What's new

×

Warning

JUser: :_load: Unable to load user with ID: 845


The 7th Int'l Textile & Garment Industy Exhibition အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့

The 7th Int'l Textile & Garment Industy Exhibition အတွက် သတင်းစာရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ Google

The 7th Int'l Textile & Garment Industy Exhibition အတွက် သတင်းစာရှင်းလင်းပွဲကို နိဝင်ဘာလ ၂ ရက်နေ့ နေ့လည် ၂ နာရီမှ ၄ နာရီအချိန်ထိ Melia Yangon Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သတ္တမအကြိမ်မြောက်မြန်မာနိင်ငံတကာဆိုင်ရာချည်မျှင်(MTG)နှင့်အတူ မြန်မာ့အထည်ချုပ်ဆိုင်ရာစက်မှုလက်မှုပြပွဲ(Milta Tex)ကို Yorkers ကုန်သွယ်ရေးနှင့်ဈေးကွက်ဝန်ဆောင်မှုကုမ္ပဏီလီမိတက် မြန်မာနိင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) နှင့် မြန်မာနိင်ငံချည်မျှင်နှင့် အထည်အလိပ်လုပ်ငန်းရှင်များအသင်း (MTMA) မှကူညီပံ့ပိုးထားပါသည်။

ပြပွဲကို ဒီဇင်ဘာလ(၆)ရက်မှ (၉)ရက်နေ့အထိ YCC တွင် ကျင်းပသွားမည်ဖြစ်ပါသည်။

၂၀၁၈ MTG တွင် ဧရိယာပေါင်း ၇၀၀၀ ကျယ်ဝန်းသည့် ၁၂ နိင်ငံမှလာသော ၁၃၀ အထက်ရှိနာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော တရုတ်၊ ချက်သမ္မတနိင်ငံ၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ မလေးရှား၊ မြန်မာ၊ စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်နိင်ငံများမှ လာရောက်ပြသသွားမည် ဖြစ်ပါသည်။
ထို့အပြင် စက်ချုပ်ပစ္စည်းသစ်များနှင့် နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သော Tajma, Northphenix, Hooray နှင့် Richpeace ကုမ္ပဏီများလည်း ပြသသွားမည်ဖြစ်ပါသည်။
Mimaka မှ ပုံနှိပ်စက်အသစ်များ ပြသသွားမည်ဖြစ်ပြီး BOK မှလည်း CAD System ပါသောအထည်ချုပ်စက်ပစ္စည်းများကိုပါ ပြသသွားမည်ဖြစ်ပါသည်။
ထိုင်ဝမ်အပ်ချုပ်အသင်း(TSMA) မှ ထိုင်ဝမ်ကုမ္ပဏီများကို စုဝေးကာ ထိုင်ဝမ်အစုအဖွဲ့ များဖြစ်သည့် Kingtex, SAGA, Dotec, Kenlen, Shan Tsae, Ching Sung, Knives Tsota နှင့် Huang Tayi ကုမ္ပဏီများလည်း လာရောက်ပြသသွားမည်ဖြစ်ပါသည်။
MTG သည်ပြည်တွင်းဈေးကွက်အတွက် ကောင်းမွန်စွာချိတ်ဆက်နိုင်ရန်နှင့် ထိရောက်သောဆက်သွယ်ရေးပလက်ဖောင်းကို တည်ဆောက်လိုပါသည်။
ယခုနှစ်တွင် TAJIMA, MGMA နှင့် MTMA ၏စီစဉ်သူများနှင့်ပူးတွဲကြိုးပမ်းအားထုတ်ကာ စက်မှုဇုံခိုင်မာစေရန်အတွက် စီမံကိန်းများကိုစတင်ဆောင်ရွက်ခဲ့သည်။

ပန်းထိုးလက်မှုလုပ်ငန်းတွင် ဦးဆောင်နေသော TAJIMA မှလည်း မျိုးဆက်သစ် “SAI”ကို နောက်ဆုံးပေါ်စက်ပစ္စည်းများနှင့် နည်းပညာအသိပညာဝေမျှပေးသွားမည်ဖြစ်သည်။
MTAA မှ Business Matchmaking Event, Smart Factory Awarts ညစာစားပွဲကို MTG သုံးရက် မြောက်သောနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲပြသသူများနှင့် ဝယ်ယူသူများ အကြား ပူးပေါင်းဆောင်ရွက်ရေး အလားအလာခိုင်ခံ့ရန် ရည်ရွယ်သည့်ပွဲလည်းဖြစ်ပါသည်။

မြန်မာ့အထည်ချုပ်လုပ်ငန်း ၄၀၀ကျော်အထည်ချုပ်စက်ရုံများနှင့် ၄၀၀၀၀ ကျော်ဝန်ထမ်းများနှစ်စဉ်နိုင်ငံခြားဈေးကွက်မှ အနည်းဆုံး $ ၂.၂ ဘီလီယံခန့်ဝင်ငွေရှိပါသည်။

၂၀၁၇တွင် EU သည် မြန်မာနိုင်ငံကို (GPS စနှစ်) အဖြစ်ပြန်လည်ရောက်ရှိကာ၊ အထည်ချုပ်ပို့ကုန်များတွင်ဂျပန်ထက်စာလျှင် မြန်မာနိုင်ငံသည် အကြီးဆုံးဈေးကွက်ဖြစ်လာခဲ့သည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းသည်တတိယအကြီးဆုံးပို့ကုန်ထုတ်ကုန်ဖြစ်လာခဲ့သည်။
မကြာသေးမီကအာရှဖွံ့ဖြိုးရေးဘဏ်မှဖြန့်ချီသည့်အစီရင်ခံစာအရ ၂၀၁၈ တွင်မြန်မာနိုင်ငံ၏ GDP ၆.၈ အထိ ကြီးထွားလာပြီး ၂၀၁၉ ခုနှစ်တွင် ၇.၂% အထိကြီးထွားပါလိမ့်မည်။

မြန်မာနိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများနှင့် ခိုင်ခံ့သောကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုအကြောင်းရင်းနှစ်ခုကြောင့် လာမည့်နှစ်တွင် မှန်မှန်ဖွံ့ဖြိုးကြီးထွားသွားဖို့မျှော်လင့်ပါသည်။
ထို့အပြင်ကုမ္ပဏီသစ်ဥပဒေသည် ပြီးခဲ့သည့် ဒီဇင်ဘာလက အတည်ပြုလိုက်ခြင်းကို သြဂုတ်လ ၂၀၁၈ ခုနှစ်တွင် အကောင်အထည်ဖော်ပါလိမ့်မည်။ ပြည်ပရင်းနှီးမြှုပ်နှံသူများက ပြည်တွင်းကုမ္ပဏီများတွင် ၃၅% အစုရှယ်ယာကို ကိုင်ထားခွင့်ပြုပါလိမ့်မည်။
၂၀၁၈ ၏ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် တိုးတက်နှုန်းများသောကြောင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နှုန်းကို အားပေးနေပြီး ဒေသခံစီးပွားရေးကိုပိုမို ရင်းနှီးမြုပ်နှံမှု မြင့်တင်နိုင်ရန်ကူညီပါလိမ့်မည်။
ဤရလဒ်များဆက်စပ်ကာ အ၀တ်အထည်စက်မှုလုပ်ငန်း မကြာမီပို့ကုန်အတွက် ခန့်မှန်းခြေ $ ၃၀ ဘီလီယံသို့ ရောက်ရှိလာပါလိမ့်မည်။

 

Textile 2

Textile 3

 

Textile 4

 

 

Read 1535 times
Rate this item
(1 Vote)