What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ပိန်သောသူများအတွက် ပြည့်ဖြိုးလှပစေမည့် ဝတ်ဆင်နည်း

ပိန်သောသူများအတွက် ပြည့်ဖြိုးလှပစေမည့် ဝတ်ဆင်နည်း google

ပိန်သောသူများအတွက် ပြည့်ဖြိုးလှပစေမည့် ဝတ်ဆင်နည်း


ခန္ဓာကိုယ် ပိန်ပြီး သွယ်လျသူတွေဟာ ဘယ်လောက်စားစား မဝလာဘူးလို့ အပြောခံရတာကြောင့် ဝတာကို အားကျတတ်ကြပါတယ်။


ပိန်လွန်း၊ ဝလွန်းတာဟာ အစွန်းရောက်တဲ့ သင်္ကေတတစ်ခုဖြစ်တာကြောင့် လူတွေဟာ တစ်ဦးနဲ့တစ်ဦး ခံစားချက်ချင်း မတူညီတတ်ကြပါဘူး။

တကယ်လို့ သင်ဟာ ပိန်သွယ်လွန်းသူဆိုရင် သင့်ခန္ဓာကိုယ်ကို ပြည့်ဖြိုးတယ်လို့ ထင်ရစေမယ့် အဝတ်အစား ဝတ်ဆင်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကန့်လန့်စင်းလေးတွေ ရွေးပါ

ခန္ဓာကိုယ်အပြည့် ကန့်လန့်ဖြစ်နေတဲ့ လိုင်းစင်းအကြီးကြီးတွေက သင်ရဲ့ ခန္ဓာကိုယ်ကို ပြည့်ဖြိုးတယ်လို့ ထင်ရစေပါတယ်။

အရောင် အနုအရင့်ရောစပ်ထားတဲ့ ကန့်လန့်အစင်းပါ အဝတ်အစားဒီဇိုင်းတွေကို ရွေးချယ်ပါ။ ဒေါင်လိုက်အစင်းတွေကိုတော့ ရှောင်ပါ။ သင့်ကို ပိုပြီး ပိန်သွယ်သွားစေတာကြောင့်ပါ။

လက်ဖောင်းပွများ

လက်တံတောင်နေရာနဲ့ ခါးနေရာနားမှာခေါင်းလောင်းပုံစံလက်မျိုး အင်္ကျ ီဒီဇိုင်းတွေ ရွေးချယ်ပါ။

ခပ်ပွပွ ခါးရှည်ဒီဇိုင်းတွေကြောင့် သင့်ကို ပြည့်ဖြိုးလှပနေစေပါတယ်။ ခါးရှည် အင်္ကျ ီကို ကျပ်နေအောင်တော့ မဝတ်ပါနဲ့။ ပိုပြီး ပိန်တယ်လို့ ထင်ရစေတာကြောင့်ပါ။

ကြိုးစည်းစကတ်

ဇစ်နဲ့ ကျပ်နေအောင်ဝတ်ရတဲ့ မီနီစကတ်တွေထက် ကြိုးစည်းလေးတွေနဲ့ ချည်နှောင်ရတဲ့ စကတ်အတိုမျိုးကို ဝတ်ဆင်ပေးပါ။

အရောင်ရင့်ရင့်၊ အပွင့်ကြီးကြီးတွေ ပါတာမျိုးကို ရွေးချယ်ပါ။ ပြောင်တွေဆိုရင်လည်း အရောင်ရင့်ကိုသာ ရွေးချယ်ပါ။

ဆွယ်တာအင်္ကျီ

ချိုင်းနဲ့ရင်ဘတ်နေရာနားမှာ ခပ်ပွပွ ပြုလုပ်ထားတဲ့ ဒီဇိုင်းမျိုးတွေက ပိန်သွယ်သူတွေအတွက် လိုက်ဖက်ပါတယ်။ လည်းပင်းအရမ်းဟိုက်တာမျိုးကို ဝေးဝေးရှောင်ပါ။

ခါးကြိုးစည်းဂါဝန်

ခန္ဓာကိုယ်နဲ့ တစ်ပြေးတည်း ဖြစ်စေမယ့် ဂါဝန်အရှည်တွေကို ရှောင်ပါ။ ခါးနေရာနားမှာ ကြိုးစည်းလေးတွေ ထည့်ဝတ်ရတဲ့ ဂါဝန်မျိုးကို ရွေးချယ်ပေးပါ။

ဂျင်း

ဂျင်းဘောင်းဘီကို တီရှပ်ခပ်ပွပွလေးတွေနဲ့ တွဲဖက်ဝတ်ဆင်ပါက ဂျင်းဘောင်းဘီကို ပေါင်ရင်းနဲ့ တံကောက်ကွေးနေရာနားမှာ လိုင်းစင်းအတွန့်လေးတွေ ပါတာမျိုးကို ရွေးချယ်ပေးပါ။

အရမ်းကျပ်ပြီး ပြောင်ပုံစံမျိုးကိုတော့ ရှောင်ပါ။

 

<<< Zawgyi ျဖင့္ဖတ္ရန္ >>>

 

