဟာ ကိုယ့်အတွက် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရင်သားကြီးထွားမှုကို အဟန့်အတား ဖြစ်စေနိုင်ပါတယ်။ ဒီကြောင့် စွန့်ပစ်လိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။

၃။ စိတ်ထဲ မသက်သာဘူးဆိုရင်
          ကိုယ်ဝတ်တဲ့ဘရာအပေါ် ကိုယ့်စိတ်ထဲ မသက်မသာ ဖြစ်နေမိရင်လည်း အဲဒီဘရာကို မ၀တ်သင့်တော့ပါဘူး။ အရောင်ကြောင့် မကြိုက်တာ ဖြစ်ချင်ဖြစ်မယ်။ စတိုင်လ်ကြောင့် မကြိုက်တာ ဖြစ်ချင်ဖြစ်မယ်။ ဇာဘရာကို လျှော်ဖန်များလို့ အမြင်မလှတော့တာကြောင့် မ၀တ်ချင်တာ ဖြစ်ချင်ဖြစ်မယ်။ နောက်တစ်မျိုးက အရေပြား ယားယံတာ၊ နီမြန်းတာမျိုးတွေ ကြုံရတာကြောင့် စိတ် မသက်မသာ ဖြစ်နေတယ်ဆိုရင် အဲဒီဘရာကို စွန့်လွှတ်လိုက်ပါတော့ပြီး အသစ်တစ်ထည်ထပ်ဝယ်သင့် နေပါပြီ။

၎။ ပုံပျက်ပန်းပျက် ဖြစ်နေပြီဆိုရင်

          ဘရာဆိုတာက ရင်သားအလှကို ထိန်းကျောင်းပေးတာမို့ ဘရာကို ရေလျှော်ဖန်များပြီး ရေညှစ်တာ၊ လှန်းတာ၊ ထားသိုတာတွေမှာ အထာမကျရင် ပုံပျက်သွားတတ်ပါတယ်။ အဲ့လို အချိန်မှာ ဆိုရင် ဘရာဟာ သင့်ရဲ့ ရင်သားနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူး။ ဟာနေတဲ့နေရာ၊ တင်းကျပ်နေတဲ့နေရာတွေ ရှိနေတယ်ဆိုရင် အဲ့ဒီဘရာက ရင်သားအလှကို ထိန်းပေးဖို့ မဖြစ်နိုင်တော့တဲ့အပြင် ရင်သားကိုပါ ပုံပျက်အောင် တစ်နေ့လုံး ပုံသွင်းနေပါလိမ့်မယ်။ ဘရာဆိုတာက ပုံပျက်သွားရင် နောက်တစ်ထည် လဲလိုက်လို့ရတယ်။ ရင်သားတွေက အဲလိုလုပ်လို့မှ မရတာ။ ဒီတော့ အဲဒီဘရာကို ဘာလို့ သံယောဇဉ်တွယ်နေမလဲ။ အဲဒီဘရာကို စွန့်လွှတ်လိုက်ပါတော့။


အကြံပေးချင်တာက ဘရာထိန်းသိမ်းနည်း ၄ ချက်ကို လိုက်နာဖို့ပါပဲ။

Read 1222 times
Rate this item
(0 votes)
Tagged under