မြန်မာဒီဇိုင်နာများသာမက ပြည်ပမှ ဒီဇိုင်နာများပါဝင်ပြသမည့် Myanmar International Fashion Week 2018 ကို ရန်ကုန်မြို့ HEXAGON COMPLEX(ရွှေထွဋ်တင်)တွင် ဒီဇင်ဘာ (၇,၈,၉) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
"ယခုနှစ်ကျင်းပတာက(၆)ကြိမ်မြောက်ကျင်းပခြင်းဖြစ်သည်။ပြည်တွင်းမှာတော့ တစ်နှစ်ကို တစ်ပွဲကျင်းပတာပါ။ပြည်ပမှာတော့ တစ်နှစ်ကို နှစ်ပွဲကျင်းပတယ်။ဒီနှစ်က Young နဲ့ Active ပုံစံမျိုးကျင်းပမှာပါ။ဒီဇိုင်နာတွေက သူတို့ရဲ့ဖန်တီးမှုနှင့် Music တွေကို သူတို့ဘာသာပြောင်းပြီးပြသမှာပါ။"
"ဒီဇိုင်နာအားလုံးပေါင်း ၁၃ယောက်ရဲ့ Fashion တွေကို မော်ဒယ်လ် ၁၂ဝ ကျော်နှင့် မင်းသား၊မင်းသမီး ၁၇ ယောက်ကျော်က ပါဝင်ပြသမှာပါ။ပြည်ပမော်ဒယ်လ်တွေက မြန်မာဝတ်စုံဝတ်ရင်အဆင်မပြေဘူး"
ဟု Star Event Production မှ John Lwin ကပြောသည်။
အဆိုပါပွဲကို လာရောက်ကြည့်ရှု့လိုသောပရိသတ်များအနေဖြင့် VIP Ticket များကို Facebook Page များဖြစ်သော Star Event Production, Stars & Model Int'l Yangon,Myanmar Int'l Fashion Weekly John Lwin Pageတို့ကို Like ပေးခြင်းဖြင့်လည်းကောင်း၊မိမိတို့ Fackbook Profile များကို ပြောင်းခြင်းဖြင့် လည်းကောင်း ပွဲစီစဉ်ကျင်းပသည့်အချိန်၊ကျင်းပရာနေရာများတွင် အလွယ်တကူထုတ်ယူပြီး အခမဲ့ကြည့်ရှုနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။
Source:Myawaddy