(Zaw+UNI)အ၀တ္အစားက႑မွာ ဖစ္ Fit ျပႆနာ ရွိေနခဲ့တာ အေတာ္ၾကာေနၿပီ။
အြန္လုိင္းမွာ ၀ယ္ယူတဲ့အခါ ျပႆနာ ပုိႀကီးထြားသြားတယ္။
ဖက္ရွင္တုိက္ေတြက လက္လီေရာင္းခ်ၾကတာမွာ အစမ္း၀တ္ၾကည့္ၿပီးလုိ႔ မႀကိဳက္ရင္ အ၀တ္အစားကုိ ျပန္အပ္ၿပီး ျပန္အမ္းေငြ ထုတ္ယူခြင့္ ေပးထားလုိ႔ ျပန္အပ္ၾကတာေတြကုိ ဆန္းစစ္ၾကည့္ေတာ့ အမ်ားစုက ဖက္ရွင္ဒီဇုိင္းကုိ မႀကိဳက္တာ၊ အေရာင္အေသြး မႀကိဳက္တာေတြေၾကာင့္ထက္ ၀တ္ၾကည့္ၿပီး မေတာ္လုိ႔ ျပန္အပ္တာေတြက ပုိမ်ားေနတာ ေတြ႕ၾကရတယ္။
ဖက္ရွင္ထည္ႏွင့္ ဖစ္ျဖစ္ျခင္းကိစၥရပ္မ်ား Fashion & Fit Issues ကုိ စစ္တမ္းေကာက္ယူခဲ့တာမွာ အဲဒီျပႆနာ ႀကီးထြားလာေနတာကုိ သိခဲ့ၾကရတယ္။
ဖက္ရွင္ထည္ေတြကုိ ဒီဇုိင္းအတည္ျပဳေပးၿပီးတဲ့အခါ ပက္တန္ pattern ထုတ္တယ္။ အ၀တ္အစားတစ္ထည္ခ်ဳပ္ဖုိ႔ ေပါင္းစပ္မယ့္အပုိင္းေတြကုိ ပုံစံထုတ္တာ ျဖစ္ပါတယ္။ အဲဒီပက္တန္အရ ဖက္ရွင္ထည္ကုိ နမူနာခ်ဳပ္တယ္။ ၿပီးရင္ အဆင္ေျပမေျပကုိ ခႏၶာကုိယ္ေပၚမွာ တင္ၾကည့္တယ္။ အဆင္မေျပတာရွိရင္ ျပင္တယ္။ က်ပ္ေနတဲ့ေနရာ ပြေနတဲ့ေနရာေတြ ျပင္တယ္။ ကုိယ္လက္လႈပ္ရွားၾကည့္တယ္။ လမ္းေလွ်ာက္ၾကည့္တယ္။ အဆင္မေျပတာရွိရင္ ျပင္တယ္။ ၿပီးရင္ အတည္ျပဳတဲ့ နမူနာ ဖက္ရွင္ထည္ကုိ ပက္တန္ထုတ္ၿပီး ခ်ဳပ္တယ္။ တစ္ခါထပ္စမ္းၾကည့္တယ္။ အဆင္ေျပၿပီဆုိရင္ ပက္တန္ကုိ အတည္ျပဳေပးလုိက္တယ္။
အဲဒီနမူနာပက္တန္ကုိ ပက္တန္မာစတာ pattern master က ပက္တန္ ဂရိတ္ဒင္း Pattern Grading လုပ္မယ္။ ဆုိလုိတာက က်ား၀တ္ရွပ္အက်ႌဆုိရင္ S M L XL XXL (Small Medium, Large, eXtra Large, eXtra eXtra Large) အရြယ္အစားေတြကုိ ပက္တန္ ထုတ္တယ္။ ၿပီးရင္ အထည္ခ်ဳပ္လုပ္ငန္းမွာ ခ်ဳပ္မယ္။
