What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘာကြောင့်ဒီလို ဦးထုပ်အဆန်းတွေ ဆောင်းကြတာလဲ???

ဘာကြောင့်ဒီလို ဦးထုပ်အဆန်းတွေ ဆောင်းကြတာလဲ??? google

        ဗြိတိန်တော်ဝင်မိသားစုဝင်တွေလို ဆန်းပြားပြီး စွဲမက်ဖွယ်ရာ ဦးထုပ်တွေကို ဆောင်းတဲ့ သူတွေကတော့ အတော်ကိုရှားပါတယ်။

         ဦးထုပ်ဖက်ရှင် အဆန်းတွေကို ကြိုက်တယ်ဆိုရင်တော့ ဗြိတိန်တော်ဝင်မိသားစုဝင် အမျိုးသမီးတွေ ကို စံနမူနာ ယူပြီး ကြည့်ရမှာပါ။ ဘာကြောင့် ဒီလို ဦးထုပ် အဆန်းတွေ ဆောင်း ကြတာလဲ?

        The English Manner မှာ ကျင့်ဝတ်ထုံးတမ်း သင်ကြားပြသပေးတဲ့ William Hanson က  ဗြိတိန်အမျိုးသမီးတွေ မင်္ဂလာဆောင်တွေမှာ ဦးထုပ်အဆန်းတွေ ဆောင်းကြတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး အခုလို ပြော ပြ ခဲ့ပါတယ်။ တော် ၀င်မင်္ဂလာပွဲတွေမှာ အမျိုးသမီးတွေ ဦးထုပ်ဆောင်းတဲ့ ကိစ္စဟာ  ကျင့်ဝတ်ထုံးတမ်း တစ်ခု ဖြစ် တယ်လို့ ဆိုပါတယ်။ (၁၉၅ဝ) ခုနှစ် လောက်အထိ အမျိုးသမီးတွေဟာ လူတွေရှေ့ထွက်ရင် ဦးထုပ်မဆောင်းပဲ သွားတယ်ဆိုတဲ့ ဖြစ်ရပ် မျိုး ဟာ ရှားပါး ပြီး အမြဲလိုလို ဦးထုပ်ဆောင်းပြီးမှ အပြင်ထွက်ကြပါတယ်။

        The English Manner ရဲ့ စီနီယာ ကျူတာ ဖြစ်တဲ့ Diana Mather က ပြောရာမှာ..”အခုဆိုရင်တော့ ဦးထုပ်တွေဟာ တခြား ပုံမှန် ပွဲလမ်းသဘင်တွေ မှာပါ ဆောင်းနေ ကြပါပြီး ဗြိတိန် ယဉ်ကျေးမှုရဲ့ တစ်စိတ် တစ်ပိုင်းလို ဖြစ်လာခဲ့ပါပြီ ..”

လို့ ပြောပါတယ်။

        တကယ့် အရေးကြီးတဲ့ အထူး ပွဲ တွေ မှာဆိုရင် ဦးထုပ်ဆိုတာ မပါမဖြစ် အရာတစ်ခုလို ဖြစ်လာပြီလို့ ဖက်ရှင်ဒါရိုက်တာဟောင်း Hilary Alexander ကလည်း ပြောဖူးပါတယ်။Boston အခြေစိုက် ဦးထုပ်ပြုလုပ်တဲ့ Marie Galvin ကတော့ တစ်ချို့ အမျိုးသမီးတွေက ဦးထုပ်ကို သူတို့ရဲ့ ကြွယ် ၀ ချမ်းသာမှု၊ဆိုရှယ် status ၊ဗြိတိန် ရဲ့ ရိုးရာအစဉ်အလာကို လိုက်နာတဲ့ အနေနဲ့ ဦးထုပ်ကို ဆောင်းကြတာ လို့ ဆိုပါတယ်။

        တချို့ကျပြန်တော့လည်း သူတို့ကိုယ် သူတို့ ဖော်ကျူးတဲ့ အနေနဲ့ ဆောင်းကြတာပါ။(၁၉၃၀) (၁၉၄၀)လောက်တည်းက Doll Hat ဆိုတဲ့ ဦးထုပ် ဒီဇိုင်း ဆန်းကို ဆောင်း ခဲ့ကြပါတယ်။

 

doll hat

 

doll hat 1

Source:Aunty May

Read 1401 times
Rate this item
(1 Vote)
Tagged under