What's new

×

Warning

JUser: :_load: Unable to load user with ID: 845


ဘရာရွေးချယ်မှု မှားယွင်းတာကို သိနိုင်စေမယ့် အချက်(၇)ချက်

ဘရာရွေးချယ်မှု မှားယွင်းတာကို သိနိုင်စေမယ့် အချက်(၇)ချက် google

ကျွန်မတို့အတွက် ဘရာရွေးချယ်မယ်ဆိုရင် ရွေးချယ်တာ မှန်ကန်မှုရှိဖို့အဓိကပါ။မိန်းကလေးတိုင်းရဲ့ ရင်သားလှပပြီး ပုံကျနေစေဖို့ ကူညီနိုင်တာကလည်း ကိုယ်နဲ့တကယ်လိုက်ဖက်မယ့် ဘရာတွေပါပဲ။

သင့်ကိုယ်သင် ရင်သားတွေနဲ့ ပတ်သက်ပြီး စိတ်တိုင်းမကျတာ၊လွဲချော်နေတယ်လို့ခံစားနေရပြီဆိုရင်တော့ အောက်မှာပြထားတဲ့အချက်တွေနဲ့ ကိုက်ညီနေသလားဆိုတာ ဆန်းစစ်ကြည့်လိုက်ပါ။

၁။ သင့်ရဲ့ကြိုးတွေက အောက်ကိုလျှောကျနေပြီဆိုရင် အရင်ဆုံးပြန်တင်းကြည့်ပါ။သင့်ကြိုးတွေဟာ ရေလျှော်တာများလို့ လျော့နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ဒါပေမယ့် ကြိုးတွေကိုတင်းလိုက်တာတောင် လျောနေသေးတယ်ဆိုရင်တော့ သူတို့ကကောင်းကောင်းမထောက်ပံ့နိုင်တဲ့အပြင် သင့်ရဲ့ဘရာနဲ့ကြိုးဆိုဒ်က မှားယွင်းနေတယ်ဆိုတာပြနေပါတယ်။

၂။ သင့်ရဲ့ ရင်သားတွေက သင့်ဘရာအုံအပြင်ကို အရမ်းလျှံထွက်နေတာ၊အုံက အပေါ်ကို တက်လွန်းပြီး အောက်ရင်သားတွေပါ မလုံတာဆိုရင် သေချာပါတယ် သင့်ရဲ့ ဘရာဆိုဒ်ကသေးနေပါပြီ။ကိုယ့်နဲ့ကိုက်ညီလောက်မယ့် ဘရာဆိုဒ်ကိုပြောင်းလဲလိုက်ပါ။

၃။ သင့်ရဲ့ ဘရာအုံတွေက ရင်သားနဲ့ လွတ်နေတာ၊ဘရာအုံကဖောင်းလွန်းနေတာဟာလည်း ဘရာဆိုဒ်မှားနေကြောင်းပြတဲ့အချက်ပါ။သင့်ဘရာဆိုဒ်က ရင်သားထက်ပိုကြီးနေတဲ့သဘောပေါ့။

၎။ သင်က ဘရာဝတ်တဲ့အခါ ပုံမှန်အားဖြင့်နောက်ဆုံးချိတ်မှာ ၀တ်လေ့ရှိပေမယ့် အလယ်ချိတ်မှာ ၀တ်ရတာ ပိုပြီးသက်တောင့်သက်သာရှိတယ်ဆိုရင် သင့်ရဲ့ဘရာတွေက ဆွဲဆန့်လို့ရမယ်ဆိုတာ ပြနေပါတယ်။တကယ်လို့တော်တော်ကြီးကို ချောင်ချိပြီး လျော့ရဲနေတယ်ဆိုရင်တော့ ဒါပုံမှန်မဟုတ်တော့ပါဘူး။သင့်အနေနဲ့ ဘရာအသစ်ကို ၀ယ်ယူရမယ်ဆိုတာပြနေပါတယ်။

၅။ သင့်ရဲ့ပခုံးမှာ အချိုင့်အခွက်တွေရှိနေတာက သင့်ရဲ့ရင်သားတွေက ဘယ်လောက်လေးလံနေလဲဆိုတာ ပြနေတဲ့အကြောင်းတရားတွေ မဟုတ်ပါဘူး။သင့်ဘရာရဲ့ ကြိုးတွေကလုံလောက်တဲ့ထောက်ပံ့မှုမရှိဘူးဆိုတာ ပြနေတာဖြစ်ပြီး ကြိုးတွေက သက်တောင့်သက်သာမရှိတဲ့အတွက် ပခုံးမှာ အချိုင့်ခွက်အရာတွေဖြစ်စေတာပါ။ပိုသေးပြီး သက်တောင့်သက်သာဖြစ်မယ့်ဘရာကြိုးတွေကို စမ်းကြည့်လိုက်ပါ။

၆။ သင့်ဘရာတွေရဲ့ အလယ်တည့်တည့်ဟာ ရင်အုပ်ကို မ,တင်ထားနိုင်ပါတယ်။ရင်သားနှစ်ခုကြားဟာ စုစုစည်းစည်းနဲ့ ရှိနေသင့်ပါတယ်။တကယ်လို့ သင့်ဘရာရဲ့ အုံဟာသေးနေရင်တော့ ရင်သားနှစ်ခုဟာ ပြန့်နေမှာဖြစ်ပြီး ရင်သားကိုလုံးဝန်းလှပနေစေမှာမဟုတ်ပါဘူး။

၇။ ဘရာဝတ်ထားတုန်းမှာ သင့်ရဲ့ကျောနောက်နဲ့လည်ပင်းတွေနာတာ၊ကျောနောက်မှာ အသားတွေအစ်ထွက်နေတာတို့ဖြစ်ရင်တော့ သင့်ရဲ့ ဘရာကတင်းကျပ်လွန်းပြီး အရေပြားကို ဆွဲညှစ်ထားတယ်ဆိုတာ သတိရလိုက်ပါ။ဒီလိုအခြေအနေမျိုးဟာ မှားယွင်းတဲ့ဘရာဆိုဒ်ကို ၀တ်မှသာ ဖြစ်လေ့ရှိတာမို့ သင့်ရဲ့ ဘရာဆိုဒ်ကို ပြန်ဆန်းစစ်ကြည့်ပါ။ကျောနဲ့ပခုံးကိုသက်တောင့်သက်တာဖြစ်စေမယ့် အထူးဘရာတွေကို သင်ရွေးသင့်ပါတယ်။
သင့်အနေနဲ့ဒီအချက်တွေကြုံနေရပြီဆိုရင်တော့ သင့်ရဲ့ ဘရာရွေးချယ်မှုဟာ တစ်ခုခုတော့ Error တက်နေပါပြီ။ဒါကြောင့်အရင်ကထက်ပိုUpgradeလုပ်လိုက်ပါတော့။

ကြိုးတစ်ချောင်းအင်္ကျီကို ဇာနဲ့တွဲချုပ်ပြီး အထာကျကျ ဝတ်ဆင်နိုင်မယ့် နည်းလမ်းကောင်းတွေ

Source:mingalarbar

Read 1288 times
Rate this item
(1 Vote)