ကျောပိုးအိတ်တွေ ဆိုတာ အမျိူးသားတွေရဲ့နေ့စဉ်ဘဝမှာ ကိုယ်နဲ့မကွာ အမြဲရှိနေတတ်တဲ့ အသုံးဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။
ကျောပိုးအိတ်တွေဟာ အမျိုးသားတွေအတွက် နေ့စဉ်သုံးပစ္စည်းတစ်ခုလည်း ဖြစ်သလို ဖက်ရှင် Accessories ပစ္စည်းတစ်ခု
လည်းဖြစ်ပါတယ်။
အမျိုးသားတွေရဲ့တစ်နေ့တာမှာ ကျောပိုးအိတ် တစ်လုံးရဲ့လုပ်ဆောင်မှုတွေကမနည်းလှပါဘူး။ ကျောင်းသွား ၊ ခရီးသွား ၊ ရုံးသွား စတဲ့
နယ်ပယ်စုံအတွက်အသုံးဝင်တဲ့ အပြင် အကြမ်းလည်းခံတဲ့ ဖက်ရှင် Accessories ပစ္စည်းတစ်ခုပါ။ အမျိုးသားတွေအနေနဲ့ အရည်အသွေးကောင်းတဲ့
ကျောပိုးအိတ်တစ်လုံးတော့ မရှိမဖြစ်လိုအပ်ပါတယ်။
ဒါကြောင့် ဖက်ရှင်လည်းကျပြီး အကြမ်းလည်းခံတဲ့ ကျောပိုးအိတ်အမှတ်တံဆိပ် တွေကို ဘော်ဒါတွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ Rain
ဒီကျောပိုးအိတ် Brand ကတော့ ၂၀၁၂ ခုနှစ်ကစပြီး ဈေးကွက်ထဲကို စတင်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။
ကျောပိုးအိတ် အမျိုးအစားတစ်ခုထဲကို ထုတ်တာမဟုတ်ပဲ ရိုးရှင်းပြီး Classic ဆန်တဲ့ ဒီဇိုင်းနဲ့လက်ကိုင်အိတ်ပေါင်းစုံကို
ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။ ခရီးသွားတဲ့ သူတွေအတွက်ဆိုရင် ဒီ Rain ကျောပိုးအိတ်လေးတွေက အရမ်းကိုသင့်တော်ပါတယ်။
၂။ Hershel
ဒီကျောပိုးအိတ် Brand ကတော့ ၂၀၀၉ ခုနှစ်ကတည်း ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ယနေ့အချိန်အထိ လူကြိုက်များနေတဲ့ အိတ်အမှတ်တံဆိပ် တစ်ခုပါ။
ဒီဇိုင်းဆန်းဆန်းလေးတွေ ထုတ်လုပ်တတ်ပြီး ဆယ်ကျော်သက်လူငယ်တွေ အကြိုက်များတဲ့ ကျောပိုးအိတ်အမှတ်တံဆိပ် တစ်ခုလည်းဖြစ်ပါတယ်။
အရည်အသွေးမြင့်မားတဲ့ ချည်သားတွေတဲ့ ချုုပ်လုပ်ထားပြီး အကြမ်းလည်းခံတဲ့ ကျောပိုးအိတ် အမှတ်တံဆိပ်တစ်ခုပါ။
ကိုရိုနာဗိုင်းယက်စ်ကြောင့် Adidas နှင့် PUMA ကုမ္ပဏီတို့ ရောင်းအားများသိသာစွာ ကျဆင်းလျက်ရှိ
