What's new



အမေရိကန် ဖက်ရှင်ထည် လုပ်ငန်းများ ချုပ်ထည် အမှာစာများ လျှော့ချ

အမေရိကန် ဖက်ရှင်ထည် လုပ်ငန်းများ ချုပ်ထည် အမှာစာများ လျှော့ချ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 ဝယ်လိုအား အားနည်းခြင်းနှင့် အမေရိကန်တွင် မသေချာမရေရာသော စီးပွားရေး အလားအလာများကြောင့် ယခုနှစ်အတွင်း ချုပ်ထည် အမှာစာများ တိုးချဲ့နိုင်ခြေ နည်းပါးကြောင်း အမေရိကန် ဖက်ရှင်အမှတ်တံဆိပ်များက ပြောကြားကြကြောင်း အမေရိကန် ဖက်ရှင်လုပ်ငန်း အသင်းမှ ထုတ်ပြန်သည့် စစ်တမ်းတွင် ဖော်ပြထားသည်။ 

အဆိုပါစစ်တမ်းသည်  ဧပြီလမှ ဇွန်လအတွင်း  ဝန်ထမ်း ၁,၀၀၀ ကျော်ရှိသည့် ဖက်ရှင်ကုမ္ပဏီ ၃၀ ကို မေးမြန်းထားသည်။

 အမေရိကန်သို့ အဝတ်အစားတင်သွင်းမှုသည်  ယခုနှစ် ပထမငါးလတွင် တန်ဖိုးအားဖြင့် ၂၃ ရာခိုင်နှုန်း ယခင်နှစ်ထက် လျော့နည်းခဲ့သည်။

 

လက်ရှိတွင် ချုပ်ထည်များကို ဗီယက်နမ်မှ အများဆုံး တင်သွင်းသည်။ ဒုတိယအများဆုံးမှာ တရုတ်ဖြစ်သည်။ ၎င်းနောက်တွင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားတို့ အစဉ်အတိုင်း အသီးသီးရှိနေကြသည်။

 

မက္ကဆီကို (သတ္တမ)၊ ဂွာတီမာလာ (နဝမ) နှင့် နီကာရာဂွာ (ဒသမ) ၃ နိုင်ငံတို့သည် ထိပ်တန်း (၁၀) စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာသည်။

 

အထည်ချုပ်သည့် ရင်းမြစ်ကို တရုတ်ပြည်ပြင်ပတွင် လုပ်ကိုင်ကြသော်လည်း ချည်၊ အထည်အလိပ် အစရှိသည့် ကုန်ကြမ်းများကို တရုတ်နိုင်ငံထံမှသာ ရယူကြဆဲ ဖြစ်သည်။ 

 

Source Asia nikkei 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 382 times
Rate this item
(0 votes)