What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဆပ္ကန္ထ႐ုိက္ ဘာလုိ႔ ေပးၾကသလဲ ဆပ်ကန်ထရိုက် ဘာလို့ ပေးကြသလဲ

(Zaw+Uni)အ၀တ္အစား ခ်ဳပ္လုပ္တာကုိ ဆပ္ကန္ထ႐ုိက္ေပးၾကတာ အေၾကာင္းအမ်ဳိးမ်ဳိးရွိတယ္။

အဲဒီအေၾကာင္းအမ်ဳိးမ်ဳိးအရ လုိအပ္ေနတာကုိ ျဖည့္ဆည္းေပးႏုိင္ရင္ ဆပ္ကန္ထ႐ုိက္တာ အလုပ္ကုိ ကုိယ့္လုပ္ငန္းအတြက္ ရယူႏုိင္မွာ ျဖစ္တယ္။

ဘယ္အေၾကာင္းတရားက ကုိယ့္လုပ္ငန္းနဲ႔ အကုိက္ဆုံးလဲဆုိတာ ခ်င့္ခ်ိန္ၾကရတယ္။ အကုိက္ဆုံးလုိ႔ ဆုိတာမွာ ေငြေရးေၾကးေရးအရ အကုိက္ဆုံးကုိ ဦးစားေပးတာ ရွိသလုိ ကုိယ့္အထည္ခ်ဳပ္စက္႐ုံမွ ခ်ဳပ္လုပ္ေပးႏုိင္ပုံနဲ႔ အကုိက္ဆုံးကုိ ဦးစားေပးတာလည္း ရွိတယ္။ အဲဒီႏွစ္ခ်က္ကုိ မွ်မွ်တတျဖင့္ ခ်ိန္ညိႇၿပီး လုပ္ၾကရတာေတြလည္း ရွိတယ္။

