What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ကြီးကျယ်ခမ်းနားလှတဲ့ နယူးယောက် ဖက်ရှင် ပွဲတော်

နယူးယောက်ဖက်ရှင်ပွဲတော်ဟာ အမေရိကန် ဖက်ရှင်သမိုင်းမှာတော့ ကြီးကျယ်ခမ်းနားလှတဲ့ အချိန်ခါတစ်ခုအဖြစ် စတင်ခဲ့ပါတယ်။ ဒီနှစ်မှာ ဆိုရင်တော့ Ralph Lauren နဲ့ ပတ်သက်ပြီး နည်းနည်းပြောချင်ပါတယ်။ ဖက်ရှင်လုပ်ငန်းထဲမှာ နှစ်ပေါင်း ၅၀ လောက်ရှိနေပြီ ဖြစ်တဲ့ သူ့ အတွက်တော့ အောင်မြင်ပြီး ခမ်းနားလှတဲ့ အချိန်တစ်ခုလို့ပြောရမယ်။

Ralph Lauren min 

ကိုယ်ပိုင်အမြင်တွေထဲမှာ ကိုယ်ယုံကြည်ရာ နောက်ကို တစိုက်မတ်မတ် လိုက်ရမှာ ဖြစ်ပါတယ်။ Ralph ကတော့ သူယုံကြည်ရာ နဲ့ ခံစားချက်တွေထဲမှာပဲ အမြဲတမ်း နှစ်မြှပ် နေခဲ့ပါတယ်။
ပြီးတော့ ဒီရာသီမှာတော့ လူငယ်ဖန်တီးသူတွေဟာ ပိုပြီး လုပ်နိုင်စွမ်းရှိလာတာကို တွေ့ရပါတယ်။ သူတို့မှာ အင်အားတွေ အပြည့်အဝရှိနေတာ၊ စိတ်ကူးစိတ်သန်းတွေ အပြည့်အဝနဲ့ သူတို့ ယုံကြည်တဲ့ ဝတ်စုံဒီဇိုင်းတွေမှာ အလွန်အမင်း ယုံကြည်မှုတွေ ခိုင်မာနေတာကို တွေ့ရပါတယ်။ သူယုံကြည်တဲ့ အဝိုင်းဝန်းလေးအတိုင်း ရှေ့ဆက်ခဲ့ပြီး တက်သစ်စ ကောင်လေး၊ ကောင်မလေးတွေကို သူတို့ဘာသာ ဆွဲခေါ်မှုတွေနဲ့သူတို့ရဲ့ ပွဲတွေမှာ နေရာပေးတာ တွေကို တွေ့ခဲ့ရပါတယ်။ အဲဒီအတောအတွင်းမှာ လူတွေဟာ သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် နားလည်နေကြတယ် ဒါမှမဟုတ် သဘောကျကြနေပြီး အားလုံးဟာ ပတ်သက်ဆက်နွယ်မှုတွေ ရှိနေခဲ့ကြတယ်။

Rodarte Proenza min
တင်ဆက်ခဲ့တဲ့ Collections တွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့ ဝေဖန်မှုတွေရှိခဲ့ပေမယ့် အဲဒါတွေရဲ့ ဆန့်ကျင်ဘက်မှာတော့ များစွာသော အရောင်တွေ၊ များပြားလွန်းတဲ့ Denim တွေ၊ Michael Kors တို့လို နာမည်ကြီးတွေကို လည်းတွေ့ခဲ့ရပါတယ်။ ပြီးတော့ Carolina Herrera နဲ့ Oscar de la Renta တို့ကလည်း တောက်ပပြီး ကောင်းမွန်တဲ့ Collections တွေကို ပြသခဲ့ကြတယ်။ ပြီးတော့ အဲဒီ Collections တွေကိုဝတ်ထားတဲ့ ကောင်မလေးတွေကတော့ သူတို့ရတဲ့ ဘဝက အရမ်းကို သာယာပျော်ရွှင်ပါတယ် ဆိုတဲ့ ပုံမျိုးပေါက်နေကြပါတယ်။ ဒါက အလွန်ကို အရေးကြီးတဲ့ အကြောင်းအရာတစ်ခုဖြစ်ပြီး ဘယ်သူတွေ အဲဒီဝတ်စုံတွေကို ဝတ်မှာလဲ ၊ ဘယ်သူတွေက ဝယ်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်ထားဖို့ လိုသလို ဝတ်စုံတွေပေါ်မှာ မြတ်နိုးတွယ်တာ တတ်သူတွေကိုလည်း သိထားရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဖန်တီးသူတွေဟာ သူတို့ရဲ့ တင်ဆက်မှုတွေကို နှစ်ပေါင်းများစွာကြာတဲ့ အထိပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Oscar Carolina min
နယူးယောက်ဖက်ရှင်ပွဲတော် ပြီးသွားပြီးနောက် လန်ဒန်မှာရော မီလန်မှာရော ဘာတွေဖြစ်မလဲဆိုတာကို မစောင့်နိုင်တော့အောင်ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် နယူယောက်ပွဲနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့အရာတွေ၊ ပျော်ရွှင်ခြင်းတွေ၊ ကြောက်ရွှံမှုမရှိခြင်းတွေ၊ ဖန်တီး တီထွင်တင်ပြနိုင်မှုတွေကတော့ ထင်ကျန်နေဦးမှာပါ။ အားလုံးသိတဲ့အတိုင်းပဲ နယူးယောက်ဖက်ရှင်ပွဲတော်ကတော့ နေရောင်တောက်ပတဲ့ နေ့တစ်နေလို လှလှပပလေး ပြီးဆုံးသွားခဲ့ပါတယ်။

Tom Kors min

Karl Lagerfeld ရဲ့ဖန်သားပြင်ထက်မှ Chanel Couture Fashion Show

 

Source:moda

Read 1071 times
Rate this item
(1 Vote)