What's new

×

Warning

JUser: :_load: Unable to load user with ID: 845


စက်ချုပ်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးများ

စက်ချုပ်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးများ google

တစ်ချို့သောသူတွေက စက်ချုပ်တဲ့ ပညာရပ်ကို တန်ဖိုးမထားတတ်ကြပါဘူး။ ဒါပေမယ့် အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုတဲ့အတိုင်းပါပဲ။ စက်ချုပ်တတ်ထားတဲ့အတွက် ကိုယ်ဝတ်ချင်တဲ့

အင်္ကျီလှလှလေးတွေကို ကိုယ်တိုင်ချုပ်ဝတ်နိုင်မှာပါ။ ကိုယ် ချုပ်ထားတာလေးကို ဝတ်ကြည့်ပြီး မှန်ထဲမှာ ကြည့်လိုက်လို့ လှနေတယ်ဆိုရင် အဲ့ဒီပီတိက ဘာနဲ့မှ လဲလို့ရမှာ မဟုတ်ပါဘူး။ ဒီနေ့မှာတော့ စက်ချုပ်ခြင်းကနေ ရရှိမယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးမှ ဖြစ်ပါတယ်။

(၁) ကုသိုလ်လည်းရ ဝမ်းလည်းဝ
သူများကိုလှစေချင်တဲ့ စေတနာလေးနဲ့ ချုပ်ပေးလိုက်တယ် ဆိုရင် အလိုလိုနေရင်း ကုသိုလ်ရ၊ နောက်ဘဝမှာ ရုပ်ရည်လည်း လှစေမယ့် ပညာရပ်တစ်ခုပါ။

(၂)ဘယ်တော့မှ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
တိမ်ကောပျောက်ကွယ်သွားမယ့် ပညာရပ် မဟုတ်ပဲ ဒေသတိုင်း၊ နေရာတိုင်းမှာ လိုအပ်တဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။

Read: Star Awards ဆုပေးပွဲမှာ Fashion Award ဆု ရရှိခဲ့တဲ့ ပိုင်ဇေရဲထွန်းရဲ့ ဇနီးချောလေး ဇင်သဲနိုင်

(၃) မိန်းကလေးတွေနဲ့ သင့်တော်တဲ့ ပညာရပ် တစ်ခုလည်း ဖြစ်ပါတယ်။
မိန်းကလေးတစ်ယောက်အတွက် အသင့်တော်ဆုံးနဲ့ ဘဝအာမခံချက် အပြည့်အဝပေးနိုင်မယ့် လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။

(၄) သည်းခံစိတ် အပြည့်ရှိသွားပါတယ်။
ဖောက်သည်တွေရဲ့ စရိုက်ကို သိပြီး လိုက်လျောညီထွေ ဆက်ဆံတတ်လာတာကြောင့် သည်းခံစိတ်လဲ ရှိလာမှာ ဖြစ်ပါတယ်။

(၅) စိတ်ကူးဥာဏ်အသစ်တွေ ရရှိလာပါတယ်။
စက်ခုံပေါ်မှာ ထိုင်နေပေမယ့် အတွေးထဲမှာ ဘယ်လိုဖက်ရှင် ဒီဇိုင်းဆန်းလေးတွေကို ချုပ်ရမလဲ အမြဲ စဉ်းစားနေရတဲ့အတွက် ဆန်းသစ်တဲ့ စိတ်ကူးလေးတွေ ရရှိလာစေပါတယ်။

(၆) ဖက်ရှင်နဲ့ ပတ်သက်ပြီး နောက်ကျ ကျန်မနေတော့ပါဘူး။
စက်ချုပ်တဲ့အလုပ်ကို လုပ်ကိုင်နေရလို့ အခုအချိန်မှာ ဘယ်လို ဖက်ရှင်တွေက လူကြိုက်များနေလဲ ဆိုတာ အမြဲ လေ့လာ နေရတဲ့အတွက် ခေတ်နောက်ကျတာမျိုး ဖြစ်တော့မှာ မဟုတ်ပါဘူး။

Source: ပန်းစွယ်တော်

Myanmar Textile and Garment Directory

Read 11620 times
Rate this item
(1 Vote)