ဖက်ရှင်ဆိုတာ အရမ်းကိုမှ ကျယ်ပြန့်ပါတယ်။ တော်ကြာနေရင်း အသစ်တွေပေါ်လာလိုက် တော်ကြာနေရင်း ခေတ်နောက်ပြန် ဆွဲသွားလိုက်နဲ့ လိုက်မမီနိုင်အောင်
ဂွကျပါသေးတယ်။ ဒါပေမဲ့ ဖက်ရှင်ချစ်သူတွေကတော့ ဖက်ရှင်ရေစီးကြောင်း ဘယ်လိုပဲအပြောင်းအလဲမြန်ပါစေ တကောက်ကောက်လိုက်ရတာပါပဲလေ။ ဒီလို ရေစီးကြောင်း အတိုင်း စီးမျောရာမှာလည်း ဆောင်ရန် ရှောင်ရန် အချက်တွေ ရှိသေးတာမို့ ပျိုမေလေးတွေ သိသင့်သိထိုက်တဲ့ ရှောင်ရန် အချက်တွေကို ပြောပြပေးပါမယ်နော်။
(၁) အရမ်းပါးတဲ့အင်္ကျီတွေ၊ ပေါင်လယ်လောက်ပဲ ရှိတဲ့စကတ်တွေ၊ ချက်ပေါ်အင်္ကျီတွေနဲ့ မြင့်လွန်းတဲ့ ဒေါက်ဖိနပ်တွေကို အများကြီး ပြုံပြီး မဝယ်ပါနဲ့။
(၂) ဈေးချနေပြီဆိုတိုင်း အင်္ကျီတွေကို ပြေးမဝယ်ပါနဲ့။ ဘတ်ဂျက်ကို ထိခိုက်နိုင်လို့ပါ။
Read: အသက် ၃၀ ကျော် မမ လို့ မထင်ရလေအောင်နုပျိုသွားစေမဲ့ နည်းလမ်းများ
(၃) ကိုယ့်ကိုယ်ကိုယ် ဝတယ်ဆိုပြီး ဝတာကို မပေါ်လွင် စေချင်လို့ အင်္ကျီပွပွကြီးတွေ ဝတ်တာမျိုးရှောင်ကြဉ်ပါ။ အင်္ကျီပွပွကြီးတွေက ပျိုမေလေးတို့ရဲ့ ခန္ဓာကိုယ်ကို မပေါ်လွင် စေမယ့်အပြင် ပိုဝသလိုအသွင်ပါ ပေါက်စေပါတယ်။
(၄) အရောင်တွေအများကြီးကို တစ်ခါတည်း တွဲမဝတ်ပါနဲ့။ အဝတ်အစားဝတ်တဲ့အခါမှာ အရောင်သုံးရောင်ထက် များသွားရင် ကြောင်ကြောင်ကျားကျားနဲ့ ကြည့်လို့ မလှတော့ပါဘူးနော်။
(၅) နားတစ်ဖက်တည်းမှာ နားပေါက်နှစ်ပေါက်ထက် ပိုမဖောက်ပါနဲ့။ နားပေါက်တွေများနေတာက ပိုပြီး စမတ်ကျသွားစေမှာ မဟုတ်ပါဘူး။
(၆) အိတ်တွေလွယ်တဲ့အခါ ပစ္စည်းတွေအများကြီး ပြည့်ကျပ် နေအောင် မထည့်ပါနဲ့။ အိတ်ကြီးဖောင်းကားနေတာ ဘယ်လိုမှကြည့်လို့မလှပါဘူး။
Source: For Her Myanmar
Myanmar Textile and Garment Directory