အေႏွးဖက္ရွင္ Slow fashion ေတြကေတာ့ အခ်ိန္ယူၿပီး လုပ္တယ္။ တစ္ႏွစ္ကေန တစ္ႏွစ္ခြဲအထိ ၾကာတယ္။ ေရာင္းေဈးက ျမင့္ေတာ့ ၾကာေပမဲ့ စီးပြားေရးအရ တြက္သားကုိက္တယ္။ အျမန္ဖက္ရွင္ Fast fashion ေတြကေတာ့ ေရာင္းေဈးမျမင့္ဘူး။ ၿပီးေတာ့ အျမန္ဖက္ရွင္ဆုိတဲ့အတုိင္း အျမန္အဆန္ခ်ဳပ္မွ စီးပြားေရးအရ ေအာင္ျမင္မယ္။ ဒီေတာ့ ၃ လကေန ၆လ အတြင္း အၿပီးအစီးလုပ္ၾကတယ္။ ႏွစ္ပတ္နဲ႔ အၿပီးလုပ္တာမ်ဳိးလည္း ရွိတယ္။ အဲဒီေတာ့ နမူနာပက္တန္ကေန အတည္ျပဳပက္တန္ကုိ ခုန္ကူးၿပီးသြားၾကတယ္။ ေသေသခ်ာခ်ာ စမ္းသပ္တာေတြ၊ ျပင္ဆင္တာေတြ လုပ္ဖုိ႔ အခ်ိန္မေပးၾကဘူး။
ပ်မ္းမွ်အားျဖင့္ အဓိကကုမၸဏီႀကီးေတြဟာ ဖက္ရွင္စတုိင္လ္တစ္ခုကုိ နမူနာ ႏွစ္မ်ဳိးပဲ လုပ္ဖုိ႔ အခ်ိန္ရွိတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ တုန္းက ဖစ္ကုိ စမ္းဖုိ႔ နမူနာ ေလးခု ထုတ္ၾကတယ္။
ဒီေတာ့ ကုိယ္ေပၚမွာ ၀တ္ဆင္လုိက္တဲ့အခါ ေတာ္၏ မေတာ္၏၊ အဆင္ေျပ၏ မေျပ၏ ေသေသခ်ာခ်ာ မစမ္းသပ္ဘဲ နမူနာပက္တန္ကုိ အတည္ျပဳေပးလုိက္ၾကတာေၾကာင့္ ဖစ္ျပႆနာ ႀကီးမားေနရတာ ျဖစ္ပါတယ္။ ဖစ္နမူနာကုိ ၄ ထည္အစား ၂ ထည္ပဲ ထုတ္ၿပီး တစ္၀က္ေလွ်ာ့ခ်လုိက္တာေၾကာင့္ ၀တ္ၾကည့္ၿပီး အဆင္မေျပလုိ႔ ျပန္ပုိ႔တဲ့ အေရအတြက္က ေရွးယခင္ကထက္ ၂ ဆ မက ပုိမ်ားသြားပါေတာ့တယ္။
ေနာက္ထပ္ ေရသာခုိတဲ့ အခ်က္တစ္ခ်က္က အျမန္ဖက္ရွင္ထည္ ထုတ္လုပ္တဲ့ ကုမၸဏီေတြမွာ ၄၀% က နမူနာခ်ဳပ္ထည္ကုိ စမ္းသပ္တာမွာ ပေရာဖက္ရွင္နယ္ ေမာ္ဒယ္ေတြကုိ ယခင္ကအတုိင္း ဆက္လက္သုံးစြဲေနေပမဲ့ က်န္တဲ့ကုမၸဏီေတြမွာေတာ့ မသုံးၾကေတာ့ဘူး။ ကုမၸဏီေတြမွာ ၂၃% က ကုမၸဏီ၀န္ထမ္းထဲမွ သင့္ေတာ္သူေတြကုိ ေမာ္ဒယ္အျဖစ္ သုံးစြဲၾကတယ္။ ၁၅%က ေတာ့ ဒီဇုိင္းထုတ္ၿပီး နမူနာခ်ဳပ္တဲ့သူေတြက ကုိယ္တုိင္၀တ္ၾကည့္ၿပီး စမ္းသပ္ၾကတယ္။ ယခုအခါ ကြန္ပ်ဴတာျဖင့္ နမူနာဖက္ရွင္ထည္ကုိ စမ္းလုိ႔ရေပမဲ့ သုံးစြဲတဲ့ကုမၸဏီ ၂% ပဲ ရွိတယ္။ ဘာလုိ႔နည္းေနရသလဲဆုိေတာ့ လူကုိယ္ေပၚမွာ ၀တ္ၾကည့္ရင္ ရရွိတဲ့ ထိေတြ႕မႈအာ႐ုံအရသာကုိ မရရွိလုိ႔ ျဖစ္ပါတယ္။
