What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ရှုပ်ပွနေတဲ့ အဝတ်ဗီရိုကို အမြန်ဆုံးရှင်းလင်းပစ်နိုင်မယ့် နည်းလမ်း(၆) သွယ်

ရှုပ်ပွနေတဲ့ အဝတ်ဗီရိုကို အမြန်ဆုံးရှင်းလင်းပစ်နိုင်မယ့် နည်းလမ်း(၆) သွယ် google

ရှုပ်ပွနေတဲ့ အဝတ်ဗီရိုကို အမြန်ဆုံးရှင်းလင်းပစ်နိုင်မယ့် နည်းလမ်း(၆) သွယ်

အဝတ်အစာေးတွ ရှင်းမယ်၊ရှင်းမယ်နဲ့ မရှင်းဖြစ်ခဲ့တဲ့ ဗီရိုကို ဒီတစ်ပတ်အားလပ်ရက်မှာ ရှင်းလင်းရေးလုပ်ဖို့ အချိန်ပေးလိုက်ပါ။


ဒီလို ရှင်းတဲ့အခါ လိုတာတွေ ချန်ထားပြီး၊ မလိုတာတွေ ဝဲပစ်လိုက်ဖို့တော့ လိုတာပေါ့။ ကိုယ်မဝတ်တော့မယ့် အဝတ်အစားတွေအတွက် မိဘမဲ့ကလေးတွေကို လှူမယ်ဆိုရင်လည်း အိတ်နဲ့သပ်သပ်ခွဲထားပြီး လှူဖို့စီစဉ်ပါ။

ကဲ အိုခေ ဗီရိုကို စရှင်းလိုက်ကြရအောင်။ ဗီရိုရှင်းတော့မယ်ဆို အောက်မှာဖော်ပြထားတဲ့ မေးခွန်းလေးတွေ ကိုယ့်ကိုကိုယ်မေးပြီး တစ်ဆင့်ပြီးတစ်ဆင့် ရှင်းသွားရုံပါပဲ။

၁။ဒီအဝတ်အစားကို နှစ်သက်ပါသလား။ ကြိုက်နေသေးသလား။

ရက်စ် - ကြိုက်သေးတယ်ဆိုရင် နံပါတ် (၂)မှာ ဖော်ပြထားတာကို ဆက်ဖတ်ပါ။

နိုး - မကြိုက်တော့ဘူးဆိုရင်တော့ ပစ်သင့်တန်ပစ်၊ ပေးသင့်တန်ပေး၊ လှူမယ်ဆိုလည်း လှူလိုက်ပါ။

သိပ်မကြိုက်ပေမယ့် ဝတ်ဖြစ်ဦးမယ်ထင်တယ်ဆိုပြီး စိတ်ကို နှစ်ခွမထားပါနဲ့။ မဝတ်ဖြစ်လို့ပဲ ခုလိုပစ်ထားတာပဲလေ။ ဆုံးဖြတ်ပြီး လုပ်သင့်တာကို လုပ်ပါ။

၂။အဝတ်အစားက စွန်းထင်းနေပြီလား။

ရက်စ် - စွန်းထင်းနေပြီဆိုရင်တော့ ဒါကို ဘယ်လိုလျှော်ဖွတ်လို့ရမလဲ၊ အစွန်းချွတ်ဆေးနဲ့ ချွတ်ပစ်လို့ရနိုင်မလဲ စဉ်းစားပါ။ မရတော့ဘူးဆိုရင်တော့ တာ့တာပြလိုက်ရုံပါပဲ။

နိုး - စွန်းထင်းတာမရှိဘူးဆိုရင် နံပါတ် (၃)ကို ဆက်ဖတ်ပါ။

၃။အရောင်တွေဖျော့တော့နေပြီလား။

ရက်စ် - ကဲ ဘာလုပ်မှာလဲ။ ပစ်လိုက်တော့မှာလား၊ ပေးလိုက်တော့မှာလား။ အိမ်မှာဝတ်လို့ရဦးမလား၊ ကိုယ်ဝတ်ချင်တဲ့ ဖက်ရှင်မျိုးရော ဟုတ်သေးရဲ့လား ဆုံးဖြတ်လိုက်ပါ။

နိုး - အရောင်မဖျော့သေးတဲ့ အဝတ်အစားဆိုရင်တော့ နံပါတ်(၄) ကို ဆက်ဖတ်ပါ။

၄။အစုတ်ရာလေး၊ အပေါက်ကလေးတွေ ရှိနေပြီလား။

ရက်စ် - ကြိုက်ရက်သားနဲ့ ခုနလို နည်းနည်းစုတ်နေတာ၊ ပေါက်နေတာဆိုရင် အပ်ချုပ်ဆရာနဲ့တိုင်ပင်ပြီး ပြန်ပြင်လို့ရမလားစဉ်းစားပါ။ မဟုတ်ရင်တော့ ဝတ်ဖို့ မစဉ်းစားပါနဲ့တော့။

