ရှေးယခင်ထဲက အိမ်ထောင်ရှင်အမျိုးသမီးတွေဟာ အိမ်မှုကိစ္စတွေအပြင်လက်မှုပညာရပ်တွေကိုပါအလုံးစုံမဟုတ်ရင်တောင်အများစုကတက်မြောက်တတ်ကြပါတယ်။
လက်မှုပညာတခုတက်မြောက်ထားတာကလဲအမျိုးသမီးတယောက်အတွက်အသက်မွေးမှုပညာတခုပါ။
အိမ်ထောင်ကျပြီးထဲက အိမ်ထောင်မှုတာဝန်တွေနဲ့ ပြည့်နေပေမယ့် အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်သူကတော့ မအေးချမ်းမြေ့ကျော်ပါ။
သူကလက်မှုပညာတခုတော့ တတ်မြောက်ထားပါတယ်။ ဒီပညာရပ်ကတော့ သိုးမွှေးတချောင်ထိုးပညာပါ။ဒီပညာရပ်နဲ့ အခုဆိုအွန်လိုင်းကနေသင်ကြားပေးသလိုအိမ်မှာလဲသင်ကြားပေးနေသူပါ။
သူမက 4တန်းနှစ်လောက် ကသိုးမွှေးထိုးပညာကိုစသင်ခဲ့ပြီး အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဒီပညာကို ဆက်လက်လေ့လာခဲ့ပါတယ်။
အရုပ် အကျီ အိတ် ပုဝါ ဦးထုပ် စားပွဲခင်း ခြုံထည် ဖိနပ် စသည်ဖြင့်ပေါ့ အများကြီးဖန်တီးလို့ရပါတယ်။
လိုအပ်တာက အဓိက ကတော့ ချည်နဲ့အပ် ပါပဲ။
သိုးမွှေးချည် မှမဟုတ်ပဲ တချောင်းထိုးအတွက် ချည်အမျိုးအစားတွေအများကြီးအသုံးပြုနိင်ပါတယ်။
ဈေးကွက်တော့ မဖြန့်ဖြစ်ဘူး။ အော်ဒါ အပ်တဲ့သူတွေတော့ရှိတယ်။သင်တန်းနဲ့ အိမ်မှုကိစ္စနဲ့ မအားတာကြောင့်ရော လက်က အရမ်းအလုပ်ပေးလို့မရတာကြောင့် လက်မခံဖြစ်ခဲ့ဘူး။
သင်တန်းလိပ်စာက အမှတ် ၁၁၈ ၃လွာ အခန်း ၁၂၂ စိန်ပန်းမြိုင်လမ်း ကံဘဲ့ဘူတာဈေးနား ရန်ကင်းပါ။
ဈေးနှုန်းတွေကတော့ 30000 - 80000 ထိ ရှိတယ်Basic နဲ့ Advanceခွဲထားတာပါ။
လက်မှုပညာဆိုတာ တချောင်းထိုးမှမဟုတ်ပါဘူး။ ဘယ်လိုပညာမျိုးမဆို တက်မြောက်ထားတာအကောင်းဆုံးပါပဲ။
အိမ်တွင်းမှု အနေနဲ့ပဲဖြစ်ဖြစ် တနိုင်စီးပွားရေးလုပ်ချင်လို့ပဲဖြစ်ဖြစ် သင်ယူရလွယ်ကူတဲ့ပညာပါ။
နိုင်ငံတကာမှာ Handmade ဆိုတာကို တန်ဖိုးထားလက်ခံနေကြတဲ့အချိန်မှာ မြန်မာနိုင်ငံမှာလဲ ဒီလက်မှုပညာတွေကို အမြတ်တနိုး သင်ကြားခွင့်ရခဲ့တာ။
ပြန်လည်ဝေမျှပေးခွင့်ရတာကိုပဲ ကျေနပ်ပါတယ်။