What's new



အရှေ့တောင် အာရှ ချုပ်ထည် တင်ပို့မှုများ လျော့ကျ

အရှေ့တောင် အာရှ ချုပ်ထည် တင်ပို့မှုများ လျော့ကျ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အရှေ့တောင် အာရှရှိ အဓိက ချုပ်ထည်နှင့် ဖိနပ်ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည်  ယခုနှစ်တွင် အမေရိကန်သို့ တင်ပို့သည့်ပမာဏ ကျဆင်းသွားသည်ကို တွေ့မြင်ရပြီး အထည်ချုပ်လုပ်ငန်းကဏ္ဍ ကျွမ်းကျင်သူများက ရှေ့တွင် ဆိုးရွားလာမည်ဟု သတိပေးထားသည်။ ငွေကြေးဖောင်းပွမှု မြင့်မားလာကာ စားသုံးသူများ၏ အသုံးစရိတ်များ မြင့်တက်လာခြင်းကြောင့် အဝတ်အထည် ဝယ်ယူနိုင်စွမ်း လျော့ကျနေသည်ဟု ၎င်းတို့က ပြောကြားသည်။

.

ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ထုတ်လုပ်သည့် အထည်နှင့် ဖိနပ်များ အမေရိကန်သို့  တင်ပို့မှုသည် ယခုနှစ် ပထမလေးလအတွင်း တန်ဖိုးအားဖြင့် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကြား ကျဆင်းခဲ့သည်။

 .

ဉရောပသို့ တင်ပို့မှုတွင်လည်း နှေးစပြုလာပြီ ဖြစ်သည်။ ဥရောပသို့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ် တင်ပို့မှုသည် ယခုနှစ် ပထမလေးလအတွင်း တန်ဖိုးအားဖြင့် ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

ကမ္ဘောဒီးယား

အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွား ကုန်ပစ္စည်းများအပေါ် မှီခိုနေရသည့် ကမ္ဘောဒီးယားနိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း ပို့ကုန်စုစုပေါင်း ၃၀ ရာခိုင်နှုန်း ကျဆင်းသွားသည်။

 Textile, Apparel, Footwear & Travel Goods Association in Cambodia (TAFTAC)မှ အထွေထွေ အတွင်းရေးမှူး Ken Loo က အခြေအနေ ယုတ်လျော့ခြင်းသည် ပြီးခဲ့သောနှစ်တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး ဆက်လက်ယုတ်လျော့နေနိုင်ဖွယ်ရှိသည်ဟု ပြောကြားသည်။

လုပ်သား ၇၀၀,၀၀၀ ကျော်ကို အလုပ်ခန့်ထားသည့် ဒေါ်လာ ၁၁ ဘီလီယံ တန်ဖိုးရှိသည့် ကမ္ဘောဒီးယား အထည်ချုပ်ကဏ္ဍတွင် သိသိသာသာ အလုပ်အကိုင် လျော့ကျသွားခြင်း မရှိသေးပေ။

"ရင်းနှီးမြှုပ်နှံသူအသစ်တွေ ရှိနေတော့ စုစုပေါင်း အနေဖြင့် အလုပ်အကိုင် အရေအတွက်က  အတော်လေး တည်ငြိမ်အောင် ထိန်းထားနိုင်ပါတယ်" ဟု Ken Loo က ပြောကြားသည်။

အမေရိကန်ဈေးကွက်သို့  အကောက်ခွန်မဲ့ တင်သွင်းခွင့် ပေးသည့် GSP(Generalized System of Preferences) သက်တမ်းကုန်သွားသည်ကို အမေရိကန် ကွန်ဂရက်က သက်တမ်းထပ်တိုးမပေးသည့်အတွက်ကြောင့် ခရီးသွား အသုံးအဆောင်များ အမေရိကန်သို့ တင်ပို့မှု လျော့ကျခဲ့သည်ဟု ၎င်းက ပြောကြားသည်။

မြန်မာ

 

အထည်ချုပ်ကဏ္ဍသည် ကိုဗစ်ကြောင့် ထိခိုက်ခဲ့ပြီး ရှေ့ဆင့်နောက်ဆင့်မှာ စစ်တပ်က အာဏာသိမ်းယူမှုကြောင့် ထိခိုက်ခဲ့သော်လည်း  မြန်မာနိုင်ငံမှ အမေရိကန်နှင့် ဥရောပဈေးကွက်များသို့ တင်ပို့မှုမှာ အနည်းငယ် တည်ငြိမ်‌နေသည်။

 

နိုင်ငံတကာအဝတ်အထည်များနှင့် အထည်ချုပ်ကုမ္ပဏီများသည် စစ်အစိုးရလက်အောက်ရှိ လူ့အခွင့်အရေးနှင့် အလုပ်သမားအခြေအနေများအပေါ် စိုးရိမ်ပူပန်မှုများကြောင့် မြန်မာနိုင်ငံသို့ အမှာစာများ ရုပ်သိမ်းခြင်း၊ ကန်ထရိုက်ပေးထားသော အထည်ချုပ်လုပ်ငန်းများနှင့် ဆက်မလုပ်တော့ခြင်းများ ဖြစ်ပေါ်နေသည်။

ဘင်္ဂလားဒေ့ရှ်

Bangladesh Denim Expo and Bangladesh Apparel Exchange (BAE) ကို တည်ထောင်သူ  အထည်ချုပ်စက်ရုံ မန်နေဂျင်းဒါရိုက်တာ Mostafiz Uddin ၏ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ် အခြေအနေမှာ ကျဆင်းနေသည်။ အမှာစာများ လျော့ကျနေသည်။ စက်ရုံတော်တော်များများတို့သည် စွမ်းဆောင်ရည်အပြည့်အဝဖြင့် မလည်ပတ်နိုင်ကြချေ။ အလုပ်သမားများ အလုပ်ချိန် လျော့နည်းလာသည်။ အချန်ပို ဆင်းရသည့်နာရီများ လျော့ကျသည်။

“အဲဒါက လအနည်းငယ်ကြာတဲ့အထိ ဆက်ဖြစ်နေဦးမှာ။ လက်လီရောင်းချသူ အများအပြားက လက်ထဲ ရှိနေတဲ့ ပစ္စည်းလက်ကျန်တွေကို ရှင်းထုတ်ကြနေကြဆဲ ဖြစ်ပါတယ်'" ဟု ၎င်းက ပြောကြားသည်။

အမေရိကန်တွင် အဓိကအမှတ်တံဆိပ်များသည် ရောင်းအားကျဆင်းနေသဖြင့် ဝန်ထမ်းဦးရေ လျှော့ချနေကြသည်။

 

အမေရိကန် အဝတ်အထည် လက်လီရောင်းချသူ Gap က ဧပြီလတွင်  အလုပ်အကိုင် ၁၈၀၀ ခန့်ကို ဒုတိယအသုတ် လျှော့ချမည်ဟု ကြေညာခဲ့သည်။

 

ဆွီဒင်မှ အဝတ်အစား ကုမ္ပဏီကြီး H&M သည် အလုပ်သမား ၁,၅၀၀ ကို ဖြတ်တောက်မည်ဟု နိုဝင်ဘာလတွင် ကြေညာခဲ့သည်။

Source Asia nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 403 times
Rate this item
(0 votes)