တစ္ႏွစ္တာပတ္လည္အတြက္ ေအာ္ဒါပမာဏ အဆင္ေျပေျပျဖင့္ ရဖုိ႔ဆုိတာ မေသခ်ာဘူး။ ဒီေတာ့ အထည္ခ်ဳပ္စက္႐ုံ ထူေထာင္တဲ့အခါ တစ္ႏွစ္တာ ပ်မ္းမွ်ေအာ္ဒါ အေရအတြက္အေပၚ အေျခခံၿပီး တြက္ဆၾကတယ္။ ဒီေတာ့ ေအာ္ဒါေတြ စုၿပဳံက်လာရင္ မႏုိင္ေတာ့ဘူး။ အဲဒီအခါ ဆပ္ကန္ထ႐ုိက္တာကုိ အလုပ္ေတြ ခြဲေပးၿပီး ခ်ဳပ္လုပ္ခုိင္းတယ္။
တခ်ဳိ႕က်ေတာ့ သူရတဲ့ စုစုေပါင္းေအာ္ဒါပမာဏထဲမွ တခ်ဳိ႕တ၀က္ကုိ ဆပ္ကန္ထ႐ုိက္တာထံ အလုပ္အပ္ႏွံၿပီး ခ်ဳပ္ခုိင္းတယ္။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႔ အထည္ခ်ဳပ္စက္႐ုံကုိ ႏုိင္ႏုိင္နင္းနင္း လုပ္ႏုိင္တဲ့ အရြယ္အစားမွာပဲ ထားတယ္။ ေအာ္ဒါပမာဏ ရတဲ့အတုိင္းအတာကုိ အမီခ်ဳပ္ႏုိင္မယ့္ စက္႐ုံအရြယ္အစားဆုိရင္ သူ လုပ္ႏုိင္ကုိင္ႏုိင္ထက္ အတုိင္းအတာထက္ ေက်ာ္ေနလုိ႔ သူက မလုပ္ဘူး။ ေျမေဈးက ႀကီးလြန္းအားႀကီးေတာ့ ေနရာအလုံအေလာက္ ယူထားဖုိ႔မွာတင္ အကုန္အက်က ႀကီးမားေနၿပီ။ အေဆာက္အဦ ေဆာက္လုပ္ရမယ့္စရိတ္၊ ျပဳျပင္ထိန္းသိမ္းရမယ့္ စရိတ္၊ ခ်ဳပ္ဖုိ႔ ျဖတ္ဖုိ႔ စက္ေတြ ထားဖုိ႔ အရင္းအႏွီး စတာေတြကုိ သူ႔အင္အားနဲ႔ ႏုိင္ႏုိင္နင္းနင္း ရွိသေလာက္သာ သူလုပ္ကုိင္တာ ျဖစ္ပါတယ္။
brands ေတြက်ေတာ့ ေငြလုံးေငြရင္း ရွိတယ္။ ဒါေပမဲ့ ကုိယ္တုိင္လုပ္ရင္ ထုတ္လုပ္မႈ စရိတ္စက ႀကီးမားမွာမုိ႔ မလုပ္ဘဲ ဆပ္ကန္ထ႐ုိက္ေတြ ထားၿပီး လုပ္ၾကတယ္။ ကုန္ၾကမ္းျဖစ္တဲ့ အထည္အလိပ္၊ ဆက္စပ္ပစၥည္း စတာေတြ အကုန္လုံးကုိ brand က စီစဥ္ေပးၿပီး ျဖတ္တာ ခ်ဳပ္တာ ထုပ္ပုိးတာကုိ ဆပ္ကန္ထ႐ုိက္ေတြထံ အလုပ္အပ္ႏွံၿပီး ခ်ဳပ္လုပ္ ထုပ္ပုိးခုိင္းလုိက္တယ္။ ဒီေတာ့ ကုန္ၾကမ္းပစၥည္းရဲ႕ အရည္အေသြး ထိန္းခ်ဳပ္မွႈက brand ရဲ႕ လက္ထဲမွာ ရွိေနတယ္။ ခ်ဳပ္လုပ္ထုပ္ပုိးဖုိ႔အတြက္သာ ရင္းျမစ္ျပဳရာ အထည္ခ်ဳပ္စက္႐ုံေတြကုိ ထားရွိတယ္။ အစမွ အဆုံးတုိင္ လုပ္ကုိင္ရတဲ့ FOB order မ်ဳိးေတြကုိ မလုပ္ၾကဘူး။
ေနာက္တစ္ခု ေရွာင္လႊဲလုိတာက အလုပ္သမားကိစၥ။ အလုပ္သမားေတြ ဆႏၵျပတာ အထည္ခ်ဳပ္ေလာကမွာ ျဖစ္႐ုိးျဖစ္စဥ္ျဖစ္ေနတယ္။ အဲဒီအတြက္ ေခါင္းမခဲခ်င္ဘူး။ ဒီေတာ့ စက္႐ုံမတည္ေဆာက္ဘူး။ စက္႐ုံေထာင္ရင္ အလုပ္သမား ျပႆနာက ေခါင္းခဲရမယ္။ ဆပ္ကန္ထ႐ုိက္ေတြကုိပဲ ျဖတ္တာ၊ ခ်ဳပ္တာ၊ ထုပ္ပုိးတာ ၀န္ေဆာင္မႈ cutting, make and pack services ေတြ လုပ္ခုိင္းတယ္။ အဲဒီေတာ့ ေကာင္းခ်က္က brands ေတြက ဒီဇုိင္းထုတ္တာ၊ ခ်ဳပ္ၿပီးသား အ၀တ္အစားေတြကုိ သူတုိ႔ရဲ႕ လက္လီဆုိင္ေတြမွာ ေရာင္းခ်တာတုိ႔ကုိ စူးစုိက္လုပ္ကုိင္လုိ႔ ရေနေစတယ္။

ဆပ္ကန္ထ႐ုိက္တာ ထားရွိလုပ္ကုိင္တဲ့အတြက္ အရည္အေသြးစံကုိ ထိန္းဖုိ႔ ျပႆနာ ရွိတတ္တယ္။ ဒါေပမဲ့ အရည္အေသြး စစ္ေဆးထိန္းေက်ာင္းတဲ့ နည္းလမ္းေတြ အသုံးျပဳၿပီး အထည္ခ်ဳပ္စက္႐ုံေတြရဲ႕ အရည္အေသြးစံေတြကုိ ထိန္းေက်ာင္းေပးထားၾကတယ္။

အခုလုိ သေဘာ၀ဘာ၀ေတြ ရွိတာမုိ႔ အထည္ခ်ဳပ္ေလာကမွာ ဆပ္ကန္ထ႐ုိက္ေပးတဲ့ လုပ္ထုံးလုပ္နည္းက ရွိေနတယ္။ ဆပ္ကန္ထ႐ုိက္တာ အလုပ္ကုိ ဘယ္ကေန ရႏုိင္မလဲ ဆုိတာကလည္း အဲဒီ သေဘာသဘာ၀ေတြအရ စဥ္းစားၾကည့္လုိ႔ ရပါတယ္။
ျပည္ပပုိ႔ကုန္အျဖစ္ ခ်ဳပ္လုပ္ေနတဲ့ ထုတ္လုပ္သူေတြထံမွ ခြဲေ၀ေပးတာကုိ ရႏုိင္တယ္။
Brands ေတြထံမွ ရႏုိင္တယ္။ cut-make-pack orders ေတြကုိ ဆပ္ကန္ထ႐ုိက္တာေတြ ရၾကပါတယ္။
ဖက္ရွင္ဒီဇုိင္းနာေတြထံမွလည္း ရႏုိင္ပါတယ္။ လုိအပ္တာေတြ အကုန္၀ယ္ေပးၿပီး ခ်ဳပ္ခုိင္းေလ့ရွိတယ္။ အေရအတြက္ အနည္းငယ္ကုိပဲ အကန္႔အသတ္နဲ႔ ထုတ္ၾကတဲ့ ဒီဇုိင္းနာေတြကလည္း ဆပ္ကန္ထ႐ုိက္တာေတြကုိ သုံးၾကတယ္။

