What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဖိနပ်ပေါက်တဲ့ဒဏ်မှ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း(၅)ခု

ဖိနပ်ပေါက်တဲ့ဒဏ်မှ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း(၅)ခု goolge

မိန်းကလေးတွေမှာအလှအပ နဲ့ ပတ်သတ်လို့ အင်္ကျီ အဝတ်အစားတွေ အပြင် crazy ဖြစ်ကြတာ ဖိနပ်တွေပါ ။ Heels တွေsneaker တွေ sandels တွေ slider တွေ တကယ့်ကို အစုံပါပဲ ။ အဲ့ထဲကမှHeels တွေ ကိုယ့်ကို ဒုက္ခ အပေးဆုံးကတော့ ဖိနပ်ပေါက်တာပါပဲ ။

ဈေးကြီးပေးရတဲ့brand တွေလည်း အခန့်မသင့်ရင် ဖိနပ်ပေါက်တာ ဖြစ်တာပါပဲ ။ ကိုယ်ကလည်း အဲ့ဖိနပ် ကို အရမ်းစီးချင်၊ စီးတိုင်းလည်း ခြေဖမိုးတွေ ခြေထောက်တွေ ဒဏ်ရာ တွေဖြစ် ။ တကယ်ကို စိတ်ရှုပ်စရာပါပဲ။ အဲ့လို ဖြစ်တာတွေကိုကာကွယ်နိုင်ဖို့ နည်းလမ်းလေး တွေ သိသလောက်မျှဝေ ပေးလိုက်ပါတယ် နော် ။

1) ခြေဖနောင့်မှာplaster ကပ်ပါ 

plaster min

ဒါက ကျွန်မတို့တော်တော်များများ အစကတည်းက သိပြီးသားပါပဲ ။ ကိုယ်နဲ့ ဖိနပ်ပေါက်တတ်တဲ့ shoe တွေheels တွေစီးတော့မယ်ဆို ခြေ ဖနောင့် နားက အဓိက ဖိနပ် ပေါက်တတ်တဲ့ အတွက် ကာကွယ်တဲ့ အနေနဲ့plaster ကပ်လိုက်ယုံပါပဲ ။

2) Babypowder

babybodwe min

ဒီနည်းလမ်းကတကယ်အသုံးဝင်ပေမယ့် တော်တော်များများ မသိကြပါဘူး ။ powder မှုန့် တွေက ခြေထောက် နဲ့ဖိနပ် ပွတ်တိုက်မိ ပြီး ဒဏ်ရာ ဖြစ်တာကို ကာကွယ်ပေးနိုင်ပါတယ် ။ ဖိနပ် မစီးခင် စီးမယ့်ဖိနပ် ထဲကို ပေါင်ဒါ အနည်းငယ်ထည့်ပေးထားရင် ဖိနပ်ပေါက်တာကို သက်သာစေပါတယ် ။

3) ခြေထောက်ပုံစံ

heel type min

ဖိနပ်ပေါက်တာကာကွာဖို့ အတွက် အဓိက အရေးကြီးကတော့ ကိုယ့် ခြေထောက် ပုံစံ အနေအထားနဲ့ ကိုက်ညီမယ့်ဖိနပ်မျိုးကိုပဲ ရွေးချယ်သင့်ပါတယ် ။ ဥပမာ - ခြေပြားကြီးတဲ့ သူတွေဆို ထိပ်ချွန် တဲ့lady shoes တွေ high heel တွေကို မရွေးချယ်သင့်ပါဘူး ။ ခြေခုံမောက် တဲ့ လူတွေဆိုလည်းကြိုးသိုင်း ဖိနပ် အကျပ် တွေ မဝတ်ဆင်သင့်ပါဘူး ။

4) ရေခဲထုတ်

refrigerating min

ဒါက ဖိနပ်အသစ်ကိုပဲ လုပ်သင့်တယ် ။ ပလစ်စတစ်အိတ် ခပ်ကြီးကြီး ၂ ထဲကို ရေ လီတာ ဝက်စီ လောက်ထည့် ပြီးရင် အိတ်ကို ချည် ၊ ပြီးရင် ဖိနပ် တစ်ဖက် စီထဲ တစ်အိတ်စီထည့် ။ အကုန်ပြီးပြီဆို အဲ့ ရေအိတ်ထည့်ထားတဲ့ ဖိနပ်ကို ရေခဲသေတ္တာ ထဲ ထည့်လိုက်ယုံပဲ ။ ဒီနည်းလမ်းက တကယ်သိသာတယ်၊ ဖိနပ်ဆိုဒ် ကျဉ်းနေတာမျိုးဆိုလည်း လုပ်လို့ရတယ် ။ အိတ်ထဲက ရေတွေက freezer ထဲရောက်တော့ ခဲသွားတာနဲ့ အမျှ ရေခဲထုတ် ရဲ့တောင့်တတ်လာမှုကိုလိုက်ပြီးဖိနပ်ကလည်း ကျယ်လာတယ် ။ ဒါပေမယ့် ဖိနပ် အဟောင်းတွေဆိုရင်တော့ ရေခဲသေတ္တာထဲ ထည့်ဖို့ကနည်းနည်း ပြဿနာ ရှိတယ်လေနော် ။

ဘရာဝယ်တိုင်း လုပ်မိလေ့ရှိတဲ့ အမှားတွေ

5)silicon

silicon min

တချို့ ဖိနပ်ဆိုင်ကြီး တွေ နဲ့ mall တွေမှာရောင်းလေ့ရှိပါတယ်။ ကျွန်မ တို့ မိတ်ကပ်လိမ်းတဲ့ silicon လို pad လေးတွေပါ ။ သူက ဖိနပ် ပေါက်တတ်တဲ့နေရာအထူးသဖြင့် ဖနောင့်စွတ် နားပေါ့ ။ အဲ့လို နေရာမှာကပ်ပေးလိုက်ရင် ဖိနပ် လုံးဝ မပေါက်နိုင်တဲ့အပြင် စီးရတာလည်းသက်တောင့်သက်သာရှိပါတယ် ။
တကယ်လို့ဒီနည်းလမ်းတွေ ကြိုးစားကြည့်ပေမယ့် ဖိနပ်ပေါက်တုန်းပဲ ဆိုရင် pencil heel တွေထက်wedge heel တွေပဲ စီးဖို့ အကြံပေးပါရစေ ။ wedge heel တွေက စီးရတာလည်း ပိုမို လွယ်ကူတဲ့အပြင် ဖိနပ်ပေါက်တာလည်း သက်သာစေပါတယ် ။

Read 1787 times
Rate this item
(1 Vote)