What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လျှောက်လမ်းပေါ်က ဖက်ရှင်တွေထဲက အဆန်းတကာ့ အဆန်းဆုံး ဆိုတဲ့ ဖက်ရှင်များ

လျှောက်လမ်းပေါ်က ဖက်ရှင်တွေထဲက အဆန်းတကာ့ အဆန်းဆုံး ဆိုတဲ့ ဖက်ရှင်များ Google

     နိုင်ငံခြားမော်ဒယ်လ်ရှိုးပွဲတွေမှာ ထူးထူးဆန်းဆန်းဝတ်စုံဒီဇိုင်းတွေ ဝတ်ဆင်ပြသတာကို မြင်ဖူးကြမှာပါ။ အဲဒီလို လျှောက်လမ်းပေါ်က ဖက်ရှင်တွေထဲကမှ အဆန်းတကာ့ အဆန်းဆုံးဆိုတဲ့ ဖက်ရှင်တွေကို ပျိုမေလေးတို့အတွက် စုစည်းဖော်ပြပေးလိုက်ပါတယ်။

(1) ကင်းဗတ်စ နဲ့ ပန်းချီးကားဘောင် တို့ကို အခြေခံဖန်တီးထားတဲ့ ထူးထူးဆန်းဆန်း ဝတ်စုံဒီဇိုင်းတွေကို ဒီဇိုင်နာ VIKTOR & ROLF တို့က သူတို့ရဲ့ ဆောင်းဦးဖက်ရှင်ရှိုး 2015 HAUTE COUTURE Collections မှာ ပြသခဲ့ပါတယ်။

1

 

(2) ဖက်ရှင်ဒီဇိုင်နာ Gareth Pugh က 2012 နွေဦးဖက်ရှင်ရှိုးပွဲမှာ ဖန်တီးပြသခဲ့တဲ့ ဝတ်စုံပါ။ နွေရာသီဆိုတော့ ပြတင်းပေါက်နဲ့တူအောင်များ ဖန်တီးထားတာများလား။

2

 

(3) ဒီဇိုင်နာ Viktor and Rolf တို့ရဲ့  2007/2008 ဆောင်းဦး နဲ့ ဆောင်းရာသီဖက်ရှင်ရှိုးပွဲမှာ ပြသခဲ့တဲ့ ဖက်ရှင်တဲ့။ ဓာတ်ပုံပညာကို ကိုယ်စားပြုနေတဲ့ ဖက်ရှင်လို့တော့ ထင်မိပါတယ်။

3

 

(4) ဒီဝတ်စုံကိုတော့ ဒီဇိုင်နာ Ágatha Ruíz  က မီလန် ဖက်ရှင်ရှိုးပွဲမှာ ဖန်တီးပြသခဲ့တာပါ။ ပျိုမေလေးတို့ ဒီဖက်ရှင်ကိုကြည့်ပြီး ပေါင်မုန့် နဲ့ ကြက်ဥကြော်စားချင်မသွားဘူးလား။

4

 

(5) Central Saint Martins Ba ဖက်ရှင်ရှိုးပွဲမှာ နွေဦး နဲ့ နွေရာသီဝတ်စုံတွေ ဖန်တီးပြသခဲ့တာတဲ့။ စက်ရုပ်လူသားနဲ့ မတူဘူးလား။

5

 

(6) ဒါကလည်း 2015 Central Saint Martins  ဖက်ရှင်ရှိုးပွဲမှာ ဆောင်းရာသီဖက်ရှင်တွေကို ပြသခဲ့တဲ့ ဒီဇိုင်းပါ။ မျက်လုံးပေါက်က ဘယ်မှာပါလိမ့်။

6

 

(7)2015 Central Saint Martins ရဲ့ ဆောင်းရာသီဖက်ရှင်ရှိုးမှာ ဝတ်ဆင်ပြသခဲ့တဲ့ ဝတ်စုံပါ။ လန်းတော့ လန်းတယ် ဘာတွေမှန်းမသိဘူးနော်။

7

 

(8)2015 Central Saint Martins ရှိုးပွဲမှာ ပြသခဲ့တဲ့ ဆောင်းရာသီဝတ်စုံပါ။ လန်းချက်ကတော့ လက်ဖျားခါလောက်တယ်နော်။

8

 

(9) 2017 Thom Browne ဖက်ရှင်ရှိုးရဲ့ ဆောင်းရာသီဝတ်စုံပါတဲ့။ မလေးဘူးလား မသိဘူးနော်။

9

 

(10) ဒီဝတ်စုံကတော့ လန်ဒန်ဖက်ရှင်ကျောင်းက ကျောင်းဆင်းအခမ်းအနားမှာ ဖန်တီးပြသခဲ့တဲ့ဝတ်စုံပါတဲ့။ တော်တော်လန်းတဲ့ ဒီဇိုင်းပဲနော်။

10

 

        ဒီမထော်မနန်းတွေကို အပြင်မှာ ဘယ်သူက ဝတ်မှာလဲတော့ မမေးပါနဲ့နော်… လျှောက်လမ်းပေါ်က ဖက်ရှင်ဆိုတာက ဒီဇိုင်နာတွေ စိတ်ကြိုက်ဖန်တီးပြီး သူတို့ရဲ့ အနုပညာကို ပြသတဲ့ ပွဲပါ… အပေါ်က ဒီဇိုင်းတွေကိုဆို ကြည့်လိုက်တာနဲ့ သြော်.. ဒီ ဒီဇိုင်နာကတော့ သူ့ဝတ်စုံကို ဘယ်က Inspire (လွှမ်းမိုးမှု) ယူထားတယ်၊ သူကတော့ အတော်လေး ဖန်တီးနိုင်စွမ်းကောင်းတယ်ဆိုပြီး ခံစားသွားရတာမျိုးပေါ့…

        ကဲ.. ဒါဆို ဒီဝတ်စုံတွေထဲက ဘယ်တစ်ခုကို အကြိုက်ဆုံးလဲဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: For Her Myanmar

Read 1412 times
Rate this item
(1 Vote)
Tagged under