What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာ သန်းထွေးအောင်ရဲ့ ပြောင်မြောက် သေသပ်လှတဲ့ ဖန်တီးမှုလေး

ဒီဇိုင်နာ သန်းထွေးအောင်ရဲ့ ပြောင်မြောက် သေသပ်လှတဲ့ ဖန်တီးမှုလေး facebook

မြန်မာ အွန်လိုင်းစာမျက်နှာများတွင် နိုင်ငံခြားမှ အနုပညာရှုင် အတတ်ပညာရှုင်များ၏ ဖန်တီးမှုပြောင်မြောက်သော အနုပညာလက်ရာများ ပြန့်နှံ့လာသည့်အခါ အားလုံးက အထင်ကြီးလေးစားကြသည်။

နိုင်ငံခြားမှ ယင်းသို့ဖန်တီးမှုများကို မြန်မာသတင်း မီဒီယာများက ဘာသာပြန်ကာ ဖော်ပြလေ့ရှိကြသည်။

သို့သော်လည်း မြန်မာတွေ ကိုယ်တိုင်လည်း ဖန်တီမှု အရည်အသွေးများ ပြောင်မြောက်စွာ ရှိနေကြောင်းကို သတင်းလေးတစ်ပုဒ် ဖော်ပြလိုပါတယ်။

ဒီဇိုင်နာ သန်းထွေးအောင်ရဲ့ ပြောင်မြောက် သေသပ်လှတဲ့ ဖန်တီးမှုလေးတွေက အံ့မခန်းအောင် ရှိလှပါတယ်။

y1yd2

၎င်း၏ အကောင့်ပေါ်တွင် ချစ်စဖွယ် ဖန်တီးမှုလေးများ တင်ထားသည်ကို တွေ့ရသည်။

အရုပ်ငယ်ကလေးများကို သေသပ်လှပသည့် အင်္ကျီလေးများ ချုပ်လုပ် ဖန်တီးပေးပြီး သူ့ရဲ့စာမျက်နှာမှာ တင်ထားတာဖြစ်ပါတယ်။

ခုဆိုရင် အရုပ်ကလေးများအတွက်ဖက်ရှင် အ၀တ်လေးတွေက စုံစုံလင်လင်ရှိနေပါပြီ။

r1r2

ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဒီဇီုင်နာ သန်းထွေးအောင်အောင်ကို မေးမြန်းထားပါတယ်။ သူဟာ ယခုချိန်မှာ ကိုရီးယားနိုင်ငံတွင်ရောက်ရှိနေပီး အားသည့် အချိန်များတွင် အ၀တ်လေးတွေ ချုပ်နေတာပါ။ ရန်ကုန်သို့ ပြန်ရောက်သော် ဒီဇိုင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်မှာဖြစ်ကြောင်းသိရပါတယ်။ 

-အကို ဒီအရုပ်လေးတွေအတွက် ချုပ်ဖို့ဘယ်လိုစိတ်ကူးရခဲ့ပါလဲ။

အစတုန်းကတော့ တတ်လောက်​​လေး ဒီဇိုင်လေးတွေ ဆွဲဖြစ်ပါတယ် နောက်​​တော့ အရုပ်လေးတွေတာနဲ့ ချစ်လိုဝယ်လိုက်တာပါ အရုပ်လေးကို လေ့လာထားသမျှ ချူပ်​​ပေးခဲ့ပါတယ် အစပိုင်​​တော့ ရိုးရိုး လေးတွေ ပါ တဖြေးဖြေး ချူပ်လာရင်းနဲ့ မိသားစုကရော သူငယ်ချင်း များကဘအာပေးကြတော့ ထပ်ချူပ်ဖြစ်တာပါ။

m1m2

-Barbie အရုပ်လေးတွေလိုမျိုးအကို အနေနဲ့ ကလေးတွေ အတွက် ကစားဖို့ဈေးကွက်လုပ်သွားမလား မြန်မာကထွက်တဲ့ အရုပ် ဖက်ရှင် လေးတွေပေါ့။

