What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခြေတံသေးသွယ်လှပစေအောင် အ၀တ်အစားရွေးချယ်သင့်လဲ???

ခြေတံသေးသွယ်လှပစေအောင် အ၀တ်အစားရွေးချယ်သင့်လဲ??? google

ပျိုမေတို့ရဲ့ခြေတံလေးတွေ သွယ်စင်းနေတာက ပိုပြီးတော့စမတ်ကျကျနဲ့ အဆင့်မြင့်မြင့်လှနေစေမှာပဲဖြစ်ပါတယ်။ ပျိုမေတို့ရဲ့ ခြေတံလေး ပြည့်ပြည့်ဖောင်းဖောင်းဖြစ်နေလို့ စိတ်ပျက်နေလား။ အခု ပျိုမေတို့အတွက် ခြေတံလေးတွေသွယ်လျလှပနေအောင် ဘယ်လိုအ၀တ်အစားလေးတွေကို ရွေးချယ်သင့်လဲ ကြည့်ရအောင်နော်။

၁။ ခြေတံတွေကို ဖုံးမထားမိစေဖို့

ပျိုမေတို့ရဲ့ ခြေတံလေးတွေကို အုပ်နေမဲ့ ဘောင်းဘီရှည်တို့ စကပ်ရှည်တို့ ၀တ်တာကို ရှောင်ကြည်ပြီး စကတ်အတို၊ ဘောင်းဘီအတိုလေးတွေကို ၀တ်ခြင်းက ခြေတံလေးကို ပေါ်လွင်စေမဲ့အပြင် သေးသွယ်တယ်လို့ ထင်နေစေမှာပဲဖြစ်ပါတယ်နော်။

skirt

၂။ ခါးစည်းလေးတွေပါတဲ့ ဘောင်းဘီ၊ စကတ်လေးတွေကို ၀တ်ပါ

ဒီလိုခါးစည်းပါတာလေးတွေဝတ်တာက ခါးကိုပိုပြီးသေးသွယ်စေတဲ့အပြင် ခြေတံလေးကိုလည်း ပိုသွယ်လျစေပါတယ်။ ခါးလေးသေးသွားတဲ့အတွက် ခန္ဓာကိုယ်အောက်ပိုင်းကိုပိုပြီး ရှည်နေတယ်ထင်စေရပါတယ်နော်။

fashion women high waist flared skirt for

၃။ အစင်းကြောင်းပါတဲ့ အ၀တ်တွေကိုရွေးချယ်ပါ

ဒေါင်လိုက်အစင်းကြောင်းတွေပါတဲ့ စတပ်တွေ ဘောင်းဘီတွေကို ၀တ်ဆင်ခြင်းက ခြေတံပိုပြီး သွယ်လျစေပြီးတော့ အမြင်အာရုံကိုပြောင်းလဲစေနိုင်ပါတယ်နော်။

34284641 216640965786060 3703137321055420416 n

၎။ စကတ်နဲ့ ဂါဝန်တိုလေးတွေကို ၀တ်ပါ

အမြဲတမ်းစကတ်အရှည်၊ ဘောင်းဘီအရှည်တွေကို ၀တ်နေတော့ သင့်ရဲ့ခြေတံလေးတွေကို မလှပဘူးလို့ထင်ယောင်မိမှာပါနော်။ ဒါကြောင့် စကတ်တိုလေးတွေ၊ ဂါဝန်တိုလေးတွေဝတ်ပြီး သင့်ရဲ့ ခြေတံလေးသေးသွယ်လှပတယ်ဆိုတာ ထုတ်ဖော်လိုက်ပါနော်။

skirt 1

၎။ အသားရောင်ရှုးဖိနပ်၊ ဒေါက်ဖိနပ်တွေကို ရွေးချယ်ပါ

အသားရောင်ဖိနပ်ဟာဆိုရင် ခြေထောက်နဲ့အရောင်တူတာဖြစ်တဲ့အတွက် ခြေတံပိုရှည်တယ်လို့ မျက်စိကိုလှည့်စားနိုင်ပါတယ်နော်။ ဒါပေမဲ့ ခြေချင်းတွေတော့မ၀တ်မိအောင်သတိထားပါနော်။

shoe

Myanmar Textile & Garment Directory

Read 1364 times
Rate this item
(1 Vote)