What's new

×

Warning

JUser: :_load: Unable to load user with ID: 845


အသားညိုသူတို့အတွက်အရောင်ရွေးချယ်မှု

အသားညိုသူတို့အတွက်အရောင်ရွေးချယ်မှု google

        အသားညို တဲ့သူတွေက သူများတွေထက်ပိုပြီး ဆွဲဆောင်မှု ရှိပါတယ်။

        ဒါပေမယ့် တချို့တွေက အသားညို လို့ဆိုပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေတာတွေ ရှိပါတယ်။ တကယ်တော့ အသားဖြူ တာလည်း လှသလို၊ အသားညို တာလေးကလည်း ဆွဲဆောင်မှု ရှိပြီး လှနေစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့က အဓိကပါပဲ။ ဒါကြောင့် အသားညိုတဲ့သူတွေအနေနဲ့ အဝတ်အစား ဝတ်တဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်မှုရှိစေမယ့် အရောင်လေးတွေကို ရွေးချယ်တတ်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ခရင်မ် အရောင်

        အဖြူရောင်ထက်စာရင် ခရင်မ်အရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ ပိုလိုက်ဖက်မှုရှိစေပါတယ်။ ခရင်မ်အရောင်က အသားညိုတဲ့သူတွေဝတ်ရင် ဆွဲဆောင်မှုရှိစေပါတယ်။

အဝါနုရောင်

         အဝါရောင်ထဲမှာမှ အဝါနုရောင်လေးတွေက အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ သူကဝတ်လိုက်တာနဲ့ အသားကိုလင်းသွားစေလို့ အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်တာပါ။

အပြာရောင်

         အသားညိုတဲ့သူတွေက ယောင်္ကျားပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အပြာရောင်နဲ့လိုက်ဖက်ပါတယ်။ အပြာရောင်က ဝတ်လိုက်တာနဲ့ အသားကိုလင်းသွားစေပါတယ်။ အသားညိုရင် အပြာနဲ့မလိုက်ဘူးဆိုတာကတော့ လွဲမှားတဲ့အယူအဆပါ။

အနီရောင်

         အသားညိုတဲ့သူတွေဆိုရင် အနီရောင်လေးနဲ့လည်း လိုက်ဖက်ပါတယ်။ အနီရောင်လေးက ဝတ်လိုက်တာနဲ့ တောက်ပြီး လင်းသွားစေတဲ့အတွက် အသားညိုတဲ့သူတွေအလိုက်ဖက်ဆုံးပါပဲ။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်လေးဆိုရင်လည်း မမှားပါဘူး။

ပန်းခရမ်းရောင်

         အသားညိုတဲ့မိန်းကလေးတွေဆိုရင် ပန်းခရမ်းရောင်လေးကိုလည်း ဝတ်ဆင်သင့်ပါတယ်။ ဒီအရောင်လေးက ဆွဲဆောင်မှုရှိစေပါတယ်။

ခဲရောင်

         ခဲရောင်လေးကလည်း အသားညိုတဲ့သူတွေနဲ့ လိုက်ဖက်မှုရှိပါတယ်။ ခဲရောင်ကျတော့ ခဲအဖျော့ထက် ခဲအရင့်နဲ့ဆို ပိုလိုက်ဖက်မှုရှိပါတယ်။

စစ်စိမ်းရောင်

        အသားညိုတဲ့သူတွေက စစ်စိမ်းရောင်နဲ့လည်း လိုက်ဖက်ပါတယ်။ ဒီအရောင်လေးက ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဆွဲဆောင်မှုရှိစေပါတယ်။

Source:Focus Myanmar

Read 5590 times
Rate this item
(0 votes)
Tagged under