ကျွန်​​တော် လဲ ငယ်ငယ်​​တုန်းက အရုပ်လေးတွေ အကျီ ချုပ်​​ပေးခဲ့ပါတယ် လွယ်သလိုပေါ့ ကလေးတွေ အတွက်လုပ်ပေးချင်ပါတယ် လူဒီဇိုင်နာ လုပ်မလား အရုပ်ဒီဇိုင်နာနဲ ရပ်တည်မလားဆိုတာ ကျွန်​​တော်စဉ်စားနေတုန်းပါ။

blue1blue2

-အဲ့လို အရုပ်တွေကိုချုပ်ရတာခက်ခဲလား ။လူတယောက်ကို ချုပ်ပေးတာနဲ့ ဘယ်လိုကွာလဲ။

လူတစ်​​ယောက်ချုပ်​​ပေးတာနဲ့ ချူပ်နီးကတော့ အတူတူ ပါပဲ ကွာတာက ကကျွန်​​တော်အရုပ်လေးက ကိုရီးယား မှာ ကလေးဆော့တဲ့အရုပ်​​လေးပါ ဒီဇိုင်း နာ အရုပ်မဟုတ်ပါဘူး သူအရပ်က 11လက်လောက်ပဲရှိတယ် ကိုယ်လုးံလေးကလဲ အရမ်ေ သးတယ် လက်​​​​လေးတွေက သေးတယ် လက်ဖြုတ်မရတော့ ပိုခတ်ခဲ့တယ် အင်္ကျီကသေးတော့ ဝတ်တာနဲ့ ဖြဲကုန်တာ​​တွေလဲ ရှိပါတယ် အားလုးံကို လက်နဲ့ ချူပ် တာပါ စက်ချူပ်တာနဲ့ ပတ်သက်တဲ့ ပစ္စည်တွေ ဘာမှာမရှိပါဘူး အပ်ရယ်အပ်ချည်ရယ် ပိတ်လေးတွေက. ဈေးမှာ လက်ကိုင်ပါဝါ လက်သုတ်ပ၀ါ အခန်းစီလိုက်ကာ ရေစစ် ကလစ်ကအစ အကုန်လိုအပ်တာ ဝယ်ပြီး ချုပ်​​ပေးဖြစ်ပါတယ်

wd1wd2

-ဒီဇိုင်းတွေနဲ့ ပတ်သတ်ပြီးဘယ်လိုလေ့လာဖြစ်လဲ။

2014မှာ ကိုရီးယား E.P.Sအရေအချင်းစစ်စာမေးပွဲဖြေဆိုခဲ့ပါတယ် အခု2017မှာ ခေါ်စာကျလို့အလုပ်လာလုပ်​​နေတာပါ ။ဒီဇိုင်း သင်ယူနေတယ်ဆိုမဟုတ်ပါဘူး အားတဲ့အချိန်မှာ့ လေ့လာပြီး လေ့ကျင့်ပြီး ကြိုးစားနေဆဲပါ

ld1ld2

-တိုးတက်နေတဲ့ခေတ်ထဲမှာ ဖက်ရှင်ကဘယ်လောက်အရေးကြီးပါသလဲ။

ဖက်ရှင်ကတော့ လူတစ်​​ယောက်အတွက်​​တော့ အေ'ရးပါတယ်လိုမြင်တယ် လူတိုင်းကလဲ ဖက်ရှင်ကလဲနေရာတိုင်းမှာ သူနေရာနဲ့သူ အရေးပါတယ် ကျွန်​​တော် လဲဖက်ရှင်ကို နစ်သက်ဘောကြပါတယ်

brown 1brown 2

-တက်သစ်စဒီဇိုင်နာတွေကို အကြံပေးစကားပြောပေးပါဦး။

တတ်သစ်စ ဒီဇိုင်းနာတွေနဲ့ ကျွန်​​တော်နဲ့ အတူတူပါပဲ ကျွန်​​တော် လဲ ကြိုးစားလေ့လာပြီး လေ့ကျင်နေတာပါ ကြိုးစားချစ်စိတ်ရှိရင် တစ်​​နေ့အောင်မြင်မှာ မလွဲပါဘူး အဓီက. ကစိတ်ဓာတ်ပါပဲလွယ်လွယ်​​လေးနဲ့ စိတ်ဓာတ်အကျပါနဲ့ လိုပြောချင်ပါတယ်

တိတ်စိတ်စွာကြိုးစားပါ အောင်မြင်တဲ့အခါ ဆူညံသွားပါလိမ့်မယ် ....ကျွန်​​တော် ကြိုက်တဲ့စာသားလေးပါ..ကျေးဇူးပါဗျာ။

20914757 1933780753544157 7133061440463388937 n20953426 1933780843544148 8310653970985039779 n

20841087 1933330803589152 1108910111118374617 n20842186 1933350843587148 1904517153455976025 n

g218485844 1886561998266033 6899479797337562018 n

Read 3384 times
Rate this item
(2 votes)