What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အမြဲတမ်း စတိုင်ကျနေဖို့ ထောက်ပံ့ကူညီပေးမယ့် အရာများ

အမြဲတမ်း စတိုင်ကျနေဖို့ ထောက်ပံ့ကူညီပေးမယ့် အရာများ google

ပျိုမေလေးတွေရဲ့ ဖက်ရှင်က အမြဲ အမိုက်စား ဖြစ်နေဖို့ဆို အဝတ်အစားတစ်ခုပဲ လန်းနေရုံနဲ့ မလုံလောက်ပါဘူး။ တခြား သတိမထား မိသေးတဲ့ အချက်တွေလဲ ရှိပါသေးတယ်။

ဥပမာ- ဦးထုပ်၊ ခါးပတ်၊ ဖိနပ်၊ အတွင်းခံအင်္ကျီ၊  တွဲဖက်ဝတ်ဆင်မယ့်အရောင် စတာတွေကလဲ အရေးကြီးတဲ့အထဲမှာ ပါဝင်ပါတယ်။

ဒီနေ့မှာတော့ ပျိုမေလေးတွေ ဖက်ရှင်နဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) ဦးထုပ်ကို အလှပဆုံး ဆောင်းချင်ရင် ဦးထုပ် အရောင်ကို ကိုယ့်အဝတ်တစ်ခုခုနဲ့ လိုက်ဖက်အောင်လုပ်ပါ။ ကုတ်အင်္ကျီ၊ လည်စည်း၊ ဒါမှမဟုတ် ဘောင်းဘီနဲ့ ဖြစ်ဖြစ်ပေါ့။

(၂) အသားကပ်ဘောင်းဘီက အဆင်ဒီဇိုင်းတွေနဲ့ဆိုရင်တော့ အင်္ကျီကို အရောင်ခပ်မှိန်မှိန်တွေနဲ့တွဲဝတ်ပါ။ အစိမ်း၊အဝါ၊အနီ၊အပြာဆိုလည်း နည်းနည်းအရောင်ဖျော့တာကိုရွေးပါ။

Read: ဖက်ရှင်နဲ့ ပတ်သက်ပြီး သတိထားရမယ့်အချက်များ

(၃) အလုပ်ခွင်မှာ ဖက်ရှင်ကျနေစေဖို့ အလုပ်ပေါ်မူတည်ပြီး accessories လေးတွေ၊ ဒေါက်မြင့်ဖိနပ်လေးတွေ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့အိတ်လေးတွေကို အဆင်ပြေသလို ဝတ်ကြည့်ပါ။

(၄) အမြဲတမ်း စမတ်ကျနေချင်တယ်ဆိုရင်တော့ အောက်ခံအင်္ကျီတွေကို သေသေချာချာဝတ်ပါ။ ရင်သားသေးသူတွေက ပင့်တင့်ပေးတဲ့အောက်ခံမျိုး အုံထူတာမျိုး ဝတ်သင့်ပါတယ်။

(၅) အင်္ကျီအထဲထည့်ဝတ်ရတဲ့ပုံစံကို နှစ်သက်ရင် ခါးပတ် ပတ်သင့်ပါတယ်။ သင့်ရဲ့ဖက်ရှင်ပုံစံပြည့်စုံနေစေဖို့ ခါးပတ်နဲ့ဖိနပ်တွေ တွဲစပ်မိနေပါစေ။

Source: LifeStyle Mirror

Myanmar Textile and Garment Directory

Read 2492 times
Rate this item
(2 votes)
Tagged under