ပျိုမေတို့ဟာ ဝတ်စရာမရှိဘူးလို့ ခဏခဏ ပြောမိကြမှာပါ။ တကယ်ကတော့ အသစ်တွေဝတ်ပြီးသွားပြီလို့ ဆိုလိုချင်တာပါ။
ခဏခဏအသစ်တွေ ဝယ်ရင်လည်း ဖြုန်းတီးရာကျတာပေါ့။ အဲ့ဒီတော့ ဘယ်လိုဝတ်ဝတ် စမတ်ကျနေစေမယ့် ပစ္စည်းလေးတွေ ကိုယ့်ဗီရိုထဲမှာ ရှိသင့်တယ်နော်။ ကဲ အဲ့ဒါလေးတွေ ရှိလား ကြည့်လိုက်ရအောင်။
(၁) ဒေါက်ဖိနပ် အနီရောင်
ဒေါက်ဖိနပ်လေး တစ်ရန်တော့ မိန်းကလေးတိုင်းမှာ ရှိသင့်ပါတယ်။ အနီရောင်ဖိနပ်ဟာ ဘယ်အဝတ်အစားနဲ့မဆို လိုက်ဖက်ပြီး ထင်ပေါ်လွန်းတာကြောင့် အနီရောင် ဖိနပ်လေး ရှိသင့်ပါတယ်။
(၂) ကုတ်အင်္ကျီအရှည်
ကုတ်အင်္ကျီဟာ စမတ်ကျစေတဲ့အသွင်ကို ပေးပါတယ်။ ကိုယ့်ကိုယ်ကို ရင့်ကျက်တဲ့ပုံကိုလည်း ပေါ်စေပါတယ်။ ဘိုဆန်တဲ့အလှလည်း ရှိတာမို့ ဘောင်းဘီ အတိုဖြစ်စေ အရှည်ဖြစ်စေ တွဲဝတ်လို့ လိုက်ဖက်ပါတယ်။
(၃) အရောင်လက်တဲ့ ဘောင်းဘီတိုလေးတွေ
ဒီဘောင်းဘီလေးတွေက crop top နဲ့ဝတ်ဝတ် တီရှပ်နဲ့ဝတ်ဝတ် ရှပ်အင်္ကျီနဲ့ပဲဝတ်ဝတ် ကြိုးတစ်ချောင်းအင်္ကျီနဲ့ပဲ ဝတ်ဝတ် အို ဝတ်ချင်ရာနဲ့ဝတ် ကြည့်လို့ကောင်းပြီးသား။ အဲ့ဒီတော့ ဗီရိုထဲမှာ ဒါလေး တစ်ထည်ထည့်ထားဖို့ မမေ့နဲ့။
(၄) ကျားသစ်ကွက်လည်စီးပုဝါ
ကဲ ပုံထဲမှာ တွေ့တဲ့အတိုင်းပဲ။ ဘယ်လောက်တောင် ဖက်ရှင်ကျသတုန်း။
ဒါတွေ မရှိသေးရင် ပြေးသာဝယ်လိုက်တော့နော်။
Source: For Her Myanmar