What's new

×

Warning

JUser: :_load: Unable to load user with ID: 845


လူမည်းထောက်ခံရေး ကိစ္စရပ်များကြောင့် အနက်ရောင်အဝတ်အထည်များ ခေတ်စားလာ

အမေရိကမှာ George Floyd ကိစ္စ ဖြစ်ပွားတဲ့ နောက် အမေရိကန်ရဲ့ လမ်းမတွေထက်မှာ လူတွေက အမဲရောင်တွေ ဝတ်ဆင်ကာ လူဖြူလူမဲ မခွဲခြားရေးကို ဆန္ဒ ထုတ်ဖော်ခဲ့တယ်သိရပါတယ်။ဒါကြောင့် အမေရိကရဲ့ လက်ရှိ Fashion နယ်ပယ်က အမဲရောင် အင်မတန်မှ ခေတ်စားနေတယ်သိရပါတယ်။

 

သည့်ထက်လန်ဒန်မြို့ မှာ ဂျွန်လ ၁၂ ရက်နေ့ က Thomson Reuters Foundation မှ အသားအရောင်ခွဲခြားရေး မရှိစေရန် လူမဲ အမျိုးသမီးမော်ဒယ် ၊ လူမဲဖက်ရှင် ပညာရှင်များ နဲ့ လူမဲ ဓာတ်ပုံပညာရှင်များက Vogue မဂ္ဂဇင်း website မှာတင်ခဲ့ပါတယ်။ဒီအချိန်မှာ လူတွေက အနက်ကို ပိုပြီး စိတ်ဝင်စားလာတယ်သိရပါတယ်။

 

အခုဆိုရင် အမေရိကန်မှာ အနက်ရောင် အဝတ်အစား အသုံးအဆောင်များကို အသုံးပြုခြင်းဖြင့်လူငယ်ဆယ်ကျော်သက်တွေကြားမှာ အနက်မဝတ်ရင် ခေတ်မမှီသလိုပါပဲ။အနက်ရောင်အဝတ်အထည်ဝတ်ဆင်ပြီး ဆယ်ဖီပုံရိုက်ပြီး ဆိုရှယ်မီဒီယာ ဖက်ရှင် Group တွေထဲမှာ ပြိုင်ခိုင်းတာတွေရှိတယ်သိရပါတယ်။

 

Kings Arise အဝတ်အထည် လုပ်ငန်းရဲ့ တီထွင်ဖန်တီမှု့ ဒါရိုက် Micah Butler ပြောကြားချက်အရဆို အခုလိုကိစ္စ ရပ်တွေ ဖြစ်သွားတဲ့ အခါမှာ လူမဲ အမျိုးသားတွေနဲ့ လူမဲ အမျိုးသမီးတွေက ဖက်ရှင်ကိစ္စ ရပ်တွေမှာ ထင်ရှားလာအုံးမှာပါဆိုကာ သူ့ရဲ့ Twitter အကောင့်မှာ ရေးသားထားတဲ့ပါတယ်။

 

နယူးရောဇ့်မြို့မှာ ဆို တစ်ရက်ကို လူ တစ်သောင်းထက်မနည်း အနက်ရောင် ဝတ်ဆင်ဆန္ဒ ပြကြတယ်သိရပါတယ်။အနက်ရောင်ဟာ ဝမ်းနည်းချင်း အထိမ်းအမှတ်လဲ ဖြစ်သလို Black Lives Matters ဆိုတဲ့ ဆောင်ပုဒ်နဲ့လည်းကိုက်ညီနေတာမို့ ဝတ်ဆင်ဆန္ဒပြကြတယ်သိရပါတယ်။

 

<<< Zawgyi >>>

 

လူမဲထောက်ခံရေး ကိစ္စရပ်များကြောင့် အနက်ရောင်အဝတ်အထည်များ ခေတ်စားလာ

----------------------------------------------------------------------------------------

 


 


 


 


 


 

Ref : National Post 

Read 885 times
Rate this item
(0 votes)
Tagged under