What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ငယ်ရွယ်နုပျိုမှုတွေကို ပေါ်လွင်စေမယ့် လူငယ်ဆန်ဆန်ဖက်ရှင်ရွေးချယ်နည်း

ငယ်ရွယ်နုပျိုမှုတွေကို ပေါ်လွင်စေမယ့် လူငယ်ဆန်ဆန်ဖက်ရှင်ရွေးချယ်နည်း Google

         ပျိုမေတို့ ဖက်ရှင်နဲ့ပတ်သက်လို့ ရွေးချယ်ကြတဲ့အခါ ဘယ်သူမှတော့ ကိုယ့်ကို အိုမင်းရင့်ရော်သွားစေတဲ့ ဖက်ရှင်တွေကို ၀တ်ချင်မှာ မဟုတ်ပါဘူး။ ပြီးတော့ အလှအပဆိုတာ မိတ်ကပ်လှလှပြင်ထားရုံ၊ ဆံပင်ကေအလန်းထားရုံနဲ့မပြည့်စုံတာကြောင့် ကိုယ့်ကို ငယ်ရွယ်နုပျိုတဲ့အသွင်ဖြစ်စေတဲ့ ဖက်ရှင်လေးတွေကို ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ပျိုမေတို့ကို နဂိုရှိရင်းစွဲအသက်ထက် (၅)နှစ်စာလောက် နုပျိုသွားစေနိုင်တဲ့ ဖက်ရှင်ရွေးချယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ထူးဆန်းတဲ့အဆင်
        ပန်းပွင့်ပုံ၊ လူပုံနဲ့ တခြား Logo တွေပါတဲ့ အ၀တ်အထည်တွေထက် ဘာအဆင်မှန်းပြောလို့မရတဲ့ ထူးထူးခြားခြားအဆင်ဒီဇိုင်းလေးတွေပါတဲ့ အ၀တ်အထည်တွေကို ရွေးပါ။ ဒီအဆင်တွေက သင့်ကို ငယ်ရွယ်သွက်လက်တဲ့ပုံစံမျိုးဖြစ်စေပါလိမ့်မယ်။

 (၂) ပွပွချောင်ချောင်အ၀တ်လေးတွေ
        ကျပ်ထုပ်နေအောင် ၀တ်မှ ခန္ဓာကိုယ်ကောက်ကြောင်းပေါ်လွင်တာ၊ လှတာမဟုတ်ပါဘူး။ နည်းနည်းလောက်ပွတဲ့ အ၀တ်အစားလေးတွေကို ၀တ်တာကလည်း တမူထူးခြားပြီးဆွဲဆောင်မှုရှိစေပါတယ်။

(၃) အရောင်တောက်တောက်တစ်ထည်
        အရောင်မှိုင်းမှိုင်းလေးတွေကို ကြိုက်တဲ့သူတစ်ယောက်ဆိုရင်တောင် အပေါ်ပိုင်းရော၊ အောက်ပိုင်းနှစ်မျိုးလုံး အဲ့လိုအရောင်တွေကို မ၀တ်ဘဲ အရောင်တောက်လေးနဲ့တွဲဝတ်တာက ပိုမိုက်တာပါ။

(၄) Collar Bone တွေကို မြင်ရတဲ့အ၀တ်လေးတွေ
        ငယ်ရွယ်တဲ့ပုံစံမျိုးဖြစ်ချင်ရင် ရင်ဘတ်အပေါ်ပိုင်း Collar Bones တွေကို ဖုံးထားတဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့ ။ Collar bones လေးတွေကို ဖော်ထားတဲ့ ဒါမှမဟုတ်ရင်လည်း တစ်စွန်းတစ်စမြင်နေရတဲ့ အင်္ကျီလေးတွေကို ၀တ်ပါ။

(၅) ခေတ်စားနေတဲ့ trend နောက် အရမ်းမလိုက်ပါနဲ့
        လက်ရှိခေတ်စားနေတဲ့ trend နောက်ကို အရမ်းလိုက်တာက စိတ်ကိုရှုပ်ထွေးစေပြီး ကိုယ်နဲ့မလိုက်ဖက်တဲ့ ဖက်ရှင်တွေကို ရွေးချယ်မိသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ဝတ်နေကျ၊ ကိုယ်တကယ်ကြိုက်တဲ့ ပုံစံလေးတွေကိုပဲ တမူထူးခြားအောင် တွဲစပ်ဝတ်တာမျိုး၊ ၀တ်နေကျပုံစံကိုမှ အရောင်ပြောင်းပြီး ၀တ်တာမျိုးလေးတွေက သင့်ကို ပိုပြီး အထာကျစေမှာပါ။

(၆) ရိုးရှင်းပြီးအဆင့်အတန်းမြင့်တဲ့ Accessories လေးတွေဝတ်ဆင်ပါ
        ငယ်ရွယ်သွက်လက်တဲ့ ပုံစံလေးရဖို့၊ ဖက်ရှင်ကျတဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် အ၀တ်အစားရွေးချယ်မှု မှန်ကန်ရုံနဲ့မရသေးပါဘူး။ အ၀တ်အစားနဲ့လိုက်ဖက်တဲ့ Accessories လေးတွေကိုလည်း ရွေးချယ်ဝတ်ဆင်တတ်ဖို့ လိုပါသေးတယ်။ Accessories ရွေးချယ်တဲ့အခါ ရိုးရှင်းပြီး ခေတ်မီတဲ့ပုံစံလေးတွေက ပျိုမေတို့ကို အဆင့်အတန်းမြင့်တဲ့ပုံစံမျိုးဖြစ်စေတာမို့ အဲ့ဒီလို accessories လေးတွေကို ရွေးချယ်ပါ။ Accessories မကြိုက်တဲ့ ပျိုမေတွေကတော့ လက်ပတ်နာရီလေးတစ်လုံးလောက် ပတ်လိုက်ရုံနဲ့ လုံလောက်သွားပါပြီ။

 

 

Source: Aunty May

Read 2666 times
Rate this item
(0 votes)
Tagged under