What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖက်ရှင်ကျသူတွေမှာ အားသာချက်တွေရှိနေ

ဖက်ရှင်ကျသူတွေမှာ အားသာချက်တွေရှိနေ google

        မိန်းကလေးတွေက အလှအပကိုကြိုက်နှစ်သက်ပြီး ဖက်ရှင်ကျကျလေး ဝတ်စားတတ်ပါတယ်။

အဝတ်အစားအတွက် အချိန်ကုန်ခံ ခေါင်းစားခံနေတာတွေက အဓိပ္ပါယ်မဲ့လို့ထင်နေတဲ့သူတွေလည်း ရှိတာပါပဲ။ တကယ်တော့ ဖက်ရှင်ကျတဲ့သူတွေမှာ တခြားသူတွေထက်သာတဲ့ အားသာချက်တွေအများကြီးရှိပါတယ်။ ဒါဆို ဖက်ရှင်ကျတဲ့သူတွေရဲ့ အားသာချက်တွေက ဘာတွေများလဲ…

(၁) လူတွေရဲ့ အာရုံတွေကိုဖမ်းစားနိုင်တယ်

        နေရာဒေသနဲ့လိုက်ဖက်အောင် စမတ်ကျကျ၊ ဖက်ရှင်ကျကျ ၀တ်စားထားမယ်ဆိုရင် ကိုယ်နဲ့ စကားပြောတဲ့သူရဲ့အာရုံက ကိုယ့်ဆီမှာပဲရှိနေမှာအသေအချာပါပဲ။ ပြီးတော့ဖက်ရှင်ကျပြီး လန်းနေတဲ့ ကောင်မလေးတစ်ယောက်ကို မငေးတဲ့သူဘယ်သူရှိလို့လဲနော်။

(၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိတယ်

        အ၀တ်အစားကအချိုးမကျရင် ၊အဆင်မပြေရင် စိတ်က ကသိကအောက်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းလာပါတယ်။ မယုံရင် သတိထားကြည့်ကြည့်ပါ။ ကိုယ်အကြိုက်ဆုံး၊ ကိုယ်နဲ့အလိုက်ဆုံးလို့ထင်တဲ့အ၀တ်အစားကိုဝတ်ထားတဲ့နေ့တွေမှာ တခြားနေ့တွေထက်ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတာကိုတွေ့ရမှာပါ။

(၃) ဘယ်ကိစ္စမှာမဆိုအမြင်ရှိတဲ့သူတစ်ယောက်

        ကိုယ်နဲ့ဘယ်ဖက်ရှင်ကလိုက်ဖက်မှုရှိတယ် ဆိုတာကို သိတဲ့သူတစ်ယောက်က တခြားအရာတွေမှာလည်း ကိုယ်နဲ့ဘယ်အရာကသင့်တော်မလဲဆိုတာကို သေချာပေါက်မြင်တတ်နေမှာပါ။ ကိုယ့်အကြိုက်နဲ့ကိုယ့်စရိုက်ကို သေချာသိရုံမက ၊ တခြားသူတွေနဲ့ ပတ်သက်တာတွေကိုလည်း သိမြင်ပြီး အကြံကောင်းပေးတတ်မယ့်သူတွေပါ။

(၄) တွေဝေမှုမရှိ

        ဘယ်ဖက်ရှင်က ကိုယ်နဲ့သင့်တော်တယ်၊ ကိုယ့်ကို စိတ်ကျေနပ်မှုအပြည့်အ၀ပေးနိုင်တယ်ဆိုတာကို သိတဲ့သူတစ်ယောက်ဟာ တစ်နေရာရာသွားဖို့အရေး ဘာဝတ်လို့ဝတ်ရမှန်းမသိဘဲ အ၀တ်လဲခန်းထဲ ဗြောင်းဆန်နေမယ့်သူတွေမဟုတ်ပါဘူး။ ဘယ်လိုနေရာက ဘယ်လိုအ၀တ်အစားမျိုးနဲ့လိုက်ဖက်တယ်၊ ဘယ်လိုဖက်ရှင်ဝတ်ရင် ဘယ်လို accessories တွေဆင်ရမယ်၊ ဘယ်ဖက်ရှင်မျိုးဝတ်သွားရင် စိတ်ကျေနပ်မှုအပြည့်ရမယ် .. အဲ့ဒါတွေကိုကောင်းကောင်းသိပါတာကြောင့် ဖက်ရှင်နဲ့ပတ်သက်ရင်တွေဝေမှုလုံးဝမရှိသူတွေပါ။

(၅) ဘ၀မှာပိုမိုပျော်ရွှင်

        ကိုယ့်ရဲ့အလှအပနဲ့ ဖက်ရှင်အတွက် စိတ်ကျေနပ်မှုအပြည့်ရှိနေသူတစ်ယောက်ဟာ အဲ့ဒီအရာတွေနဲ့ပတ်သက်လို့ စိတ်ဖိစီးမှုကို မခံစားရတော့ဘဲ ပေါ့ပါးနေပါတယ်။ အဲ့ဒီအခါ တခြားအလုပ်ကိစ္စတွေမှာလည်း အဆင်ပြေချောမွေ့ဖို့ ပိုများနေတော့တာပေါ့။ ဒါကြောင့် ဖက်ရှင်ကျသူတွေဟာ ဘ၀မှာပိုမိုပျော်ရွှင်နေတယ်ဆိုတာ ဘယ်လိုမှမမှားနိုင်ပါဘူး။

(၆) အဆင့်အတန်းမြင့်သူ

        ပိုက်ဆံချမ်းသာမှ အဆင့်အတန်းမြင့်တာမဟုတ်ပါဘူး။ ကာလဒေသနဲ့လိုက်ဖက်အောင်သန့်သန့်ပြန့််ပြန့်ဝတ်စားထားတယ်ဆိုရင် အဆင့်အတန်းမြင့်တဲ့သူပါပဲ။ ဖက်ရှင်ကျဖို့အတွက် ဈေးကြီးတာတွေဝယ်ဝတ်မှလည်းမဟုတ်ပြန်ပါဘူး။ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတစ်ဦးဖြစ်တဲ့ Christian Dior ကတောင် ဖက်ရှင်ကျဖို့အတွက် ပိုက်ဆံချမ်းသာဖို့မလိုပါဘူး၊ ဖက်ရှင်အကြောင်းနားလည်ဖို့ပဲလိုတာပါ လို့ ပြောခဲ့ပါတယ်။

Source:Aunty May

Read 1506 times
Rate this item
(0 votes)
Tagged under