What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဒေါက်ဖိနပ်လှလှလေးတွေကို ဆိုဒ်မှန်မှန်ကန်ကန် ဘယ်လိုရွေးရမလဲ

ဒေါက်ဖိနပ်လှလှလေးတွေကို ဆိုဒ်မှန်မှန်ကန်ကန် ဘယ်လိုရွေးရမလဲ google

ဒေါက်ဖိနပ်လှလှလေးတွေက နေရာကောင်းလေးတွေကို ခေါ်သွားတတ်တယ်ဆိုပေမယ့် ဖိနပ်လှလှလေးတွေ ကလည်း ဆိုဒ်မမှန်ရင် ဒုက္ခပေးတတ်သေးတယ်ဆိုတာကိုတော့ မေ့ထားလို့ မရပါဘူးနော်။

ဖိနပ်ဆိုဒ်မမှန်တာ ပြောပလောက်တဲ့ ကိစ္စမဟုတ်ဘူးလို့ ထင်ရပေမဲ့ ဖိနပ်ဆိုဒ်မမှန်တာကြောင့် ပျိုမေလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါဆို ဒေါက်ဖိနပ်လှလှလေးတွေကို ဆိုဒ်မှန်မှန်ကန်ကန် ဘယ်လိုရွေးရမလဲ ဆိုပြီး ခေါင်းရှုပ်နေပါသလား။ မပူပါနဲ့ ပျိုမေလေးတို့ကို နည်းလမ်းလေး (၄) ခု ပြောပြပါမယ်။

(၁) မနက်ပိုင်းလား ညနေပိုင်းလား

ဆိုဒ်မှန်တဲ့ ဒေါက်ဖိနပ်တစ်ရံကို လိုချင်တယ်ဆိုရင်တော့ ညနေဘက်မှာ ဖိနပ်ဝယ်တာ ကောင်းပါမယ်။ ဒီလိုပြောလို့ထူးဆန်းသွားပါသလား။ နည်းနည်း ရှင်းပြပေးချင်ပါတယ်။ တစ်နေကုန် လှုပ်ရှား သွားလာ နေရတဲ့အတွက်ကြောင့် ညနေဘက်တွေမှာ ခြေထောက်က ပုံမှန်ထက် နည်းနည်းလေး ပို ဖောင်းနေတတ်ပါတယ်။ ဒါကို သတိမထားမိဘဲ ဝယ်မိရင်တော့ မနက်ပိုင်းက ကွက်တိဖြစ်နေတဲ့ ဒေါက်ဖိနပ်ဟာ ညနေမရောက်ခင်မှာ ကျပ်နေပြီး ခြေထောက်နာလာမှာပါနော်။

 (၂) အစမ်းစီးကျင့်ဖို့ မပျင်းပါနဲ့။

မဝယ်ခင် ဆိုင်ထဲမှာကတည်းက အစမ်းစီးပြီး လမ်းလျှောက်ကြည့်ပါ။ ဆိုင်မှာတည်းက ကျပ်သလိုဖြစ်နေတဲ့ ဖိနပ်ကို မဝယ်ပါနဲ့။ စီးရင်းနဲ့ ချောင်သွားမယ်ဆိုတာ ဂျင်းစကားပါ။ ဆိုဒ်မှန်တဲ့ ဒေါက်ဖိနပ်တစ်ရံဆိုတာ စီးလိုက်တာနဲ့ ခန္ဓာကိုယ်ကို အထောက်အပံ့ပေးပြီး သက်တောင့်သက်သာ ဖြစ်နေရပါမယ်။ ဖနောင့်နာတာတို့ ခြေချောင်းနေရာလေးတွေ ကျပ်နေတာတို့ဆို နောက်တစ်ဆိုဒ် ပြောင်းစီးကြည့်ပါ။

(၃) ကိုယ်နဲ့ အဆင်ပြေမယ့် အမြင့်ပဲ ဝယ်ပါ။

မြင့်လေ၊လှလေ ဆိုတဲ့ စကားတွေကို နားမယောင်ပါနဲ့။ အဓိကက ကိုယ်နဲ့ အဆင်ပြေဖို့ပါ။ အမြင့်ကြီးဝယ်ပြီး ခြေထောက်နာလို့ မရယ်နိုင်၊ မပြုံးနိုင်ဆိုရင် လှဖို့တောင် အာရုံစိုက်နိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ်နဲ့ ကိုက်ပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် ဒေါက်အမြင့်ကို ချိန်ဆပြီး ဝယ်ပါ။ အခုမှ ဒေါက်မြင့်စစီးမယ့်သူ ဆိုရင်တော့ နှစ်လက်မအမြင့်ဒေါက်လောက်ကို ရွေးသင့်ပါတယ်။

(၄) အွန်လိုင်းက ဝယ်မယ်ဆိုရင်။

အခုနောက်ပိုင်းမှာတော့ အွန်လိုင်းက ဝယ်တာ ပိုများလာပါတယ်။ သွားရလာရ သက်သာတယ်လေ။ အွန်လိုင်းကနေ ဝယ်တဲ့ ပျိုမေလေးတွေ တော်တော်များများ ကြုံရတဲ့ ပြဿနာတစ်ခုရှိတယ်။ အဲဒါကတော့ ဆိုဒ်ရွေးရတာပဲ။ ကိုယ်စီးနေကျ ဆိုဒ်အတိုင်း မှာလိုက်ပေမဲ့ ရောက်လာတော့ ကျပ်နေတာ ချောင်နေတာမျိုးတွေ ရှိတယ်ပေါ့။ ဒါကြောင့် မမှာခင်မှာ ရောင်းတဲ့သူဆီက Size Chart တောင်းပါ။ Size Chart မှာ ခြေထောက်အတိုင်းအတာနဲ့ ဆိုဒ်ကို တွဲပြထားတာကြောင့် ပျိုမေလေးရဲ့ ခြေထောက်အတိုင်းကို စင်တီမီတာနဲ့တိုင်းပြီး ဆိုဒ်နဲ့ယှဉ်ကြည့်ပြီး ဝယ်ပါ။

Source: For Her Myanmar

Myanmar Textile and Garment Directory

Read 1643 times
Rate this item
(0 votes)
Tagged under