What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အက်ႌ လည်ပင်း အလှတပ်နည်း

အင်္ကျီ လည်ပင်း အလှတပ်နည်း google

အင်္ကျီလည်ပင်းက ရိုးနေလို့ ကိုယ့်ဟာကိုယ် ဒီဇိုင်း ထွင်ကြည့်ချင်တဲ့ သူတွေအတွက် အင်္ကျီလည်ပင်း အလှတပ်နည်းကို မျှဝေ ပေးချင်ပါတယ်ရှင်။ လွယ်ကူရိုးရှင်းတဲ့

နည်းလမ်းလေး ဖြစ်တဲ့ အပြင် ပုံလေးတွေနဲ့ နားလည်လွယ်အောင် ရှင်းပြ ထားတဲ့အတွက် သေချာပေါက် လိုက်လုပ်ကြည့်လို့ ရတယ် ဆိုတာကိုတော့ အာမခံပါတယ်။

(1) အလှတပ်ဖို့ အစတိုလေးတွေကို ယူပါ။

1

 Read: Denko ဆီဆိုင်ရဲ့ ကံထူးရှင် ရွေးချယ်ပွဲကို တက်ရောက်ခဲ့တဲ့ Cele တွေရဲ့ ပုံရိပ်များ

(2) အလှတပ်တဲ့ ကြိုးတိုလေးတွေကို အရင်ချုပ်ပြီးမှ နောက်ထပ်အပေါ်က ဖိချုပ်ပါ။

2

 

(3) ဒါဆိုရင်တော့ ဒီပုံစံလေး ဖြစ်သွားပါပြီ။

3

 

(4) ပြီးရင်တော့ အောက်ကနေ အနက်စကို လုံးပြီး ချုပ်ပါ။ ကိုယ် ကြိုက်နှစ်သက်ပြီး အင်္ကျီအရောင်နဲ့ လိုက်ဖက်တဲ့ အရောင်ကို ရွေးချယ်ပါနော်။

5

 

(5) အပေါ်က ကြိုးထဲမှာ ပုလဲလုံးသီထားတဲ့ ကြိုးကို ထည့်ပြီး ပုလဲလုံးလေး ရွေ့မသွားပဲ တည်ငြိမ်နေအောင် ထပ်ချုပ်လိုက်ပါ။ ပြီးရင်တော့ အစထွက်နေတဲ့ ကြိုးကို ဖဲပြားပုံလှလှလေး ချည်ပေးလိုက်ရင်တော့ အင်္ကျီလည်ပင်း အလှလေးကို ရရှိပါပြီ။

6

 

(6) ဒီထက် ပိုလှချင်ရင်တော့ စီးကွင့်လေးတွေနဲ့ အလှဆင်လိုက်ရင်တော့ Perfect ဖြစ်သွားပါပြီနော်။ အားလုံးပဲ အဆင်ပြေကြမယ်လို့ ထင်ပါတယ်ရှင်။

7

 

နောက်နေ့တွေမှာလဲ စက်ချုပ်ဝါသနာပါတဲ့ ဒီဇိုင်နာ လောင်းလျာလေးတွေအတွက် ဘယ်လို Training လေးတွေကို မျှဝေပေးမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ပေးပါအုံးရှင်။

Author- SYH
Myanmar Textile and Garment Directory

Read 2640 times
Rate this item
(0 votes)
Tagged under