What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒီဇိုင်နာနဲ့ မင်္ဂလာဝတ်စုံ အပ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ သိထားဖို့ လိုပါတယ်နော်

ဒီဇိုင်နာနဲ့ မင်္ဂလာဝတ်စုံ အပ်ချင်တယ်ဆိုရင်တော့ ဒီအချက်တွေ သိထားဖို့ လိုပါတယ်နော် google

မင်္ဂလာဝတ်စုံကို သူများနဲ့မတူဘဲ ဆန်းဆန်းပြားပြားလေးဖြစ်အောင် ဒီဇိုင်နာနဲ့ ချုပ်ချင်တဲ့ မိန်းကလေးတွေ ရှိပါသလား။

အဲ့ဒီလို ချုပ်လိုက်ခါမှ ဒီဇိုင်နာနဲ့ အဆင်မပြေလို့ ဝတ်စုံရလာကာမှ စိတ်ညစ်ရတာမျိုးတွေ ရှိတတ်ပါတယ်။ ဝတ်စုံမအပ်ခင်ရော၊ ဝတ်စုံရလာတဲ့အခါမှာရော ဒီဇိုင်နာကြောင့်စိတ်မညစ်စေဖို့ သေချာသတိထားရမယ့်အချက်တွေရှိပါတယ်။ ဘယ်လိုအချက်တွေဖြစ်မလဲဆိုတာ ပြောပြပေးပါ့မယ်။

ဒီဇိုင်နာအပ်မယ်တွေးရင်

သတို့သမီးလောင်းလေးတို့ ဒီဇိုင်နာအပ်မယ်လို့စတင်ပြီးတွေးလိုက်တာနဲ့ ဒီဇိုင်နာကိုမရှာခင်မှာ အရင်ဆုံးကုန်ကျစရိတ်ကိုတွက်ပါ။ ကိုယ်ကုန်ကျခံနိုင်မယ့်ကုန်ကျစရိတ်ကိုသိမှ ဒီဇိုင်နာရွေးချယ်လို့ရမှာပါ။ နောက်တစ်ခုက အသစ်ချုပ်အငှားလား၊ ကိုယ်ပိုင်လားဆိုတာ သေချာလေးတွေးပါ။ ဒီ(၂) ချက် အတိအကျသိရမှ ဒီဇိုင်နာရှာပါ။

Read: မြန်မာလူငယ် ၂၀ ဦး တရုတ်နိုင်ငံသို့ ချည်မျှင်နှင့် အထည်အလိပ် လုပ်ငန်း အတွက် သွားရောက် ပညာသင်ကြားမည်

ဒီဇိုင်နာဘယ်လိုရှာမလဲ

ခုနောက်ပိုင်းမှာ မင်္ဂလာဝတ်စုံချုပ်ပေးတဲ့ ဒီဇိုင်နာတွေလည်းများလာပါတယ်။ ဒီလို အများကြီးထဲကမှ အကောင်းဆုံး တစ်ယောက်ကိုရွေးချယ်အပ်နှံရမှာပါ။ ဒီဇိုင်နာအရွေးမှန်မှသာ ဒီဇိုင်နာကြောင့်စိတ်မညစ်ရမှာပါ။ ဒီဇိုင်နာ ရွေးချယ်ပြီဆိုရင် သူ ဘယ်လိုပုံစံလေးတွေချုပ်တာပိုကောင်းလဲ ကိုယ်လိုချင်တဲ့ပုံစံနဲ့ ကိုက်ညီအောင် အနီးစပ်ဆုံးချုပ်နိုင်လားဆိုတာ ကြည့်ပါ။ သူ့ဆီမှာအပ်တဲ့သူ အရမ်းများလား၊ ရက်ချိန်းဘယ်လောက်ချိန်းလဲ၊ ဒီဇိုင်နာခ ဘယ်လောက်ယူလဲ၊ ကိုယ်လိုချင်တဲ့ကုန်ကျစရိတ်နဲ့ကိုက်ညီလားဆိုတာ အရင်ဆုံးစုံစမ်းပါ။ အပေါ်မှာပြောပြထားတဲ့အချက်တွေနဲ့ကိုက်ညီမှသာရွေးချယ်ပါ။

