What's new



ဗီယက်နမ် ၂၀၂၃ ခုနှစ် ချုပ်ထည်နှင့် အထည်အလိပ်တင်ပို့မှု ကျဆင်းဖွယ်ရှိ

ဗီယက်နမ် ၂၀၂၃ ခုနှစ် ချုပ်ထည်နှင့် အထည်အလိပ်တင်ပို့မှု ကျဆင်းဖွယ်ရှိ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်၏ အထည်အလိပ်နှင့် ချုပ်ထည် တင်ပို့မှုသည် ယခုနှစ်တွင် ၅ ဒသမ ၀ ရာခိုင်နှုန်းမှ ၆ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းရန် မျှော်မှန်းထားကြောင်း သိရသည်။ စုစုပေါင်း တန်ဖိုး ကန်ဒေါ်လယ ၄၀.၅ ဘီလီယံမှ ၄၁ ဘီလီယံ ကြားတွင် ရှိမည်ဟု ခန့်မှန်းထားသည်။

ပင်လယ်ရပ်ခြားမှ အမှာစာများ လျော့နည်းနေသည်ဟု အထည်အလိပ်နှင့်အထည်ချုပ်အသင်းက ပြောကြားသည်။

အထည်အလိပ်နှင့် အဝတ်အထည်များသည် စမတ်ဖုန်းနှင့် အီလက်ထရွန်းနစ်ပစ္စည်းများပြီးလျှင် ဗီယက်နမ်၏ တတိယအများဆုံး ပို့ကုန်ဝင်ငွေ ရရှိသည့် လုပ်ငန်းကဏ္ဍ ဖြစ်သည်။

Nike၊ Calvin Klein၊ Zara၊ Adidas နှင့် Ralph Lauren တို့ အပါအဝင် တန်းမြင့် အမှတ်တံဆိပ်များအတွက် ထုတ်လုပ်ပေးသည်။

 

"ကမ္ဘာ့စီးပွားရေးက ပြန်ကောင်းမလာသေးဘူး။ စားသုံးသူတွေက  အဝတ်အထည် အပါအဝင် ကုန်ပစ္စည်းတွေအတွက်  အသုံးစရိတ်တွေ လျှော့ထားကြတယ်" ဟု ဗီယက်နမ် အထည်အလိပ်နှင့် အဝတ်အထည် အသင်း Vietnam Textile & Apparel Association ဥက္ကဋ္ဌ Vu Duc Giang က ပြောကြားသည်။

 

“ဒါဟာ ဗီယက်နမ်အတွက်သာ မဟုတ်ပါဘူး။ ကမ္ဘာ့အထည်ချုပ်လုပ်ငန်းနဲ့ အထည်အလိပ်လုပ်ငန်းအတွက် စိန်ခေါ်မှုတစ်ခုပါ” ဟု ၎င်းက ပြောကြားသည်။

 

ယခုနှစ်အတွင်း ဗီယက်နမ်တွင် အထည်ချုပ်နှင့် အထည်အလိပ်လုပ်ငန်း အများအပြားသည် ၎င်းတို့၏ ထုတ်လုပ်မှုကို လျှော့ချထားရသည်။ အမှာစာမရှိခြင်းကြောင့် အလုပ်သမား ထောင်ပေါင်းများစွာ လျှော့ချခဲ့ရသည်။

 

ပြန်ကောင်းလာသည့် လက္ခဏာများ တွေ့ရှိကြောင်း၊ သို့သော် ၂၀၂၄ ခုနှစ်အထိ အကျဘက်မှာ ဆက်ရှိနေဦးမည် ဖြစ်ကြောင်း Giang က ပြောကြားသည်။

 

ဗီယက်နမ်၏ အထည်အလိပ်နှင့်ပတ်သက်သော ပို့ကုန်သည် ယခုနှစ် ပထမ ၇ လတွင် ၁၇% ကျဆင်းခဲ့ပြီး ပထမ ၉ လအတွင်း ၁၃.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ သို့ဖြစ်ရာ အနည်းငယ် ပြန်ကောင်းလာကြောင်း ၎င်းက သုံးသပ်သည်။

 

“လာမယ့်နှစ်ဟာ  ပိုကောင်းတဲ့နှစ်ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု Giang က ပြောကြားသည်။

Source cna


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Read 256 times
Rate this item
(0 votes)