၃။ Saturday NYC
ဒီ Brand ကတော့ ကျောပိုးအိတ်တစ်မျိုးတည်းကိုသာ သီးသန့်ထုတ်လုပ်တာမဟုတ်ပဲ အဝတ်အစားနဲ့ဖက်ရှင် Accessories ပစ္စည်းတွေကိုပါ
ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
ရိုးရှင်းတဲ့ Classic စတိုင်ကို Hand Made ပြုလုပ်မှုတွေနဲ့ ပေါင်းစပ်ထားတဲ့ အတွက် လူငယ်တွေသာမက လူကြီးတွေပါကြိုက်နှစ်သက်တဲ့
လွယ်အိတ် Brand တစ်မျိုးပါ။ ကျောပိုးအိတ်တစ်လုံးနဲ့ နေ့စဉ်ဘဝကိုဖြတ်သန်းနေရတဲ့ သူတွေအတွက်ကတော့ မရှိမဖြစ်လိုအပ်တဲ့
အိတ်အမျိုးအစားတစ်လုံးပါ။
၄။ Bellroy
Bellory အိတ် Brand ကတော့ စတိုင်ကျပြီး Trend ဖြစ်တဲ့ ပုံစံတွေနဲ့ လက်ကိုင်အိတ်တွေ ဘက်စုံသုံးတဲ့ အိတ်တွေကို ထုတ်လုပ်တတ်တဲ့
ကုမ္ပဏီတစ်ခုပါ။ အရည်အသွေးမြှင့်မားတဲ့ ချည်သားတွေနဲ့လယ်သာသားတွေပြုလုပ်တတ်တဲ့ Bellroy အိတ်တွေကတော့
လွယ်အိတ်ချစ်သူတိုင်း ရွေးချယ်သင့်တဲ့ အိတ်အမှတ်တံဆိပ်တစ်ခုပါ။
လွယ်အိတ်ဆိုင် ၆၉၂ ဆိုင်ကိုရှာရန် နှိပ်ပါ။
<<< Zawgyi ဖြင့်ဖတ်ရန် >>>
ေက်ာပိုးအိတ္ေတြ ဆိုတာ အမ်ိဴးသားေတြရဲ႕ေန႕စဥ္ဘဝမွာ ကိုယ္နဲ႔မကြာ အျမဲရွိေနတတ္တဲ့ အသံုးေဆာင္ပစၥည္းတစ္ခုျဖစ္ပါတယ္။
ေက်ာပိုးအိတ္ေတြဟာ အမ်ိဳးသားေတြအတြက္ ေန႔စဥ္သံုးပစၥည္းတစ္ခုလည္း ျဖစ္သလို ဖက္ရွင္ Accessories ပစၥည္းတစ္ခု
လည္းျဖစ္ပါတယ္။အမ်ိဳးသားေတြရဲ႕တစ္ေန႔တာမွာ ေက်ာပိုးအိတ္ တစ္လံုးရဲ႕လုပ္ေဆာင္မႈေတြကမနည္းလွပါဘူး။
ေက်ာင္းသြား ၊ ခရီးသြား ၊ ရံုးသြား စတဲ့ နယ္ပယ္စံုအတြက္ အသံုးဝင္တဲ့ အျပင္ အၾကမ္းလည္းခံတဲ့ ဖက္ရွင္ Accessories ပစၥည္းတစ္ခုပါ။
အမ်ိဳးသားေတြအေနနဲ႕ အရည္အေသြးေကာင္းတဲ့ ေက်ာပိုးအိတ္တစ္လံုးေတာ့ မရွိမျဖစ္လိုအပ္ပါတယ္။ ဒါေၾကာင့္ ဖက္ရွင္လည္းက်ျပီး
အၾကမ္းလည္းခံတဲ့ ေက်ာပိုးအိတ္အမွတ္တံဆိပ္ ေတြကို ေဘာ္ဒါေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။