နိုး - ဒါတွေဘာမှမရှိဘူးဆိုရင် နံပါတ် (၅)ကို ဆက်ဖတ်ပါ။

၅။သင့်ခန္ဓာကိုယ်နဲ့ တော်သေးရဲ့လား။

ရက်စ် - ဒါဆိုရင်တော့ နံပါတ် (၆)ကို ဆက်ဖတ်ပါ။

နိုး - ဒါဆိုရင်တော့ နှစ်ချက်စဉ်းစားရမှာပေါ့။ ခုဟာက သင်ပိန်သွားပြီး အဝတ်အစားက ပိုကြီးနေတာဆို ထားချင်ရင်သိမ်းထားနိုင်ပါသေးတယ်။

အဲ့ဒီလို မဟုတ်ပဲ အင်္ကျံ၊ စကတ်၊ ဘောင်းဘီစတာတွေက ဝတ်လို့သေးသွားသလိုမျိုးဖြစ်ရင်တော့ စွန့်လွှတ်လိုက်တာ ပိုမှန်ပါလိမ့်မယ်။

၆။ဒီအဝတ်အစားကို ဘယ်တုန်းက ဝတ်ခဲ့တာလဲ။

ဒီတစ်နှစ်အတွင်း ဝတ်ခဲ့သေးတယ်ဆိုရင် သိမ်းထားချင် သိမ်းထားလိုက်ပါ။ ဒါဟာ ဒီအဝတ်အစားကို သင်သဘောကျနေသေးသလို ဝတ်ဖြစ်ဖို့ အခြေအနေလည်း ရှိပါသေးတယ်။

ဒီအဝတ်အစားကို မဝတ်ဖြစ်တာ တစ်နှစ်ကျော်နေပြီဆိုရင်တော့ သင်ဒီဖက်ရှင်ကို မနှစ်သက်တော့တာ၊ ဝတ်ဖို့အာရုံမလာတော့တာ စသဖြင့် ဖြစ်နိုင်တာမို့ သူများကို ပေးပစ်တာ၊ လှူတာမျိုးတွေ လုပ်ဖို့အကြံပေးချင်ပါတယ်

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

အ၀တ္အစာေးတြ ရွင္းမယ္၊ရွင္းမယ္နဲ႔ မရွင္းျဖစ္ခဲ့တဲ့ ဗီရိုကို ဒီတစ္ပတ္အားလပ္ရက္မွာ ရွင္းလင္းေရးလုပ္ဖုိ႔ အခ်ိန္ေပးလိုက္ပါ။


ဒီလို ရွင္းတဲ့အခါ လိုတာေတြ ခ်န္ထားၿပီး၊ မလိုတာေတြ ၀ဲပစ္လိုက္ဖုိ႔ေတာ့ လိုတာေပါ့။ ကိုယ္မ၀တ္ေတာ့မယ့္ အ၀တ္အစားေတြအတြက္ မိဘမဲ့ကေလးေတြကို လွဴမယ္ဆိုရင္လည္း အိတ္န႔ဲသပ္သပ္ခြဲထားၿပီး လွဴဖုိ႔စီစဥ္ပါ။

ကဲ အိုေခ ဗီရိုကို စရွင္းလိုက္ၾကရေအာင္။ ဗီရိုရွင္းေတာ့မယ္ဆုိ ေအာက္မွာေဖာ္ျပထားတဲ့ ေမးခြန္းေလးေတြ ကိုယ့္ကိုကုိယ္ေမးၿပီး တစ္ဆင့္ၿပီးတစ္ဆင့္ ရွင္းသြားရံုပါပဲ။

 

၁။ဒီအ၀တ္အစားကို ႏွစ္သက္ပါသလား။ ႀကိဳက္ေနေသးသလား။

ရက္စ္ - ႀကိဳက္ေသးတယ္ဆုိရင္ နံပါတ္ (၂)မွာ ေဖာ္ျပထားတာကို ဆက္ဖတ္ပါ။

ႏိုး - မႀကိဳက္ေတာ့ဘူးဆုိရင္ေတာ့ ပစ္သင့္တန္ပစ္၊ ေပးသင့္တန္ေပး၊ လွဴမယ္ဆုိလည္း လွဴလိုက္ပါ။

သိပ္မႀကိဳက္ေပမယ့္ ၀တ္ျဖစ္ဦးမယ္ထင္တယ္ဆုိၿပီး စိတ္ကို ႏွစ္ခြမထားပါနဲ႔။ မ၀တ္ျဖစ္လုိ႔ပဲ ခုလိုပစ္ထားတာပဲေလ။ ဆံုးျဖတ္ၿပီး လုပ္သင့္တာကို လုပ္ပါ။

 

