What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အဖြူရောင်ဂျင်းဘောင်းဘီကို ဘယ်လိုအင်္ကျီမျိုးနဲ့ လိုက်ဖက်အောင် ဝတ်ဆင်မလဲ

မိန်းကလေးတွေ နေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေထဲမှာ ဘယ်လိုအဝတ်အစားမျိုး ဝတ်ရမလဲဆိုပြီး စဉ်းစားရတာလည်းအလုပ်တစ်ခုပါပဲ။

အပြင်သွားခါနီး အဝတ်ဗီရိုရှေ့မှာ အချိန်တော်တော်ကြာကြာ ကုန်သွားလောက်အောင်ကို အဝတ်အစားတွေရွေးနေရတာကလည်း မိန်းကလေးတွေရဲ့ပြဿနာတစ်ခုပါပဲ။ ဒီတော့ အချိန်အကြာကြီးပေးစရာမလိုတော့အောင်လို့ Fashion Tips လေးတွေကိုပြောပြပေးပါမယ်။ ဒါကတော့ ဘယ်တော့မှရိုးမသွားတဲ့ ဂျင်းစတိုင်ကိုမှ လူတိုင်းနဲ့လိုက်ဖက်တဲ့အရောင်လေးဖြစ်တဲ့ အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့ လိုက်ဖက်မယ့်ဒီဇိုင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

၁. Chambray Shirt

12

အဖြူရောင် ဂျင်းဘောင်းဘီလေးနဲ့ Chambray Shirt လေးနဲ့ဆိုရင်လည်း အလိုက်ဖက်ဆုံးဖက်ရှင်တစ်ခုပါပဲ။ အဖြူရောင်က ဘယ်ရောင်နဲ့မဆိုလိုက်ဖက်တယ်ဆိုပေမယ့် အပြာရောင်လေး ရှပ်အင်္ကျီလေးနဲ့ဆိုရင်တော့ တကယ်ကိုလိုက်ဖက်တဲ့အရောင်လေးပါပဲနော်။ သင့်မှာဂျင်းဘောင်းဘီအဖြူရောင်လေးရှိတယ်ဆိုရင်တော့ အပေါ်အင်္ကျီကို ရှပ်အင်္ကျီအပြာရောင်လေး ဝတ်သင့်ပါတယ်။

၂. Off-Shoulder Top

14
ဂျင်းဘောင်းဘီအဖြူကိုမှ အပြဲဒီဇိုင်းမျိုးဆိုရင်တော့ ချစ်စရာကောင်းပြီး စတိုင်လည်းကျတဲ့ Off-Shoulder လေးကိုဝတ်ဆင်လို့ရပါတယ်။
Off-Shoulder နဲ့ ဂျင်းဘောင်းဘီကလည်း လိုက်ဖက်တဲ့ဖက်ရှင်တစ်ခုပါပဲ။ ဒီလိုမျိုးလေးဝတ်ပြီးရင်တော့ အင်္ကျီနဲ့လိုက်ဖက်မယ့် Accessories လေးတွေနဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ တကယ်ကိုလှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သွားစေမှာပါ။

၃. Tied-Up Shirt

3
အဖြူရောင်ဂျင်းဘောင်းဘီဆိုတာက ဖက်ရှင်ရေစီးကြောင်းထဲမှာဆိုရင်တော့ ဘယ်တော့မှရိုးအီမသွားပဲ အမြဲတမ်းဆန်းသစ်နေတဲ့ဖက်ရှင်တစ်ခုပါပဲ။ အဖြူရောင်ဂျင်းဘောင်းဘီလေးနဲ့ ပေါ့ပေါ့ပါးပါးစတိုင်မျိုးလေးဝတ်ချင်တယ်ဆိုရင်တော့ ရှပ်အင်္ကျီအစင်း (သို့မဟုတ်) ရှပ်အင်္ကျီအကွက်လေးကိုရှေ့လေးကိုစည်းထားတဲ့ပုံစံလေးနဲ့ ဝတ်မယ်ဆိုရင်တော့ အထာကျကျနဲ့လှနေမယ့်စတိုင်လေးပေါ့။ ဒီလိုမျိုး ဝတ်တတ်တဲ့ဒီဇိုင်းလေးကဆိုရင်တော့ ဖိနပ်ကို Sneakers လေးစီးပြီး ဆံပင်လေးကို ပွယောင်းယောင်းလေးထုံးလိုက်မယ်ဆိုရင်တော့ အရမ်းမိုက်တဲ့စတိုင်လေးပဲပေါ့။

