Inditex ၏ ဖက်ရှင်လက်လီအရောင်းလုပ်ငန်းရှင် Zara မှာ ရောင်းအား ၃၁% ကျဆင်းသော်လည်း မေလမှ ဇူလိုင်လတွင် သုံးလတာ ကာလအတွင်း အမြတ်အစွန်း ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
Massimo Dutti နှင့် Bershka အမှတ်တံဆိပ်များကိုလည်း ပိုင်ဆိုင်သော Inditex က ၎င်း၏ စတိုးဆိုင်များကို ၉၈ ရာခိုင်နှုန်းသာ ပြန်လည် ဖွင့်လှစ်ခဲ့ပြီး လက်ရှိကုန်သွယ်မှုမှာ ပုံမှန်အားဖြင့် ပုံမှန် အခြေအနေသို့ပြန်လည်ရောက်ရှိလာသည်နှင့်အမျှ အွန်လိုင်းရောင်းအားလည်း သိသိသာသာတိုးတက်လာခြင်းနဲ့ စတိုးဆိုင်များရဲ့ ရောင်းအားမှာလည်း ပြန်လည်တိုးတက်လာကြောင်း ပြောကြားခဲ့ပါတယ်။
လက်ရှိသုံးလပတ်တွင် သြဂုတ်လ ၁ ရက်မှ စက်တင်ဘာ ၆ ရက်အထိ စတိုးဆိုင်များနှင့် အွန်လိုင်းပေါ်မှ အရောင်းအဝယ်များ၏ နှုန်းထားများမှာ တိုးတက်မှုလမ်းကြောင်းတွင် ရှိနေသော်လည်း ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။
Inditex ရဲ့ ရှယ်ယာများမှာ ဗုဒ္ဓဟူးနေ့ နံနက်တွင် ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဆွီဒင်နိုင်ငံမှ ပြိုင်ဘက် H&M ကတော့ သုံးလ တစ်ကြိမ် အမြတ် ခန့်မှန်းချက်များကို ကျော်တက်ပြီးနောက် အင်္ဂါနေ့တွင် ကြိုတင်အမှာစာကိုပါ ထပ်မံရရှိခဲ့တယ်လို့ သိရပါတယ်။
စတိုးဆိုင်များ ပိတ်ထားရာမှ ပြန်လည်ဆိုင်ဖွင့်ချိန်ကတည်းက ဈေးဝယ်သူများမှာ ဖက်ရှင်ပစ္စည်းများကိုသာ ပြန်လည် ဝယ်ယူနေကြပါတယ်။ JP Morgan ၏ခန့်မှန်းချက်အရ ဥရောပတိုက်၏ဖက်ရှင်ရောင်းအားသည် မေလ၏ ၄၂% ကျဆင်းမှုနဲ့ နှိုင်းယှဉ်လျှင် ဇူလိုင်လတွင် ပျမ်းမျှအားဖြင့် ၁၅% ကျဆင်းသွားတယ်လို့ သိရပါတယ်။
Inditex ၏ဒုတိယသုံးလပတ်အမြတ်ငွေမှာ ယူရို ၂၁၄ သန်း (ဒေါ်လာ ၂၅၃ သန်း) ဖြစ်တယ်။ Refinitiv ၏ SmartEstimate မော်ဒယ်မှ ခန့်မှန်းထားသည်ထက်ကို အသားတင်အမြတ်ငွေမှာ ယူရို ၉၆ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာတစ်ဝန်း အဝတ်အထည် လက်လီအရောင်းဆိုင်များဖြစ်တဲ့ စတိုးဆိုင်အမြောက်အများကို ပိတ်ထားတဲ့အတွက်ကြောင့် ဈေးဝယ်သူများက အပြင်မထွက်ဘဲ ကိုယ့်အိမ်ကနေ အွန်လိုင်းမှတဆင့် ဝယ်ယူနေကြတာကို တွေ့မြင်လာရပါတယ်။ ထို့ကြောင့် ပထမနှစ်ဝက်တည်းမှာပင် အွန်လိုင်းမှ ရောင်းအားနှုန်းက ၇၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
ဗိုင်းရပ်စ်ကြောင့် တစ်ကမ္ဘာလုံး ပါတီတွေ၊ ပွဲတော်တွေ မကျင်းပနိုင်တဲ့အတွက် အိမ်ကနေ အလုပ်လုပ်နေရတဲ့သူများ အဝတ်အစားရွေးတဲ့အခါ ပိုပြီးသက်သောင့်သက်သာဖြစ်စေမယ့် စတိုင်လ်မျိုးကို Zara ၏အက်ပလီကေးရှင်းကနေ ပြောင်းလဲပြသလိုက်ပါတယ်။ Zara အက်ပလီကေးရှင်းကနေ ပြသလိုက်တာက စက်ဘီးစီးတဲ့အခါ ဝတ်ရတဲ့ ဘောင်းဘီများ၊ ဖိနပ်ပါးများလို ပေါ့ပေါ့ပါးပါးပုံစံများ ဖြစ်ပါတယ်။
ပထမနှစ်ဝက်အတွင်း ရောင်းအားမှာ ယူရိုသန်း ၁၉၅ သန်း အရှုံးပေါ်ခဲ့ပြီး ရောင်းအား ၃၇ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
Inditex က အွန်လိုင်းပလက်ဖောင်းများနဲ့ ၎င်း၏စတိုးဆိုင်များကို ပေါင်းစပ်ပြီး မလုပ်ကိုင်ခဲ့ဘူးဆိုရင် ယူရို ၃၀၈ သန်း အမြတ်အစွန်း ရယူနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။