What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အကောင်းဆုံး အဝတ်အစား Brand က ဘာလဲ?

အကောင်းဆုံး အဝတ်အစား Brand က ဘာလဲ? google

အကောင်းဆုံး အဝတ်အစား Brand က ဘာလဲ ဆိုတာကို ဒီအချက်​ ​၅ ခုနဲ့ စဉ်းစားကြည့်​​လို့ ရပါတယ်။


၁။ မိမိနဲ့ လုံးဝသင့်​​တော်​တဲ့ Size
၂။ မိမိ​နေ့စဉ်​ဘဝ အလုပ်​အကိုင်​နဲ့ သင့်​​တော်​တဲ့ ပုံစံ
၃။ ချုပ်​လုပ်​ထားမှု အရည်​အ​သွေး
၎။ ​ရွေးခြယ်​တဲ့ အမှတ်​တံဆိပ်​ရဲ့ အ​ကြောင်း
၅။ ​ကုမ္ပဏီရဲ့​ဈေးနှုန်း သတ်​မှတ်ပုံစံ
စတာ​တွေ ​ဖြစ်​ပါတယ်​။

Read: အမျိုးသား အမျိုးသမီး ဝတ်ဘောင်းဘီရှည်ညှပ်နည်း

အ​သေးစိတ်​ရှင်းပြရရင်
- မိမိနဲ့ သင့်​​တော်​တဲ့ size က ပထမ အ​ရေးကြီးဆုံးပါ၊ ဘယ်​​လောက်​နာမည်​ကြီးတဲ့ brand ဖြစ်​ဖြစ်​၊ ဘယ်​​လောက်​​တန်​ဖိုးကြီးတဲ့ brand ဖြစ်​ဖြစ်​ ကိုယ်​​ပေါ်မှာ ဝတ်​လိုက်​တဲ့ အခါ ပုံစံမကျ၊ ဆိုဒ်​မကိုက်​ဘူးဆို ဘာမှမထူးခြားပါဘူး။ 
- ဒုတိယ အချက်​အ​နေနဲ့ မိမိဝယ်​ယူတဲ့အဝတ်​အစားက branded ဖြစ်​​ပေမယ့်​ မိမိရဲ့ ​နေ့စဉ်​ဘဝ မှာ အသုံးမတည့်​တဲ့ ဒီဇိုင်းပုံစံမျိုးဖြစ်​​နေမယ်​ဆိုလည်း ​ကိုယ့်အတွက် အ​ကောင်းဆုံး မဟုတ်​နိုင်​ပါဘူး။
- ချုပ်​ရိုးချုပ်​သား နဲ့ လက်​ရာပိုင်းလည်း အ​ရေးကြီးပါတယ်​။ ဒီ​နေရာမှာ price to performance လို့​ပြောကြတဲ့ ပို​ကောင်းတဲ့ ပစ္စည်းအတွက်​ ​ဈေးလည်းပိုသုံးရနိုင်​ပါတယ်​။ အချို့ ​ဈေးသက်​သာပြီး လက်​ရာ​ကောင်းမွန်​တဲ့ အဝတ်​အထည်​များလည်း ​ဈေးကွက်​မှာ ရနိုင်​တာမို့ ​သေချာ​လေ့လာဝယ်​ယူနိုင်​ပါတယ်​။
- ​နောက်​တချက်​က မိမိ​ရွေးခြယ်​လိုက်​တဲ့ brand ရဲ့ ပုံရိပ်​ပါ။ အ​ပေါ်က အချက်​​တွေ​လောက်​ အ​ရေးမကြီး​ပေမယ့်​ ထည့်​သွင်းစဉ်းစားသင့်​ပါတယ်​။
- ​နောက်​ဆုံးတချက်​က​တော့ ​ဈေးနှုန်းသတ်​မှတ်​ချက်​ပါ။ ဒီမှာ​တော့ နည်း​ပေမယ့်​ ထိုင်းနိုင်​ငံမှာ ​တော့အသုံးများပါတယ်​။ အချို့ branded များကို အစပိုင်းမှာ ​ဈေးနှုန်း အမြင့်​နဲ့​ရောင်းချပြီး after one week ဆိုရင်​ ​ဈေး​လျော့ကျသွားတတ်​တာမျိုးပါ။

တကယ်​​​တော့ အ​ကောင်းဆုံးbrandဆိုတာ မိမိကိုယ်​နဲ့ အကိုက်​ဆုံး အဝတ်​အထည်​သာဖြစ်​ပါတယ်​။

Source:ELEGANCE
Myanmar Textile and Garment Directory

Read 982 times
Rate this item
(0 votes)