What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကိုရီးယားနိုင်ငံ၏ IMEMINE မှ ခန္ဓာကိုယ်အပြည့် အရွယ်အစား တိုင်းတာနိုင်သည့်စနစ် တီထွင်

Korean start-up IMEMINE သည် ဖက်ရှင်အမှတ်တံဆိပ်နှင့် ကိုက်ညီမည့်အရွယ်အစားကို တိုင်းတာရန်အတွက် SizeMine ဟု ခေါ်သည့် ကိုယ်ပိုင်အရွယ်အစား မရှိသည့် app တစ်ခု တီထွင်နေပါတယ်။ SizeMine သည် စမတ်ဖုန်းကို သုံး၍ ပုံတစ်ပုံတည်းဖြင့် တိုင်းတာနိုင်တယ်။

 

ဖောက်သည်များအတွက်လည်း ကိုယ့်အရွယ်အစားနှင့် လိုက်ဖက်သည့် အဝတ်များကို ဝယ်ယူရန်နှင့် မလိုက်ဖက်၍ ပြန်လာလဲနှုန်းကို လျှော့ချရန်အတွက် ၎င်းသည် ခန္ဓာကိုယ်အပြည့်အ၀ စစ်ဆေးပြီး အရွယ်အစားတိုင်းတာသည့် စနစ်တစ်ခု ဖြစ်ပါတယ်။

 

SizeMine သည် ပုံမှန်ရုပ်ပိုင်းဆိုင်ရာ အချက်အလက်များကို AI လေ့လာမှုအချက်အလက်များနှင့် အသုံးပြုထားပြီး ဖောက်သည်များရဲ့ပုံရိပ်များနဲ့ နှိုင်းယှဉ်ကာ ကွဲပြားခြားနားသောပုံရိပ်များအဖြစ် တွေ့မြင်နိုင်ပါတယ်။

 

ကုမ္ပဏီအနေဖြင့် ယခုနှစ် ဒီဇင်ဘာလတွင် beta စမ်းသပ်ခြင်းအတွက် ၎င်း၏ရှေ့ပြေးပုံစံကို တီထွင်ရန် မျှော်လင့်နေပါတယ်။ မကြာသေးမီက SizeMine စမ်းသပ်မှုမှာ တိကျမှန်ကန်မှုက ၉၇ ရာခိုင်နှုန်း ရှိခဲ့တယ်။ တောင်ကိုရီးယားသတင်းမီဒီယာများအရ IMEMINE သည် စီးပွားရေးမှ စီးပွားရေးဈေးကွက်သို့ ဖက်ရှင်အမှတ်တံဆိပ်များ ရောင်းချသည့် e-commerce site များနှင့် ချိတ်ဆက်မှုများပြုလုပ်ရန် ရည်ရွယ်ထားတယ်လို့ ဆိုတယ်။

 

SizeMine မှတစ်ဆင့် တိုင်းတာရန် လက်ရှိ သတ်မှတ်ထားသည့်ဈေးနှုန်းမှာ သုံးစွဲသူတစ်ဦးလျှင် တစ်ဒေါ်လာ ဖြစ်တယ်။ IMEMINE သည် ဝင်ငွေမော်ဒယ်တစ်ခုအနေဖြင့် e-commerce ပလက်ဖောင်းများသို့ လိုင်စင်ရောင်းချခြင်းကိုလည်း စောင့်ကြည့်နေပါတယ်။

 

ယခု start-up သည် တရုတ်နိုင်ငံ၏အကြီးမားဆုံး e-commerce site Alibaba နဲ့ ဆွေးနွေးနေပြီး ၂၀၂၁ ခုနှစ် မတ်လတွင် စီးပွားရေး စတင်ရန် မျှော်လင့်ထားပါတယ်။

 

By htikehtike (Myanmar Textile & Garment Guide)
Ref: fibre2fashion.com

Read 567 times
Rate this item
(0 votes)