What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အွန်လိုင်းဈေးကွက်မှာ ချည်ကြမ်းထည်တွေဝင်လာပြီ

အခု နောက်ပိုင်းမှာတော့ အွန်လိုင်းရှော့ပင်လုပ်ကိုင်နေသူ တော်တော်များများ ချည်ကြမ်းတွေနဲ့ ရက်လုပ်ထားတဲ့ အထည်တွေကို ရောင်းချတာများလာပြီး အွန်လိုင်းဈေးကွက်တစ်ခုအဖြစ် ရပ်တည်လာတာ တွေ့ရပါတယ်။


အရင်တုန်းကဆိုရင်တော့ ချည်ကြမ်းထည်တွေကို ဈေးတွေမှာသာ ပုံရောင်းကြတာများပါတယ်။ ချည်ထည်တွေကိုဆိုရင် ဂါဝန်တွေ၊ အင်္ကျီ ဘောင်းဘီဝမ်းဆက်တွေစတဲ့ လူကြီးဝတ်တွေမှာ ဆိုရင်တော့ အမျိုးသမီးဝတ်တွေကို ချုပ်လုပ်ရောင်းချတာဖြစ်ပြီး ကလေးဝတ်တွေမှာဆိုရင်တော့ ယောကျာ်းလေး မိန်းကလေးဝတ်တွေကို ရနိုင်မှာဖြစ်ပါတယ်။
အရင်တုန်းကတော့ ဒီလိုချည်ထည်တွေကို ချုပ်တဲ့ဒိုင်ကြီးတွေမှာ အများဈေးနဲ့ ဝယ်ယူကြရတာဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့ အွန်လိုင်းမှာပါ တင်ပြီး ရောင်းချလာတာကြောင့် ပိုပြီးအဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အွန်လိုင်းကနေ ချည်ထည်တွေကို ရောင်းချနေတဲ့ မတင့်က ' အရင်တုန်းကတော့ ဒီအထည်တွေက ဈေးတွေရဲ့ဆိုင်ကြီးမှာတောင် တင်ရောင်းတာနည်းတယ်၊ လမ်းဘေးမှာရောင်းတဲ့ဆိုင်တွေမှာ သွားဝယ်တယ်ဆိုရင် အဆင်စုံ၊ ဒီဇိုင်းစုံ မရနိုင်ဘူးလေ၊ အခုနောက်ပိုင်းအွန်လိုင်းမှာတင်ပြီးရောင်းတော့ လူတွေလဲ ပိုပြီးသဘောကျစိတ်ဝင်စားတယ်၊ လက်ခံလာလာကြတယ်၊ တကူးတကရှာပြီး သွားဝယ်စရာမလိုတော့ဘူးဆိုတော့ ဝယ်တဲ့သူတွေ၊ ဝတ်တဲ့သူတွေအတွက်လဲအဆင်ပြေတယ်' လို့ပြောတယ်။
အခုနောက်ပိုင်း အွန်လိုင်းမှာ သည်လိုအထည်တွေကို ရောင်းချလာတယ်ဆိုတာကတော့ တစ်နိုင်တစ်ပိုင် အနေနဲ့ ဈေးကွက်ချဲ့ချင်တဲ့သူတွေက သူတို့တွေရဲ့ရောင်းတဲ့ကုန်ပစ္စည်းတွေကို အွန်လိုင်းကနေတစ်ဆင့် လူသိအောင် ပြုလုပ်ကြတာလည်းဖြစ်ပါတယ်။
အွန်လိုင်းမှာ တင်ပြီးရောင်းတယ်ဆိုတာ လိုချင်တဲ့သူတွေလည်း လွယ်လွယ်ကူကူ ရှာဖွေပြီး ဝယ်ယူနိုင်တာကြောင့် ပိုပြီးအဆင်ပြေနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။တစ်ထည်ချင်းမှာယူတယ်ဆိုရင်တော့ ပို့ခတွေနဲ့ဈေးနှုန်းတွေက ပြောင်းလဲနိုင်တာဖြစ်တာကြောင့် လက်ကားပြန်လည်ဝယ်ယူတယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသမီးဝတ် ချည်ဘောင်းဘီရှည် အင်္ကျီလက်ရှည်ဝမ်းဆက်တွေရဲ့ ဈေးနှုန်းကတော့ ၂၃ဝဝ လောက်သာရှိတာဖြစ်ပြီး ကလေးဝတ်အထည်တွေဆိုရင်တော့ ဝမ်းဆက်ကို ၁၅ဝဝ လောက်သာရှိတာဖြစ်တယ်လို့ သိရပါတယ်။တစ်ထည်ချင်းမှာတာထက်ကို အများဈေးနှုန်းနဲ့ဝယ်ယူတယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

Source:modern

Read 1344 times
Rate this item
(0 votes)