What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အ၀တ်အစားဖက်ရှင်ပုံစံ တစ်မျိုးတည်းကိုပဲ နေ့တိုင်းဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် (6) ဦး

အ၀တ်အစားဖက်ရှင်ပုံစံ တစ်မျိုးတည်းကိုပဲ နေ့တိုင်းဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ် (6) ဦး google

          လူတွေ နေ့စဉ်တိုင်း စဉ်းစားတတ်တဲ့ အတွေးတစ်ခုရှိပါတယ်။ အပြင်မသွားခင်မှာ ပိုပြီး စဉ်းစားလေ့ရှိတာပါ။ နေ့စဉ်တိုင်းမှာ အပြင်မထွက်ခင်၊ လူကြားထဲ မသွားခင် ဘာဝတ်သွားရင် ကောင်းမလဲ စဉ်းစားရတာဟာ လူသားတိုင်းရဲ့ အခြေခံအကျဆုံး ရွေးချယ်မှုတွေထဲက တစ်ခုပါ။ “တောင်းအမှာ အကွပ်၊ လူမှာအ၀တ်” ဆိုတဲ့ ရှေးစကားအတိုင်းပဲ အ၀တ်အစားဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အဆင့်အတန်းဖော်ပြဖို့ အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ သတ်မှတ်ချက်တွေကို တွန်းလှန်ပြီးတော့ အခြေခံအကျဆုံး ရွေးချယ်မှုကို ဂရုမစိုက်ပဲ လူမြင်ကွင်းကို ထွက်တိုင်း အ၀တ်အစား ဖက်ရှင်ပုံစံ တစ်မျိုးတည်း ကိုဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(1) Mark Zukerberg ( မာ့ခ် ဇူကာဘက်)
          ၂၀၁၄ ခုနှစ်တုန်းက Facebook အသုံးပြုသူတွေနဲ့ အမေးအဖြေပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ အခုလိုမျိုးပြောခဲ့ပါတယ်။ “ကျွန်တော့် ဘ၀ကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းနဲ့ နေချင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို တတ်နိုင်သမျှ နည်းအောင်လုပ်ချင်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။

11

 

(2) Barack Obama (ဘာရက် အိုဘားမား)
          Vanity Fair မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ (၂၀၁၂)ခုနှစ်က အင်တာဗျူးမှာ အိုဘားမားက “ကျွန်တော် မီးခိုးရောင်နဲ့ အပြာရောင် suits တွေပဲ ၀တ်တာကို ခင်ဗျားတို့ တွေ့မှာပါ။ ကျွန်တော့်ဘ၀မှာ စားဖို့နဲ့ ၀တ်ဖို့အတွက် စဉ်းစားပြီး ဆုံးဖြတ်ချက်ချရ တာကို မလုပ်ချင်ပါဘူး။ ဒီထက်ပိုအရေးကြီးပြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ တစ်ခြားကိစ္စတွေ အများကြီးပါ” လို့ ဖြေသွား ခဲ့ပါတယ်။

22

 

(3) Steve Jobs (စတိဗ် ဂျော့်ဘ်)
          ဖက်ရှင်တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ ၀တ်ခဲ့တဲ့ စတိဗ်ဂျော့ဘ်က “ကျွန်တော့်မှာ တစ်ဘ၀လုံးစာ ၀တ်စရာ အလုံအလောက်ရှိပါတယ်။ အကျီင်္ထပ်ဝယ်စရာ မလိုတော့ပါဘူး” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

3

 

(4) Dean Kamen (ဒင်း ကေမန်း)
          လျှပ်စစ်စကူတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ Segway တည်ထောင်သူ ဒင်းကေမန်းရဲ့ ပြောစကားပါ။ “ကျွန်တော် အလုပ်လုပ်တဲ့ အချိန်တိုင်းမှာ အလုပ်မှာ ၀တ်ရတဲ့ ၀တ်စုံကို ၀တ်ဆင်ပါတယ်။ မအိပ်ပဲ နိုးနေတဲ့ အချိန်တိုင်း ဟာ ကျွန်တော့်အတွက် အလုပ်ချိန်ပါ” လို့ ပြောခဲ့ပါတယ်။

4

 

(5) Christopher Nolan (ခရစ်စတိုဖာ နိုလန်)
          ခရစ်တိုဖာ နိုလန်ဟာ  Batman: The Dark Knight Triology , Intersteller , Inception နဲ့ Dunkirk တို့လို ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ (၂၀၁၄)ခုနှစ်က New York Times မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ” နေ့တိုင်း ဘာဝတ်မလဲ စဉ်းစားနေရတာ ဟာ မလိုလားအပ်တဲ့ အချိန်ဖြုန်းတီးမှု တစ်ခုပါ” လို့ ဖြေကြားခဲ့ပါတယ်။

5

 

(6) Albert Eistein (အိုင်စတိုင်း)
          ဟစ်တလာရဲ့ အယူအဆတွေကို မကြိုက်လို့ ဂျာမဏီကနေ အမေရိကန်ကို ရွှေ့ပြောင်းလာခဲ့တဲ့ (၁၉၃၃)ခုနှစ်ကစပြီး အိုင်စတိုင်းဟာ မီးခိုးရောင် ကုတ်အကျီင်္ကိုပဲ နေ့တိုင်း ၀တ်ဆင်ခဲ့ပါတယ်။

6

 

Ref : CNN

Read 1374 times
Rate this item
(1 Vote)
Tagged under