What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီလိုလေးတွဲဝတ်လိုက်ရင် လန်းသွားမှာပေါ့

ဒီလိုလေးတွဲဝတ်လိုက်ရင် လန်းသွားမှာပေါ့ Google

         ဖက်ရှင်ကျကျနဲ့ လန်းချင်တဲ့ကောင်မလေးတွေကို ဒီတစ်ခါ မျှဝေချင်တဲ့ ဖက်ရှင်တွေကတော့ အခုခေတ်စားနေတဲ့ Skinny Jeans (ဂျင်းအကျပ်) တွေကို ဘယ်လိုဖိနပ်အလန်းစားလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ရင် ဖက်ရှင်ကျနိုင်မယ်ဆိုတာပါပဲ။ ပုံလေးတွေနဲ့ တစ်ပုံချင်း ကြည့်သွားကြရအောင်နော်…

1. ခြေသလုံးထိတဲ့ရှူးဖိနပ် (Ankle Boots)
        စကင်နီဂျင်းလေးတွေနဲ့ အရောင်တူတဲ့ Ankle Boots တွေ ရွေးချယ်ပြီးစီးရင် သူတို့က တစ်ဆက်တည်း ဖြစ်နေသလို ထင်ရတာမို့ လန်းတယ်လေ။

ankle

 

2. Sneakers
        Sneakers တွေကလည်း လန်းလည်းလန်း၊ သက်တောင့်သက်သာလည်းရှိတော့ မိန်းကလေးတွေ အကြိုက်ဖြစ်ကြတာ မဆန်းပါဘူး။ အခုလို Skinny ဂျင်းလေးတွေနဲ့ တွဲဝတ်တော့လည်း လိုက်တယ်လေ။

snacker

 

3. Loafers
        ဒီလို Loafers လေးတွေကျတော့ ချစ်စရာကောင်းတဲ့ စတိုင်လ်နဲ့ လန်းချင်သူတွေအတွက် အဆင်ပြေတာပေါ့နော်။

loafer

 

4. Flip and Flop
        ထသွားထလာ ပြေးပြေးလွှားလွှား လုပ်ရတဲ့နေ့မျိုးဆို ဒီလို Flip and Flop လေးတွေက မိုက်တယ်နော်။

flip

 

5. Sandals (ဖိနပ်အပါး)
        ဒီလို ဖိနပ်အပါးလေးတွေနဲ့ တွဲဝတ်မယ်ဆိုလည်း ပေါ့ပေါ့ပါးပါးနဲ့ လန်းတာပေါ့နော်။

sandal

 

6. ဒေါက်မြင့်ဖိနပ် (Heels)
        ဒီလိုဖက်ရှင်လေးကတော့ ကြော့ကြော့မော့မော့နဲ့ လန်းချင်တဲ့ ယောင်းလေးတွေ အကြိုက်ပေါ့နော်။

heel

 

        ကဲ ပုံလေးတွေကိုကြည့်ပြီး Skinny Jeans နဲ့ တွဲဝတ်ဖို့ ဖိနပ်အလန်းလေးတွေသာ လိုက်ရှာလိုက်ပါတော့ ယောင်းတို့ရေ …

 

Source: For Her Myanmar

Read 1130 times
Rate this item
(0 votes)
Tagged under