Unicode

ဆပ်ကန်ထရိုက် ဘာလို့ ပေးကြသလဲ

အဝတ်အစား ချုပ်လုပ်တာကို ဆပ်ကန်ထရိုက်ပေးကြတာ အကြောင်းအမျိုးမျိုးရှိတယ်။ အဲဒီအကြောင်းအမျိုးမျိုးအရ လိုအပ်နေတာကို ဖြည့်ဆည်းပေးနိုင်ရင် ဆပ်ကန်ထရိုက်တာ အလုပ်ကို ကိုယ့်လုပ်ငန်းအတွက် ရယူနိုင်မှာ ဖြစ်တယ်။
ဘယ်အကြောင်းတရားက ကိုယ့်လုပ်ငန်းနဲ့ အကိုက်ဆုံးလဲဆိုတာ ချင့်ချိန်ကြရတယ်။ အကိုက်ဆုံးလို့ ဆိုတာမှာ ငွေရေးကြေးရေးအရ အကိုက်ဆုံးကို ဦးစားပေးတာ ရှိသလို ကိုယ့်အထည်ချုပ်စက်ရုံမှ ချုပ်လုပ်ပေးနိုင်ပုံနဲ့ အကိုက်ဆုံးကို ဦးစားပေးတာလည်း ရှိတယ်။ အဲဒီနှစ်ချက်ကို မျှမျှတတဖြင့် ချိန်ညှိပြီး လုပ်ကြရတာတွေလည်း ရှိတယ်။

