What's new
×
Warning
JUser: :_load: Unable to load user with ID: 845
ဒီလိုဝတ်ထားတဲ့ယောက်ျားလေးတွေဆို မိန်းကလေးတွေပိုကြွေတတ်ကြပါတယ်
ဒီလိုဝတ်ထားတဲ့ယောက်ျားလေးတွေဆို မိန်းကလေးတွေပိုကြွေတတ်ကြပါတယ် Google
(၁)ရှူးဖိနပ်ကောင်းကောင်းတစ်စုံ
        ရှူးဖိနပ်ကောင်းကောင်းတစ်စုံဟာ ရှပ်အကျီ၊တိုက်ပုံ၊ပုဆိုးနဲ့ကလွဲရင် ကျန်တဲ့အ၀တ်အစား ပုံစံမှန်သမျှနဲ့လိုက်ဖက်တာဖြစ်လို့ မရှိမဖြစ်လိုအပ်ပါတယ်။ပြီးတော့မိန်းကလေးတိုင်း ဟာလည်း ဒီလိုရှူးဖိနပ်ဝတ်ဆင်ထားတဲ့ယောက်ျားလေးဆိုရင် ပိုသတိထားမိပြီး ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ခံစားရပါတယ်တဲ့။
shoe
(၂)ကော်လံမပါတဲ့ရှပ်အကျီ
        ဒီလိုကော်လံမပါတဲ့ရှပ်အကျီဒီဇိုင်းမျိုးဟာ ဘယ်တော့မှမရိုးသွားမယ့်စတိုင်လ်တစ်မျိုးပါ။ပြီးတော့ ဟောလိဝုဒ်စတားတွေ၊နာမည်ကျော်အားကစားသမားတွေဝတ်လေ့ရှိတဲ့ကိုယ်ကျပ် အကျီဒီဇိုင်းမျိုးပေါ့။ဒီလိုစတိုလ်ဟာ ခန္ဓာကိုယ်အချိုးအစားကိုပေါ်လွင်စေတာမို့ ဒီရှပ်အကျီဝတ်ထားတဲ့ယောက်ျားလေးဆိုရင် အလိုလိုကြည့်ကောင်းနေတယ်လို့ မိန်းကလေးတွေက ထင်မြင်လေ့ရှိကြပါတယ်။
shirt
(၃)အဖြူရောင်ရှပ်အကျီနဲ့ဂျင်း
        ဂျင်းဘောင်းဘီနဲ့အဖြူရောင်ရှပ်အကျီဟာ ဘယ်သောအခါမှ မှိန်ဖျော့မသွားမယ့်ဒီဇိုင်းပေါ့နော်။ အထာကျကျ လွင့်ချင်တယ်ဆိုရင် အဖြူရောင်ရှပ်အကျီတစ်ထည်နဲ့ဂျင်းဘောင်းဘီသာ ကောက်ဝတ်လိုက်၊ရှူးဖိနပ်လေးနဲ့ဆို ရိုးရိုးလေးနဲ့မိုက်တယ်ဆိုတာမျိုးဖြစ်သွားမှာပါ။
jean
(၄)ဗီပုံစံဆွယ်တာ
အမျိုးသမီးတွေက ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောက်ျားလေးတွေကိုပိုပြီး သဘောကျပါတယ်တဲ့။ဗီပုံစံဆွယ်တာဝတ်ဆင်ထားတဲ့ယောက်ျားလေးတစ်ယောက် ဟာ နွေးထွေးပြီးယဉ်ကျေးမှုရှိတဲ့အသွင်ပေါက်စေတဲ့အပြင် သူ့ကိုယ်သူလည်း ဂရုတစိုက်နေတတ်တယ်ဆိုတဲ့အသွင်မျိုးပေါ်စေပါတယ်။အဲ့ဒါကြောင့်ပဲ မိန်းကလေးတွေက ပိုပြီးသဘောကျတာဖြစ်နိုင်ပါတယ်။
v
(၅)၀တ်စုံပြည့်
ခန္ဓာကိုယ်နဲ့ကွက်တိတိုင်းချုပ်ထားတဲ့ဝတ်စုံပြည့်ဟာ ဘယ်လောက်ထိကြည့်ကောင်းမယ်ဆိုတာ ပြောဖို့တောင်မလိုတော့ပါဘူး။လူကြီးလူကောင်းပုံစံအသွင်ပေါက်စေပြီး မိန်းကလေးတိုင်းကလည်း အဲ့ဒီလိုသပ်ရပ်ကြည့်ကောင်းတဲ့သူဆိုရင် သဘောကျတတ်ကြပါတယ်။ တစ်ခြားသူတွေထက်လည်းပိုပြီးထူးခြားတဲ့အသွင်ရှိလို့ မိန်းကလေးတွေရဲ့ မျက်စိထဲမှာထင်းခနဲနေမှာပါ။
gentle
(၆)Accessories
တစ်ခါတစ်လေ တစ်ချို့ယောက်ျားလေးတွေရဲ့ လက်မှာ သားရေလက်ပတ်တွေ တွေ့ရလေ့ရှိတာကို သတိထားမိမှာပါ။အဲ့ဒီလိုမျိုး အဆင်တန်ဆာဝတ်ထားတဲ့ယောက်ျားလေးတွေ ကလည်း မိန်းကလေးတွေရဲ့ အမြင်မှာ တစ်ခြားသူတွေထက် ပိုပြီးဆွဲဆောင်မှုရှိနေပါတယ်တဲ့။ လူငယ်ဆန်စေသလို အဲ့ဒါက ဆွဲဆောင်မှုရှိတဲ့ယောက်ျားလေး အဖြစ်လည်းအသွင်ပြောင်းပေးပါတယ်။
MensAccessoriesBlog grande
Source: Trend Myanmar
Read 1965 times
Rate this item
(2 votes)