What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ

ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ google

ခရီးသွားရင် အဝတ်အစားတွေကို ဘယ်လိုထုတ်ပိုးသွားသင့်သလဲ


ဒီနေ့မှာတော့ textile ပရိသတ်တွေအတွက် ခရီးတွေသွားရတဲ့အချိန်မှာ အဝတ်အစားတွေကို ဘယ်လိုလွယ်ကူစွာထုပ်ပိုးနည်းတွေကို ပြောပြပေးသွားမှာပါ။

အဝတ်တွေကို လှိမ့်ပြီးထည့်ပါ။
အကျႌတွေ တွန့်ခေါက်မနေဖို့နဲ့ လက်ဆွဲအိတ်နေရာ ကျယ်ကျယ် ထွက်လာစေဖို့ အဝတ်အစားတွေကို ခေါက်ပြီးထည့်မဲ့ အစား လှိမ်ပြီး ထည့်ပါ။ဒီလိုထည့်ခြင်းအားဖြင့် အဝတ်အစားတွေ တွန့်ကြေခြင်းမှ ကာကွယ်ပြီးသားဖြစ်နေမှာပါ။ 
ဒီနည်းကို သုံးခြင်းအားဖြင့် လက်ဆွဲအိတ် သေးသေးလေးတွေမှာလည်း အဝတ်အစားတွေ အများကြီးထည့်လို့ရပါတယ်။

လေစုပ်အိတ်တွေကို အသုံးပြုပါ။

ဒီလေစုပ်အိတ်တွေက ဂျာကင်၊ ကလေးအဝတ်အစားတွေ နဲ့ အိတ်ရာခင်းတွေကို ထုတ်ပိုးရတဲ့အချိန်မှာ အရမ်းအသုံးဝင်ပါတယ်။
 လက်ဆွဲအိတ်ကို နေရာများများ ပိုစေပါတယ်။သေးငယ်တဲ့ပစ္စည်းတွေကို စနစ်တကျထုတ်ပိုးပါ။

USB၊ အားသွင်းကြိုး၊ notebook၊ ခြေအိတ်၊ မျက်မှန်၊ အသားကပ်အကျႌ တွေလိုသေးငယ်တဲ့ ပစ္စည်းတွေကို ရှုးဖိနပ်၊ စာရွတ်ထည့်တဲ့ဖိုင် နဲ့ လက်ဆွဲအိတ်တွေမှာပါတဲ့ အိတ်ကပ်လေးတွေမှာ ထည့်ပါ။

ဆေးဝါးတွေကို လိုအပ်တာထက်ပိုပြီး မထည့်ပါနဲ့။

ခရီးသွားတဲ့အခါမှာ ဆေးဝါးကိုတွေကို အများကြီးသယ်မသွားပါနဲ့။ မလိုအပ်ပဲ လက်ဆွဲအိတ်မှာ နေရာတွေ အများကြီးယူပါတယ်။ အရေးကြီးတဲ့ ဆေးတွေကို သေချာရွေးပြီးမှာ ယူပါ။

နေရာလွတ်တွေမချန်ပါနဲ့။

ခရီးဆောင်အိတ်တွေကို ထုပ်ပိုးတဲ့အချိန်မှာ တချို့လူတွေက အမှတ်တရပစ္စည်းတွေထည့်ဖို့အတွက် နေရာတွေ ချန်ထားလေ့ရှိကြတယ်။ 
ဒီလိုနေရာလွတ်တွေ ချန်တာက အဝတ်အစားတွေ တွန့်ကြေတာ ဖြစ်သွားတတ်ပါတယ်။
ဒါတွေကိုကာကွယ်ဖို့အတွက် နေရာလွတ်တွေနားမှာ ပစ္စည်းငယ်လေးတွေ အဝတ်အစားပိုထည့်တာ ဒါမှမဟုတ် သစ်ရှုးစသဖြင့် ထည်ပေးပါ။

လိုအပ်တာတွေပဲ ထည့်ပါ။

Hairdryers၊ ခရီးသွားလမ်းညွှန်တွေ၊ ကင်မရာ အိတ်တွေ ကိုအိမ်မှာပဲ ချန်ထားခဲ့လိုက်ပါ။
ခရီးသွားလမ်းညွှန် စာအုပ်စာရွတ်တွေအစား ဖုန်း application တွေကိုအသုံးပြုပါ။
 ဆံပင်အခြောက်ခံဖို့အတွက်ကတော့ ဟိုတယ်မှာရှိတဲ့ Hairdryers ကိုအသုံးပြုနိူင်ပါတယ်။

ရေကူးဝတ်စုံ၊ ကမ်ခြေစီးဖိနပ်တွေ၊ sun creams၊ ဦးထုပ်တွေကိုလည်း ကိုယ်သွားမဲ့ နေရာတွေမှာ ဝယ်ယူနိူင်တဲ့အတွက် ကြောင့် ခရီးဆောင်အိတ်ထဲ ထည့်သွားစရာမလိုပါဘူး။

 

<<< Zawgyi ဖြင့်ဖတ်ရန် >>>

 



 

a1

 

 

 

 

အင်္ကျီတွေ တွန့်ခေါက်မနေဖို့နဲ့ လက်ဆွဲအိတ်နေရာ ကျယ်ကျယ် ထွက်လာစေဖို့ အဝတ်အစားတွေကို ခေါက်ပြီးထည့်မဲ့ အစား လှိမ်ပြီး ထည့်ပါ။



 

a2

 

 


a3

 

USB၊ အားသွင်းကြိုး၊ notebook၊ ခြေအိတ်၊ မျက်မှန်၊ အသားကပ်အင်္ကျီ တွေလိုသေးငယ်တဲ့ ပစ္စည်းတွေကို ရှုးဖိနပ်၊ စာရွတ်ထည့်တဲ့ဖိုင် နဲ့ လက်ဆွဲအိတ်တွေမှာပါတဲ့ အိတ်ကပ်လေးတွေမှာ ထည့်ပါ။



a4

 

 




 


a5

 

 




လိုအပ်တာတွေပဲ ထည့်ပါ။

a6

 



 ဆံပင်အခြောက်ခံဖို့အတွက်ကတော့ ဟိုတယ်မှာရှိတဲ့ Hairdryers ကိုအသုံးပြုနိုင်ပါတယ်။

ရေကူးဝတ်စုံ၊ ကမ်ခြေစီးဖိနပ်တွေ၊ sun creams၊ ဦးထုပ်တွေကိုလည်း ကိုယ်သွားမဲ့ နေရာတွေမှာ ဝယ်ယူနိုင်တဲ့အတွက် ကြောင့် ခရီးဆောင်အိတ်ထဲ ထည့်သွားစရာမလိုပါဘူး။

 

Credit : Kwee

Myanmar Textile and Garment Directory

အဝတ်အစား ဆိုင်တွေကို သိချင်ရင်တော့

Read 2847 times
Rate this item
(0 votes)
Tagged under