Textile ပရိသတ်ကြီးအတွက် ကမ္ဘာ့ပေါ်မှာ ဈေးအကြီးဆုံးခါးပတ်(၅)ခု ကို ပြောပြပေးချင်ပါတယ်။
1. Republica Fashion’s Gucci 30 carat diamond (Price - $249000)
Gucciအမှတ်တံဆိပ်က ထွက်တဲ့ ပစ္စည်းတိုင်းဟာဆိုရင် စိမ်ခံလူတန်းစားတွေအတွက်ဆိုတာ သိကြမှာပါ။
ဒီဒီဇိုင်းကို မင်းသား Stuart Hughes နှင့် Gucciအမှတ်တံဆိပ် တို့ပေါင်းပြီး ထုတ်လုပ်ထားတာပါ။
ဒီခါးပတ်ကို စိန်ပွင့်ပေါင်း 30-carat နဲ့ ဒီဇိုင်းထုတ်လုပ်ထားတာပါ။
2. Roland Iten Caliber R822 (Price - $84000)
ဒီခါးပတ်မှာဆိုရင်တော့ စိန်ပွင့် ပေါင်း 14-carat ပါရှိပါတယ်။ ဒီဒီဇိုင်းဟာ classyဆန်ပြီး ထူးခြားပြီး လှပနေပါတယ်။
ဒီဒီဇိုင်းကို အင်ဂျင်နီယာ Roland Bugatti နဲ့ ပေါင်းစပ်ပြီး ဖန်တီးထားတာပါ။
3. Selfridges & Co. Gold Belt (Price - $35000)
ဒီခါးပတ်မှာ အဖြူရောင်leatherကောင်းကောင်း နဲ့ pyramids ပုံစံ ရွှေ ၇၀ခုနဲ့ ပေါင်းစပ်ထားတာပါ။ ဒီခါးပတ်ရဲ့အလေးချိန်ဟာ ၅၀၀ဂရမ် သာရှိတာပါ။
4. Hermes Etriviere (Price - $5100)
အမျိုးသား၊အမျိုးသမီး တွေရဲ့အကောင်းဆုံးbrandတွေထဲကမှ Herme တံဆိပ်ဟာဆိုရင် တစ်ခုပဲဖြစ်ပါတယ်။
ခါးပတ်မှာ အသုံးပြုတဲ့ သားရေသားဟာဆိုရင် အရမ်းကောင်းတဲ့ သားရေကို အသုံးပြုထားတဲ့အတွက်ကြောင့် သူရဲ့ တန်ဖိုးဟာ ဒေါ်လာ ၅၁၀၀ ရှိပါတယ်။
5. Louis Vuitton LV Initiales 40MM (Price - $3500)
ဒီခါးပတ်ကိုတော့ မီးကျောင်းသား သားရေနဲ့ လုပ်ထားပြီး အကောင်းဆုံးဒီဇိုင်းပုံစံဖော်ဆောင်ထားပါတယ်။
သေသေသပ်သပ်နဲ့ classy ဆန်ပြီး တံဆိပ်ရဲ့logoနဲ့ လှပစွာ ဒီဇိုင်းဖော်ထားတာပါ။
Myanmar Textile and Garment Directory
စက်ချုပ်သင်တန်းတွေကို စိတ်ဝင်စားတယ်ဆိုရင်တော့ ဒါလေးနှိပ်ကြည့်ပါ