အခုနောက်ပိုင်းမှာတော့ Off the Shoulder Top လေးတွေနဲ့ Cold Shoulder Top လေးတွေက အရမ်းခေတ်စားပြီး လူဝတ်များလာတာကို တွေ့ရပါတယ်။ အဲ့ဒီ (၂) မျိုးထဲကမှ Cold Shoulder Top လေးတွေနဲ့ တွဲဝတ်လို့ရတယ့် ဖက်ရှင် (၅) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ မိန်းကလေးတိုင်းလည်း သဘောကျမယ်လို့ ထင်ပါတယ်။
With Skinny Jeans
အတိုမဝတ်ချင်တဲ့သူတွေဆိုရင် Cold Shoulder Top အင်္ကျီလေးတွေကို Skinny Jeans လေးတွေနဲ့ တွဲဝတ်နိုင်ပါတယ်။ ဒါဆိုရင် လုံလုံခြုံခြုံလေးနဲ့ဆိုတော့ ဖက်ရှင်လည်းကျပြီး လုံခြုံမှုလည်းရှိတာပေါ့။ ရုံးသွားတဲ့အခါမျိုးမှာလည်း ဒီဖက်ရှင်လေးက အဆင်ပြေစေပါတယ်။
With Midi Skirts
Cold Shoulder Top လေးတွေကို ခြေသလုံးတစ်ဝက်လောက်ရှိတဲ့ စကပ်ကားကားလေးတွေနဲ့ (Midi Skirts) တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။ သူကျတော့ မိန်းကလေးဆန်ဆန်နဲ့ လှပပြီးချစ်စရာကောင်းစေတာပေါ့။ နောက်တစ်ခုက စကပ်ကခြေသလုံးတစ်ဝက်လောက် ရောက်နေတဲ့အတွက် ရုံးသွားတဲ့အခါမျိုးမှာဆိုလည်း ဝတ်ရတာအဆင်ပြေစေပါတယ်။
With Black Pants
Cold Shoulder Top လေးတွေကို အနက်ရောင်ဘောင်းဘီတွေဖြစ်တဲ့ Black Pants လေးတွေနဲ့လည်း တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ သူလည်း လုံခြုံတဲ့ဖက်ရှင်လေးဖြစ်လို့ ရုံးသွားရင်လည်း ဝတ်သွားလို့ရပါတယ်။ အရပ်ရှည်တဲ့မိန်းကလေးတွေဆိုရင် ဒီလိုအရှည်လေးတွေနဲ့ တွဲဝတ်တာက ပိုပြီးကြည့်ကောင်းပါတယ်။
ပျိုမေတို့အနေနဲ့ အမြဲတမ်းလှပစေဖို့ ရှိထားသင့်တဲ့ ဖိနပ်များ
With Shorts
တော်တော်များများဝတ်နေကျဖြစ်တဲ့ ဘောင်းဘီတိုလေးတွေကို Cold Shoulder Top တွေနဲ့ တွဲဝတ်လို့ရပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ဖက်ရှင်ကျစေလို့ လူငယ်ကောင်မလေးတွေ သဘောကျတဲ့ဖက်ရှင်လေးပါ။ အရပ်ရှည်တဲ့မိန်းကလေးတွေနဲ့တော့ သိပ်မလိုက်ဖက်ပေမယ့် အရပ်ပုတဲ့ကောင်မလေးတွေကျတော့ Cold Shoulder Top တွေကို ဘောင်းဘီတိုနဲ့တွဲဝတ်တာ ပိုလိုက်ဖက်ပါတယ်။
With Denim Skirts
Cold Shoulder Top တွေကို ဘယ်တော့မှရိုးမသွားတဲ့ Denim Skirts လေးတွေနဲ့လည်း တွဲဝတ်လို့ရပါတယ်။ ဒီဖက်ရှင်လေးကျတော့ ဝတ်လိုက်တာနဲ့ လူငယ်ဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။ ဒါ့အပြင် အရပ်ရှည်တဲ့သူတွေနဲ့လည်း လိုက်ဖက်သလို၊ အရပ်ပုတဲ့သူတွေနဲ့လည်း လိုက်ဖက်ပါတယ်။
Source:we media