စိတ်မညစ်ရလေအောင်

ဒီဇိုင်နာနဲ့အပ်တဲ့အခါမှာ ဝတ်စုံ ဒီဇိုင်းအကြမ်းဆွဲပြတာကို ကြည့်ကိုကြည့်ပါ။ ပိတ်စက သူဝယ်ပေးမှာလား၊ ကိုယ်လိုချင်တဲ့ ပိတ်စရနိုင်လားဆိုတာ သေချာလေးစုံစမ်းပါ။ အကြမ်းဆွဲပြတဲ့ ဒီဇိုင်းမြင်ပြီးမှသာ ချုပ်ဖို့ရက်ချိန်းပါ။ ဒါမှ သူပြောပြထားတဲ့ ဒီဇိုင်းနဲ့ထွက်လာတဲ့ ဒီဇိုင်း ရှိ၊ မရှိ သိနိုင်မှာပါ။ နောက်ထပ် သတိထားရမယ့်အချက်ကတော့ ဒီဇိုင်နာ ကိုယ်တိုင်ချုပ်မှာလားဆိုတာပါ။ တချို့သတို့သမီးလေးတွေအပ်ပြီးမှ စိတ်ညစ်ရတဲ့အချက်က တပည့်တွေနဲ့ ချုပ်ခိုင်းတာပါ။ သေချာမကြပ်မတ်ပေးလို့ဝတ်စုံထွက်လာတဲ့အခါ အဆင်မပြေတာတွေ ဖြစ်တတ်ပါတယ်။ ဒီတော့ ဒီတစ်ချက်ကို သေချာလေးဂရုစိုက်ရပါမယ်နော်။

အရံဝတ်စုံ

သတို့သမီးလောင်းလေးတို့ကို အကြံပြုချင်တာကတော့ အရံဝတ်စုံတွေကိုပါ ဒီဇိုင်နာနဲ့ အပ်မယ်တွေးထားရင်တော့ အရံဝတ်စုံတွေ အရင်အစမ်းချုပ်ခိုင်းကြည့်ပါ။ အဆင်ပြေမှ သတို့သား၊ သတို့သမီးလေးတွေအတွက်အပ်ပါ။ ဒီလိုဆိုရင်တော့ နည်းနည်းလေးစိတ်အေးရမှာပါ။

သတိပြုရမယ့်အချက်

သတို့သမီးလောင်းလေးတို့ ဒီဇိုင်နာနဲ့အပ်တဲ့အခါမှာ အပိုင်ချုပ်ဆိုရင် သိပ်ပြဿနာမရှိပေမယ့် အသစ်ချုပ်အငှားဆိုရင်တော့ အချိန်က ထည့်စဉ်းစားရမယ့် အချက်တစ်ချက်ပါ။ သတို့သမီးလေးတို့ အပ်တဲ့အချိန် ရွေးတဲ့အချိန်ကို သတိပြုရပါမယ်။ ဘာလို့လဲဆိုတော့ ဒီဇိုင်နာက နောက်တစ်ဦးကို ငှားမှာဖြစ်တဲ့အတွက် အချိန်တိတိကျကျ ရွေးဖို့လိုပါတယ်။ အကယ်လို့ သတို့သမီးလေးတို့ ရက်ရွေ့တာမျိုး လုပ်မယ်ဆိုရင် အဲဒီရက်အတွက် အပိုငွေ ထပ်ဆောင်းပေးရတာမျိုး ရှိတတ်တာကို သတိပြုပါနော်။

အခု ပြောပြထားတဲ့အချက်လေးတွေကို သိပြီးပြီဆိုရင်တော့ ဒီဇိုင်နာနဲ့ အပ်တဲ့အခါမှာ အဆင်ပြေမှာပါ။ သတို့သမီးလောင်းလေးတို့ ဒီဇိုင်နာကြောင့်စိတ်မညစ်ရလောက်တော့ပါဘူး။

Credit : Marry

Myanmar Textile and Garment Directory

Read 1540 times
Rate this item
(0 votes)