What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာဦး၏ စက်ချုပ်သင်တန်းများ Aprilလ တွင် စတင်ပါပြီ

ဒီဇိုင်နာဦး၏ စက်ချုပ်သင်တန်းများ Aprilလ တွင် စတင်ပါပြီ google

စက်ချုပ် ဝါသနာပါသူ များနှင့် ဒီဇိုင်နာ ဖြစ်လိုသူများအတွက် စက်ချုပ်သင်တန်းလေး တစ်ခုကို ညွှန်းပေးချင်ပါတယ်ရှင်။

အခြေခံမရှိသူများ တက်ရောက်နိုင်သော တန်းခွဲများမှာ

(၁) အမျိုးသမီးဝတ် မြန်မာဝတ်စုံ (အခြေခံ)

- မြန်မာအင်္ကျီ ရင်ဖုံး ၊ ရင်စေ့
- ထမီ ၅မျိုး

(၂) စကပ် (အခြေခံ)

- အခြေခံ စကပ်ပုံစံ ၁၀ မျိုး

(၃) ရှပ်အင်္ကျီ (ကျား/မဝတ်)

- အမျိုးသားဝတ် ရှပ်အင်္ကျီ (လက်ရှည်)
- အမျိုးသမီးဝတ် ရှပ်အင်္ကျီ (လက်တို)

(၄) စတိုင်ပန် (ကျား/မဝတ်)

- အမျိုးသားဝတ် စတိုင်ပန်
- အမျိုးသမီးဝတ် စတိုင်ပန်

တန်းခွဲ တစ်ခုချင်းစီ၏
သင်တန်းကာလမှာ ( ၁ ) လ ဖြစ်ပါတယ်။
၁ပတ်လျှင် ၃ ရက်
၁ရက်လျှင် ၃ နာရီ
စုစုပေါင်း ၁၂ ရက် ( ၃၆ ) နာရီ တက်ရောက်ရမှာပါ။

သင်တန်းချိန်များမှာ
အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသာပတေး ၊ စနေ ၊ တနင်္ဂနွေ
နေ့စဉ် ၁၀နာရီ မှ ၁နာရီ
နေ့လည် ၃နာရီ မှ ၆နာရီ ထိ
မိမိနှင့် အဆင်ပြေမည့် အချိန်ကို ရွေးချယ် တက်ရောက်နိုင်ပါသည် ။

တန်းခွဲ တစ်ခုလျှင် သင်တန်းကြေး ၃သိန်း ဖြစ်ပါသည် ။ လူဦးရေ ကန့်သတ်ထား ပါသည်။

Read: ရုံးသွားတဲ့အခါ မဝတ်ဆင်သင့်တဲ့ ဖက်ရှင်များ

 

(အခြေခံတန်း တက်ရောက်ပြီးသူများ) တက်ရောက်နိုင်သော တန်းခွဲ တွေကတော့


(၅) အမျိုးသမီးဝတ် ဘလောက်စ်အင်္ကျီ အမျိုးမျိုး

အမျိုးသမီးဝတ် ဘလောက်အင်္ကျီ ပုံစံအမျိုးမျိုး ကို မိမိအမြင်ရှိသလို ချုပ်တတ်စေရန်
လည်ပင်းပုံစံ ၊ လက်ပုံစံ ၊ ကော်လံပုံစံ ၊ ဒေါက်ယူနည်း ၊ ဖစ်တင် အမျိုးမျိုး တစ်ပိုင်းစီ၏ သဘောတရားကို သေချာနားလည်အောင် သင်ကြားပေးပါသည် ။
(မြန်မာဝတ်စုံတန်းခွဲအပြီးတက်ရောက်ရန်သင့်တော်ပါသည်)

(၆) အမျိုးသမီးဝတ် CASUAL mini dress များ

ထသွားထလာဝတ်ဆင်နိုင်သော ဂါဝန်ပုံစံ ၁၀မျိုး
(စကပ်တန်းခွဲအပြီး တက်ရောက်ရန် သင့်တော်ပါသည်)

(၇) ကုတ်အင်္ကျီ (ကျား/မဝတ်)(အတွင်းချော)

- အမျိုးသား နှင့် အမျိုးသမီးဝတ် ကုတ်အင်္ကျီ
- အမျိုးသားဝတ် ဝတ်စကုတ်အင်္ကျီ

တန်းခွဲ တစ်ခုချင်းစီ၏
သင်တန်းကာလမှာ ( ၂ ) လ ဖြစ်ပါသည် ။
၁ပတ်လျှင် ၂ ရက်
၁ရက်လျှင် ၃ နာရီ
စုစုပေါင်း ၁၆ရက် ၄၈ နာရီ တက်ရောက်ရပါမည် ။

သင်တန်းချိန်များမှာ
အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသာပတေး ၊ စနေ ၊ တနင်္ဂနွေ
နေ့စဉ် ၁၀နာရီ မှ ၁နာရီ
နေ့လည် ၃နာရီ မှ ၆နာရီ ထိ
မိမိနှင့် အဆင်ပြေမည့် အချိန်ကို ရွေးချယ် တက်ရောက်နိုင်ပါသည် ။

တန်းခွဲ တစ်ခုလျှင် သင်တန်းကြေး ၅သိန်း ဖြစ်ပြီးတော့ လူဦးရေ ကန့်သတ်ချက်ရှိပါတယ်။

သင်တန်းအကြောင်းစုံစမ်းချင်ရင်တော့ ဖုန်းနံပါတ် 09458885499 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။ သင်တန်းလိပ်စာကတော့ အမှတ် ၅၁၄(က)၊ ၁၁ရပ်ကွက်၊ ၁၃လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့ (ရတနာလမ်း နှင့် သုမင်္ဂလာလမ်းထောင့် ၁၄ ၁၅ လမ်းဆုံ စည်ပင်ကားပါကင် ဘေးလမ်း) မှာ ဖြစ်ပါတယ်။
သင်တန်းသို့ ကိုယ်တိုင် လာရောက် စုံစမ်းချင်ရင်တော့ ဖုန်းကြိုဆက်ပေးဖို့ လိုအပ်ပါတယ်နော်။

Source: The Dressmaker Sewing Classes By Oo

Myanmar Textile and Garment Directory

Read 2246 times
Rate this item
(0 votes)