၁။ Rain
ဒီေက်ာပိုးအိတ္ Brand ကေတာ့ ၂၀၁၂ ခုနွစ္ကစျပီး ေစ်းကြက္ထဲကို စတင္ဝင္ေရာက္လာခဲ့တာပဲျဖစ္ပါတယ္။
ေက်ာပိုးအိတ္ အမ်ိဳးအစားတစ္ခုထဲကို ထုတ္တာမဟုတ္ပဲ ရိုးရွင္းျပီး Classic ဆန္တဲ့ ဒီဇိုင္းနဲ႔လက္ကိုင္အိတ္ေပါင္းစံုကို
ထုတ္လုပ္ေရာင္းခ်လ်က္ရွိပါတယ္။ ခရီးသြားတဲ့ သူေတြအတြက္ဆိုရင္ ဒီ Rain ေက်ာပိုးအိတ္ေလးေတြက အရမ္းကိုသင့္ေတာ္ပါတယ္။
၂။ Hershel
ဒီေက်ာပိုးအိတ္ Brand ကေတာ့ ၂၀၀၉ ခုနွစ္ကတည္း ေပၚေပါက္ခဲ့တာျဖစ္ျပီး ယေန႔အခ်ိန္အထိ လူၾကိဳက္မ်ားေနတဲ့ အိတ္အမွတ္တံဆိပ္
တစ္ခုပါ။ ဒီဇိုင္းဆန္းဆန္းေလးေတြ ထုတ္လုပ္တတ္ျပီး ဆယ္ေက်ာ္သက္လူငယ္ေတြ အၾကိဳက္မ်ားတဲ့ ေက်ာပိုးအိတ္အမွတ္တံဆိပ္
တစ္ခုလည္းျဖစ္ပါတယ္။
အရည္အေသြးျမင့္မားတဲ့ ခ်ည္သားေတြတဲ့ ခ်ုဳပ္လုပ္ထားျပီး အၾကမ္းလည္းခံတဲ့ ေက်ာပိုးအိတ္ အမွတ္တံဆိပ္တစ္ခုပါ။
၃။ Saturday NYC
ဒီ Brand ကေတာ့ ေက်ာပိုးအိတ္တစ္မ်ိဳးတည္းကိုသာ သီးသန္႔ထုတ္လုပ္တာမဟုတ္ပဲ အဝတ္အစားနဲ႕ဖက္ရွင္ Accessories ပစၥည္းေတြကို
ထုတ္လုပ္တဲ့ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ရိုးရွင္းတဲ့ Classic စတိုင္ကိုHand Made ျပဳလုပ္မႈေတြနဲ႔ ေပါင္းစပ္ထားတဲ့ အတြက္
လူငယ္ေတြသာမက လူၾကီးေတြပါၾကိဳက္နွစ္သက္တဲ့ လြယ္အိတ္ Brand တစ္မ်ိဳးပါ။ ေက်ာပိုးအိတ္တစ္လံုးနဲ႔ ေန႔စဥ္ဘဝကိုျဖတ္သန္းေနရတဲ့
သူေတြအတြက္ကေတာ့မရွိမျဖစ္လိုအပ္တဲ့ အိတ္အမ်ိဳးအစားတစ္လံုးပါ။
၄။ Bellroy
Bellory အိတ္ Brand ကေတာ့ စတုိင္က်ျပီး Trend ျဖစ္တဲ့ ပံုစံေတြနဲ႔ လက္ကိုင္အိတ္ေတြ ဘက္စံုသံုးတဲ့ အိတ္ေတြကို
ထုတ္လုပ္တတ္တဲ့ ကုမၸဏီတစ္ခုပါ။ အရည္အေသြးျမွွင့္မားတဲ့ ခ်ည္သားေတြနဲ႔လယ္သာသားေတြျပဳလုပ္တတ္တဲ့ Bellroy အိတ္ေတြကေတာ့
လြယ္အိတ္ခ်စ္သူတိုင္း ေရြးခ်ယ္သင့္တဲ့ အိတ္အမွတ္တံဆိပ္တစ္ခုပါ။
လွယ်အိတ်ဆိုင် ၆၉၂ ဆိုင်ကိုရှာရန် နှိပ်ပါ။
Myanmar Textile and Garment Directory