ခႏၶာကိုယ္ ပိန္ၿပီး သြယ္လ်သူေတြဟာ ဘယ္ေလာက္စားစား မဝလာဘူးလို႔ အေျပာခံရတာေၾကာင့္ ဝတာကို အားက်တတ္ၾကပါတယ္။


ပိန္လြန္း၊ ဝလြန္းတာဟာ အစြန္းေရာက္တဲ့ သေကၤတတစ္ခုျဖစ္တာေၾကာင့္ လူေတြဟာ တစ္ဦးနဲ႔တစ္ဦး ခံစားခ်က္ခ်င္း မတူညီတတ္ၾကပါဘူး။

တကယ္လို႔ သင္ဟာ ပိန္သြယ္လြန္းသူဆိုရင္ သင့္ခႏၶာကိုယ္ကို ျပည့္ၿဖိဳးတယ္လို႔ ထင္ရေစမယ့္ အဝတ္အစား ဝတ္ဆင္နည္းေလးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

ကန္႔လန္႔စင္းေလးေတြ ေရြးပါ

ခႏၶာကိုယ္အျပည့္ ကန္႔လန္႔ျဖစ္ေနတဲ့ လိုင္းစင္းအႀကီးႀကီးေတြက သင္ရဲ႕ ခႏၶာကိုယ္ကို ျပည့္ၿဖိဳးတယ္လို႔ ထင္ရေစပါတယ္။

အေရာင္ အႏုအရင့္ေရာစပ္ထားတဲ့ ကန္႔လန္႔အစင္းပါ အဝတ္အစားဒီဇိုင္းေတြကို ေရြးခ်ယ္ပါ။ ေဒါင္လိုက္အစင္းေတြကိုေတာ့ ေရွာင္ပါ။ သင့္ကို ပိုၿပီး ပိန္သြယ္သြားေစတာေၾကာင့္ပါ။

လက္ေဖာင္းပြမ်ား

လက္တံေတာင္ေနရာနဲ႔ ခါးေနရာနားမွာေခါင္းေလာင္းပံုစံလက္မ်ိဳး အက်ၤ ီဒီဇိုင္းေတြ ေရြးခ်ယ္ပါ။

ခပ္ပြပြ ခါးရွည္ဒီဇိုင္းေတြေၾကာင့္ သင့္ကို ျပည့္ၿဖိဳးလွပေနေစပါတယ္။ ခါးရွည္ အက်ၤ ီကို က်ပ္ေနေအာင္ေတာ့ မဝတ္ပါနဲ႔။ ပိုၿပီး ပိန္တယ္လို႔ ထင္ရေစတာေၾကာင့္ပါ။

ႀကိဳးစည္းစကတ္

ဇစ္နဲ႔ က်ပ္ေနေအာင္ဝတ္ရတဲ့ မီနီစကတ္ေတြထက္ ႀကိဳးစည္းေလးေတြနဲ႔ ခ်ည္ေႏွာင္ရတဲ့ စကတ္အတိုမ်ိဳးကို ဝတ္ဆင္ေပးပါ။

အေရာင္ရင့္ရင့္၊ အပြင့္ႀကီးႀကီးေတြ ပါတာမ်ိဳးကို ေရြးခ်ယ္ပါ။ ေျပာင္ေတြဆိုရင္လည္း အေရာင္ရင့္ကိုသာ ေရြးခ်ယ္ပါ။

ဆြယ္တာအက်ႌ

ခ်ိဳင္းနဲ႔ရင္ဘတ္ေနရာနားမွာ ခပ္ပြပြ ျပဳလုပ္ထားတဲ့ ဒီဇုိင္းမ်ိဳးေတြက ပိန္သြယ္သူေတြအတြက္ လိုက္ဖက္ပါတယ္။ လည္းပင္းအရမ္းဟိုက္တာမ်ိဳးကို ေဝးေဝးေရွာင္ပါ။

ခါးႀကိဳးစည္းဂါဝန္

ခႏၶာကိုယ္နဲ႔ တစ္ေျပးတည္း ျဖစ္ေစမယ့္ ဂါဝန္အရွည္ေတြကို ေရွာင္ပါ။ ခါးေနရာနားမွာ ႀကိဳးစည္းေလးေတြ ထည့္ဝတ္ရတဲ့ ဂါဝန္မ်ိဳးကို ေရြးခ်ယ္ေပးပါ။

ဂ်င္း

ဂ်င္းေဘာင္းဘီကို တီရွပ္ခပ္ပြပြေလးေတြနဲ႔ တြဲဖက္ဝတ္ဆင္ပါက ဂ်င္းေဘာင္းဘီကို ေပါင္ရင္းနဲ႔ တံေကာက္ေကြးေနရာနားမွာ လိုင္းစင္းအတြန္႔ေလးေတြ ပါတာမ်ိဳးကို ေရြးခ်ယ္ေပးပါ။

အရမ္းက်ပ္ၿပီး ေျပာင္ပံုစံမ်ိဳးကိုေတာ့ ေရွာင္ပါ။

 

Credit : Good Health

Myanmar Textile and Garment Directory

စက္ခ်ဳပ္သင္တန္းေတြကို စိတ္ဝင္စားတယ္ဆိုရင္ေတာ့ ဒါေလးႏွိပ္ၾကည့္ပါ

Read 2159 times
Rate this item
(1 Vote)
Tagged under