တစ်နှစ်တာပတ်လည်အတွက် အော်ဒါပမာဏ အဆင်ပြေပြဖြေင့် ရဖို့ဆိုတာ မသေချာဘူး။ ဒီတော့ အထည်ချုပ်စက်ရုံ ထူထောင်တဲ့အခါ တစ်နှစ်တာ ပျမ်းမျှအော်ဒါ အရေအတွက်အပေါ် အခြေခံပြီး တွက်ဆကြတယ်။ ဒီတော့ အော်ဒါတွေ စုပြုံကျလာရင် မနိုင်တော့ဘူး။ အဲဒီအခါ ဆပ်ကန်ထရိုက်တာကို အလုပ်တွေ ခွဲပေးပြီး ချုပ်လုပ်ခိုင်းတယ်။
တချို့ကျတော့ သူရတဲ့ စုစုပေါင်းအော်ဒါပမာဏထဲမှ တချို့တဝက်ကို ဆပ်ကန်ထရိုက်တာထံ အလုပ်အပ်နှံပြီး ချုပ်ခိုင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ အထည်ချုပ်စက်ရုံကို နိုင်နိုင်နင်းနင်း လုပ်နိုင်တဲ့ အရွယ်အစားမှာပဲ ထားတယ်။ အော်ဒါပမာဏ ရတဲ့အတိုင်းအတာကို အမီချုပ်နိုင်မယ့် စက်ရုံအရွယ်အစားဆိုရင် သူ လုပ်နိုင်ကိုင်နိုင်ထက် အတိုင်းအတာထက် ကျော်နေလို့ သူက မလုပ်ဘူး။ မြေဈေးက ကြီးလွန်းအားကြီးတော့ နေရာအလုံအလောက် ယူထားဖို့မှာတင် အကုန်အကျက ကြီးမားနပြေီ။ အဆောက်အဦ ဆောက်လုပ်ရမယ့်စရိတ်၊ ပြုပြင်ထိန်းသိမ်းရမယ့် စရိတ်၊ ချုပ်ဖို့ ဖြတ်ဖို့ စက်တွေ ထားဖို့ အရင်းအနှီး စတာတွေကို သူ့အင်အားနဲ့ နိုင်နိုင်နင်းနင်း ရှိသလောက်သာ သူလုပ်ကိုင်တာ ဖြစ်ပါတယ်။
brands တွေကျတော့ ငွေလုံးငွေရင်း ရှိတယ်။ ဒါပေမဲ့ ကိုယ်တိုင်လုပ်ရင် ထုတ်လုပ်မှု စရိတ်စက ကြီးမားမှာမို့ မလုပ်ဘဲ ဆပ်ကန်ထရိုက်တွေ ထားပြီး လုပ်ကြတယ်။ ကုန်ကြမ်းဖြစ်တဲ့ အထည်အလိပ်၊ ဆက်စပ်ပစ္စည်း စတာတွေ အကုန်လုံးကို brand က စီစဉ်ပေးပြီး ဖြတ်တာ ချုပ်တာ ထုပ်ပိုးတာကို ဆပ်ကန်ထရိုက်တွေထံ အလုပ်အပ်နှံပြီး ချုပ်လုပ် ထုပ်ပိုးခိုင်းလိုက်တယ်။ ဒီတော့ ကုန်ကြမ်းပစ္စည်းရဲ့ အရည်အသွေး ထိန်းချုပ်မှုက brand ရဲ့ လက်ထဲမှာ ရှိနေတယ်။ ချုပ်လုပ်ထုပ်ပိုးဖို့အတွက်သာ ရင်းမြစ်ပြုရာ အထည်ချုပ်စက်ရုံတွေကို ထားရှိတယ်။ အစမှ အဆုံးတိုင် လုပ်ကိုင်ရတဲ့ FOB order မျိုးတွေကို မလုပ်ကြဘူး။
နောက်တစ်ခု ရှောင်လွှဲလိုတာက အလုပ်သမားကိစ္စ။ အလုပ်သမားတွေ ဆန္ဒပြတာ အထည်ချုပ်လောကမှာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်နေတယ်။ အဲဒီအတွက် ခေါင်းမခဲချင်ဘူး။ ဒီတော့ စက်ရုံမတည်ဆောက်ဘူး။ စက်ရုံထောင်ရင် အလုပ်သမား ပြဿနာက ခေါင်းခဲရမယ်။ ဆပ်ကန်ထရိုက်တွေကိုပဲ ဖြတ်တာ၊ ချုပ်တာ၊ ထုပ်ပိုးတာ ဝန်ဆောင်မှု cutting, make and pack services တွေ လုပ်ခိုင်းတယ်။ အဲဒီတော့ ကောင်းချက်က brands တွေက ဒီဇိုင်းထုတ်တာ၊ ချုပ်ပြီးသား အဝတ်အစားတွေကို သူတို့ရဲ့ လက်လီဆိုင်တွေမှာ ရောင်းချတာတို့ကို စူးစိုက်လုပ်ကိုင်လို့ ရနေစေတယ်။

ဆပ်ကန်ထရိုက်တာ ထားရှိလုပ်ကိုင်တဲ့အတွက် အရည်အသွေးစံကို ထိန်းဖို့ ပြဿနာ ရှိတတ်တယ်။ ဒါပေမဲ့ အရည်အသွေး စစ်ဆေးထိန်းကျောင်းတဲ့ နည်းလမ်းတွေ အသုံးပြုပြီး အထည်ချုပ်စက်ရုံတွေရဲ့ အရည်အသွေးစံတွေကို ထိန်းကျောင်းပေးထားကြတယ်။

အခုလို သဘောဝဘာဝတွေ ရှိတာမို့ အထည်ချုပ်လောကမှာ ဆပ်ကန်ထရိုက်ပေးတဲ့ လုပ်ထုံးလုပ်နည်းက ရှိနေတယ်။ ဆပ်ကန်ထရိုက်တာ အလုပ်ကို ဘယ်ကနေ ရနိုင်မလဲ ဆိုတာကလည်း အဲဒီ သဘောသဘာဝတွေအရ စဉ်းစားကြည့်လို့ ရပါတယ်။
ပြည်ပပို့ကုန်အဖြစ် ချုပ်လုပ်နေတဲ့ ထုတ်လုပ်သူတွေထံမှ ခွဲဝေပေးတာကို ရနိုင်တယ်။
Brands တွေထံမှ ရနိုင်တယ်။ cut-make-pack orders တွေကို ဆပ်ကန်ထရိုက်တာတွေ ရကြပါတယ်။
ဖက်ရှင်ဒီဇိုင်းနာတွေထံမှလည်း ရနိုင်ပါတယ်။ လိုအပ်တာတွေ အကုန်ဝယ်ပေးပြီး ချုပ်ခိုင်းလေ့ရှိတယ်။ အရေအတွက် အနည်းငယ်ကိုပဲ အကန့်အသတ်နဲ့ ထုတ်ကြတဲ့ ဒီဇိုင်းနာတွေကလည်း ဆပ်ကန်ထရိုက်တာတွေကို သုံးကြတယ်။

 

Read 1086 times
Rate this item
(0 votes)