What's new

×

Warning

JUser: :_load: Unable to load user with ID: 845


သင့်အဝတ်အစားကြောင့် အရေပြားယားယံရခြင်းအကြောင်းရင်း

သင့်အဝတ်အစားကြောင့် အရေပြားယားယံရခြင်းအကြောင်းရင်း google

        ဓာတ်မတည့်တာ၊ သန်ထတာ၊ ဖုန်မှုန့်တွေကြောင့် အရေပြားယားယံခြင်းများ အမျိုးမျိုးရှိသော်လည်း အဝတ်အစားကြောင့် အရေပြား ယားယံခြင်းက ပိုပြီး အဖြစ်များပါတယ်။

အဝတ်အစားကြောင့်ဖြစ်တဲ့ အမှားများက အရေပြားပေါ်မှာ အကွက်များ ဖြစ်ပေါ် ယားယံတတ်ပါတယ်။ ဒီလို ယားယံမှုတွေ မဖြစ်စေဖို့အတွက် ဖြစ်တတ်တဲ့ အမှားတွေကို သိထားဖို့လိုပါတယ်။

အမျိုးသမီးအတွင်းခံအင်္ကျီကြိုး တင်းကျပ်လွန်းနေခြင်း

        ဘရာစီယာကြိုး တင်းကျပ်လွန်းနေတာကြောင့် ပခုံးတဝိုက်မှာ ပွတ်တိုက်မိခြင်းကြောင့် အရေပြားပွန်းပဲ့ ယားယံခြင်း ဖြစ်နိုင်ပါတယ်။ ချွေးစိုနေသော အဝတ်များ ကြာရှည် ဝတ်ဆင်ထားခြင်း။ ချွေးစိုနေသော အဝတ်များကို ကြာရှည် ဝတ်ဆင်ထားခြင်းသည် ဘက်တီးရီးယား ပေါက်ပွားခြင်းကို အားပေးသည့်အတွက် အရေပြားယားနာများ ဖြစ်ပေါ်စေပါတယ်။

လေဝင်လေထွက် မကောင်းသော အဝတ်များ ဝတ်ဆင်ခြင်း

        ဒီလို အဝတ်အစားမျိုးတွေက အပူကို ပိတ်လှောင်ထားသလို ဖြစ်တဲ့အတွက် ချွေးနဲ့ ဘက်တီးရီးယားပိုးများ လျင်မြန်စွာ ထွက်ရှိစေပါတယ်။ အရမ်းကျပ်လွန်းတဲ့ အင်္ကျီ ၊ဘောင်းဘီ များဝတ်ဆင်လေ့ရှိပါက ပွေး၊ညှင်းကဲ့သို့ ယားနာများ ဖြစ်ပေါ်စေနိုင်ပါတယ်။
အိတ်လွယ်ခြင်း။ ပစ္စည်းများစွာထည့်ထားတဲ့ ကျောပိုးအိတ်ဖြစ်စေ၊ဘေး လွယ်အိတ်ဖြစ်စေ အိတ်ရဲ့ တင်းအားက ယားယံခြင်းကို ဖြစ်စေပါတယ်။ အိတ်နဲ့ အဆက်မပြတ် ပွတ်တိုက်မိခြင်းက အရေပြားမှာ ယားနာ အဖုအပိန့်များ ထွက်စေနိုင်ပါတယ်။

ဆပ်ပြာမှုန့်

မိမိရွေးချယ်တဲ့ ဆပ်ပြာမှုန့် အမျိုးအစား မှားယွင်းပါက အရေပြား ဓာတ်မတည့်ခြင်းကြောင့် ဖြစ်တဲ့ ယားနာများဖြစ်ပေါ်စေနိုင်ပါတယ်။ အကောင်းဆုံး ဆပ်ပြာမှုန့် ကတော့ အမွှေးနံ့ မပါသော ဆပ်ပြာမှုန့် ကို သုံးစွဲခြင်းဖြစ်ပါတယ်။

Source:အလှအပနှင့် ကျန်းမာရေး

Read 1151 times
Rate this item
(0 votes)