၂။အ၀တ္အစားက စြန္းထင္းေနၿပီလား။

ရက္စ္ - စြန္းထင္းေနၿပီဆုိရင္ေတာ့ ဒါကို ဘယ္လိုေလွ်ာ္ဖြတ္လို႔ရမလဲ၊ အစြန္းခၽြတ္ေဆးနဲ႔ ခၽြတ္ပစ္လုိ႔ရႏိုင္မလဲ စဥ္းစားပါ။ မရေတာ့ဘူးဆုိရင္ေတာ့ တာ့တာျပလိုက္ရံုပါပဲ။

ႏိုး - စြန္းထင္းတာမရွိဘူးဆုိရင္ နံပါတ္ (၃)ကို ဆက္ဖတ္ပါ။

 

၃။အေရာင္ေတြေဖ်ာ့ေတာ့ေနၿပီလား။

ရက္စ္ - ကဲ ဘာလုပ္မွာလဲ။ ပစ္လိုက္ေတာ့မွာလား၊ ေပးလိုက္ေတာ့မွာလား။ အိမ္မွာ၀တ္လုိ႔ရဦးမလား၊ ကိုယ္၀တ္ခ်င္တဲ့ ဖက္ရွင္မ်ိဳးေရာ ဟုတ္ေသးရဲ႕လား ဆံုးျဖတ္လိုက္ပါ။

ႏိုး - အေရာင္မေဖ်ာ့ေသးတဲ့ အ၀တ္အစားဆုိရင္ေတာ့ နံပါတ္(၄) ကို ဆက္ဖတ္ပါ။

 

၄။အစုတ္ရာေလး၊ အေပါက္ကေလးေတြ ရွိေနၿပီလား။

ရက္စ္ - ႀကိဳက္ရက္သားနဲ႔ ခုနလို နည္းနည္းစုတ္ေနတာ၊ ေပါက္ေနတာဆုိရင္ အပ္ခ်ဳပ္ဆရာနဲ႔တုိင္ပင္ၿပီး ျပန္ျပင္လုိ႔ရမလားစဥ္းစားပါ။ မဟုတ္ရင္ေတာ့ ၀တ္ဖုိ႔ မစဥ္းစားပါနဲ႔ေတာ့။

ႏိုး - ဒါေတြဘာမွမရွိဘူးဆုိရင္ နံပါတ္ (၅)ကို ဆက္ဖတ္ပါ။

 

၅။သင့္ခႏၶာကိုယ္နဲ႔ ေတာ္ေသးရဲ႕လား။

ရက္စ္ - ဒါဆိုရင္ေတာ့ နံပါတ္ (၆)ကို ဆက္ဖတ္ပါ။

ႏိုး - ဒါဆိုရင္ေတာ့ ႏွစ္ခ်က္စဥ္းစားရမွာေပါ့။ ခုဟာက သင္ပိန္သြားၿပီး အ၀တ္အစားက ပိုႀကီးေနတာဆုိ ထားခ်င္ရင္သိမ္းထားႏိုင္ပါေသးတယ္။

အဲ့ဒီလို မဟုတ္ပဲ အက်ႍ၊ စကတ္၊ ေဘာင္းဘီစတာေတြက ၀တ္လို႔ေသးသြားသလိုမ်ိဳးျဖစ္ရင္ေတာ့ စြန္႔လႊတ္လိုက္တာ ပိုမွန္ပါလိမ့္မယ္။

 

၆။ဒီအ၀တ္အစားကို ဘယ္တုန္းက ၀တ္ခဲ့တာလဲ။

ဒီတစ္ႏွစ္အတြင္း ၀တ္ခဲ့ေသးတယ္ဆုိရင္ သိမ္းထားခ်င္ သိမ္းထားလိုက္ပါ။ ဒါဟာ ဒီအ၀တ္အစားကို သင္သေဘာက်ေနေသးသလို ၀တ္ျဖစ္ဖုိ႔ အေျခအေနလည္း ရွိပါေသးတယ္။

ဒီအ၀တ္အစားကို မ၀တ္ျဖစ္တာ တစ္ႏွစ္ေက်ာ္ေနၿပီဆုိရင္ေတာ့ သင္ဒီဖက္ရွင္ကို မႏွစ္သက္ေတာ့တာ၊ ၀တ္ဖုိ႔အာရံုမလာေတာ့တာ စသျဖင့္ ျဖစ္ႏိုင္တာမို႔ သူမ်ားကို ေပးပစ္တာ၊ လွဴတာမ်ိဳးေတြ လုပ္ဖုိ႔အႀကံေပးခ်င္ပါတယ္။

Credit း Trend Myanmar 

Myanmar Textile and Garment Directory

စက္ခ်ဳပ္သင္တန္းေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါေလးႏွိပ္ၾကည့္ပါ

Read 1308 times
Rate this item
(0 votes)
Tagged under