ရှပ်အကျီအဖြူလေးတွေကို ဒီလိုအထာကျကျ ဝတ်ဆင်ကြမယ်

၎. Black Top

4
အရောင်တွေထဲမှာအလိုက်ဖက်ဆုံးကတော့ အဖြူ နဲ့ အမည်းပါပဲ။ ဒီတော့ ဂျင်းဘောင်းဘီအဖြူရောင်လေးဝတ်မယ်ဆိုရင်တော့ အပေါ်အင်္ကျီလေးကို အမည်းရောင်လေးနဲ့ တစ်ခြား Accessories လေးတွေနဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့ မိန်းကလေးဆန်ဆန်ချစ်စရာကောင်းပြီး သပ်သပ်ရပ်ရပ်လေးနဲ့လှပနေမှာဖြစ်ပါတယ်။

၅. Floral Top

5
အရောင်လေးတွေနဲ့ ပန်းပွင့်အင်္ကျီလေးကို ဂျင်းဘောင်းဘီအဖြူရောင်လေးနဲ့ ဝတ်လိုက်မယ်ဆိုရင်တော့ မိန်းကလေးဆန်ပြီးလှလှပပလေးနဲ့ ပေါ့ပေါ့ပါးပါးလေးနဲ့ ချစ်ဖို့လည်းကောင်းနေမှာပါ။ Accessories တွေကိုလည်းအများကြီးမဝတ်ပဲ ရိုးရိုးရှင်းရှင်းလေးပဲဝတ်ပြီး အိတ်သေးသေးလေးလွယ်လိုက်ရင်တောင် လှသွားမှာပါနော်။

၆. Crop Top

8
ခန္ဓာကိုယ်ပိန်ပိန်ပါးပါးကောင်မလေးတွေဆိုရင်တော့ ဂျင်းဘောင်းဘီအဖြူရောင်လေးနဲ့ CropTop လေးနဲ့ဆိုရင်လည်း ဖက်ရှင်ကျပြီး စတိုင်ကလည်းအရမ်းလန်းတဲ့ ကောင်မလေးဖြစ်သွားမှာပေါ့။ လိုက်ဖက်တဲ့ Accessories လေးနဲ့ဆိုရင်တော့ ပိုပြီးပြည့်စုံသွားတာပေါ့။ Accessories လေးတွေထည့်တဲ့အခါမှာလည်း အများကြီးမဟုတ်ပဲ ဆွဲကြိုးလေးလောက်ပဲဆိုရင်တောင် ခေတ်ဆန်ဆန်လေးနဲ့ ဆွဲဆောင်မှုရှိနေစေမှာပါ။

၇. Striped Top

7
အဖြူရောင်ဂျင်းဘောင်းဘီလေးကို အပေါ်ကနေ အစင်းပါတဲ့အင်္ကျီလေးနဲ့ ဝတ်မယ်ဆိုရင် မျက်လုံးထဲမှာမြင်လိုက်ရင်တောင် တော်တော်ကိုလှပပြီးဆွဲဆောင်မှုရှိနေပါပြီ။ ဂျင်းဘောင်းဘီအဖြူရောင်လေးကို အပေါ်ကနေအဖြူအမည်းအစင်း အင်္ကျီလေးနဲ့ဝတ်လိုက်မယ်ဆိုရင်တော့ ရိုးရိုးလေးဆိုပင်မယ့်လည်း ဒီလိုအဝတ်အစားမျိုးနဲ့ဆိုရင် လူကြားထဲမှာတောင် ထင်ရှားနေမှာဖြစ်ပါတယ်။

 

Source:we media

Read 1871 times
Rate this item
(2 votes)