What's new

×

Warning

JUser: :_load: Unable to load user with ID: 845


နယူးယောက်ဖက်ရှင်ဒီဇိုင်နာ Vera Wang

နယူးယောက်ဖက်ရှင်ဒီဇိုင်နာ Vera Wang google

        နယူးယောက်က ဖက်ရှင်ဒီဇိုင်နာ Vera Wang ကို ယနေ့ခေတ် ကမ္ဘာတလွှားမှာ မသိသူရှားလှပါတယ်။

         Vera Wang ဟာ အသက် (၄ဝ) လောက်အထိ ဖက်ရှင်လောကထဲ မဝင်သေးပါဘူး။ ၁၉၄၉ခုနှစ်မှာ မွေးဖွားတဲ့ သူမဟာ Sarah Lawrence College မှ ဘွဲ့ရပြီးတဲ့အခါ Vogue မဂ္ဂဇင်းမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ အယ်ဒီတာအဖြစ်နဲ့ (၁၇) နှစ်တာ ဖြတ်သန်းပြီးတဲ့အချိန်မှာ ဖက်ရှင်ဂုရုကြီး Ralph Lauren ဆီမှာ (၂) နှစ်လောက် ပညာသင်ခဲ့ပါသေးတယ်။ ဖက်ရှင်ဒီဇိုင်နာအဖြစ်နဲ့ အသက်မွေးတော့ သူမဟာ အသက် (၄ဝ) ရှိနေပါပြီ။ သူမရဲ့ဒီဇိုင်းတွေဟာ Victoria Beckham ၊ Ivanka Trump နဲ့ Chelsea Clinton တို့လို နာမည်ကျော်တွေရဲ့ ပင်တိုင်ဒီဇိုင်နာကြီးဖြစ်လာခဲ့ပါတယ်။

        ဒါပေမဲ့ သူဟာ အဝတ်အထည်သာမက ဖိနပ်၊ ရေမွှေးနဲ့ အခြားပစ္စည်းအမျိးမျိုးပါဝင်တဲ့ သူ့ရဲ့ ကျော်ကြားတန်ဖိုးကြီး ကုန်အမှတ်တံဆိပ်ကို အသက် ၄ဝ မတိုင်မီက မစတင်ရသေးပါဘူး။ Wangဟာ သူ့ရဲ့ ပထမဆုံးအထည်ဆိုင်ကို စတင်ဖွင့်လှစ်ဖို့ စိတ်ကူးရသွားတာကတော့ သူ့ရဲ့မင်္ဂလာဝတ်စုံကို သူကိုယ်တိုင် ချုပ်လုပ်အလှဆင်ပြီးချိန်မှာ ဖြစ်ပါတယ်။

        အားသာချက်ရှိတာကတော့ သူဟာ Vogue မဂ္ဂဇင်းမှာ ကာလရှည် အလုပ်လုပ်ခဲ့သူဖြစ်လို့ အလုပ်အတွက် အဆက်အသွယ်ကောင်းတွေ ရှိနေနှင့်တာပါပဲ။

         Vera Wang ရဲ့ ညတိုင်းလုပ်လေ့ရှိတဲ့ အလုပ်ကတော့ ညရောက်လို့အလုပ်တွေပြီးရင် အီးမေးလ်စစ်ပါတယ်။ နောက်ပြီးရင်တော့ သူ့လုပ်ငန်းဒီဇိုင်းနဲ့ပက်သက်ပြီး လွတ်လွတ်လပ်လပ်စဉ်းစားတာဖြစ်ပါတယ်။ ဒီအကျင့်ကလည်း မွေးမြူသင့်ပါတယ်။ ကိုယ့်ရဲ့ဖန်တီးမှုစွမ်းရည်ကို လုပ်ငန်းသဘာဝတွေက ချုပ်နှောင်ထားတတ်တာကြောင့် ဒီလိုမျိုးလွပ်လွပ်လပ်လပ်စဉ်းစားတဲ့အကျင့်ရှိသင့်ပါတယ်။

        သူ့ရဲ့ပိုင်ဆိုင်မှုဟာ အခုအခါမှာတော့ $400M ရှိမယ်လို့ ယူဆရပါတယ်။

Read 1925 times
Rate this item
(0 votes)
Tagged under