က်န္တဲ့ကုမၸဏီ ၂၀% ကေတာ့ ဖစ္ ျဖစ္မျဖစ္ အစမ္း၀တ္ၾကည့္တာကုိ လုပ္မေနေတာ့ဘူး။ တန္းၿပီး ခ်ဳပ္ထည္ ခ်ဳပ္လုပ္ေစတယ္။ ၿပီးရင္ ျဖန္႔ျဖဴးေရာင္းခ်လုိက္ၾကတယ္။
ႏုိင္ငံတကာ ကုမၸဏီႀကီးေတြမွာ တခ်ဳိ႕က ဒီဇုိင္းထုတ္တာ တစ္ႏုိင္ငံ၊ နမူနာခ်ဳပ္တာ တစ္ႏုိင္ငံ၊ ဖစ္ျဖစ္မျဖစ္ စမ္းသပ္တာက တစ္ႏုိင္ငံ တစ္ေနရာစီ ျဖစ္ေနတယ္။ ဒီေတာ့ အခ်ိတ္အဆက္ေတြ လြတ္ေနတတ္တယ္။ နမူနာခ်ဳပ္ထားတာမွာ နည္းနည္းပါးပါး အဆင္မေျပရင္ လ်စ္လ်ဴျပဳလုိက္တယ္။ အျမန္ေခ်ာပုိ႔နဲ႔ ျပန္ပုိ႔ေနရရင္ အခ်ိန္ၾကာတယ္။ ဆုိင္ေပၚ ျမန္ျမန္တင္ဖုိ႔က ပုိအေရးပါတယ္။
ေနာက္ထပ္အေၾကာင္းတရားတစ္ခုက ေဒသအလုိက္ ကုိယ္လုံးကုိယ္ထည္ ကြာျခားၾကတယ္။ အာရွက ဥေရာပတုိက္သားထက္ ကုိယ္လုံးေသးတယ္။ အင္တာနက္ေခတ္မွာ အြန္လုိင္းဆုိင္ေတြထံမွ ၀ယ္ယူၾကတဲ့အခါ ဥေရာပတုိက္အတြက္ ေရာင္းေနတဲ့အထဲမွ အာရွတုိက္မွ မွာယူသူထံ ပုိ႔ေပးမိတာမ်ဳိးေတြ ေဖာင္းပြေနတယ္။ ဒီေတာ့ ဖစ္မျဖစ္ေတာ့ဘူး။
ေနာက္တစ္ခ်က္က လုပ္သားခ သက္သာတဲ့ႏုိင္ငံေတြမွာ ခ်ဳပ္ထည္ေတြ ခ်ဳပ္ခုိင္းေတာ့ တစ္ႏုိင္ငံနဲ႔တစ္ႏုိင္ငံ ျဖတ္ေတာက္ပုံ၊ ခ်ဳပ္ပုံ၊ တုိင္းတာပုံေတြ နည္းနည္းစီေတာ့ ကြဲလြဲၾကတယ္။ ဒီေတာ့ တစ္ေျပးညီ မျဖစ္တာေၾကာင့္ ခ်ေပးထားတဲ့ အတုိင္းအတာေတြအရ ခ်ဳပ္ၾကတာ ျဖစ္ေပမဲ့ အရြယ္အစား ကြဲလြဲမႈ ျဖစ္ေပၚၿပီး ဖစ္ျပႆနာ ရွိသြားေစတယ္။
အဲဒီလုိ ဖစ္ျပႆနာ ရွိေနတာ ၾကာပါၿပီ။ ဒါေပမဲ့ မေျဖရွင္းၾကဘူး။ ေနာက္ေနာင္လည္း ေျဖရွင္းၾကမွာ မဟုတ္ဘူး။ ဒီေတာ့ ဖစ္ျပႆနာ ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။
UNICODE
အဝတ်အစားကဏ္ဍမှာ ဖစ် Fit ပြဿနာ ရှိနေခဲ့တာ အတော်ကြာနပြေီ။ အွန်လိုင်းမှာ ဝယ်ယူတဲ့အခါ ပြဿနာ ပိုကြီးထွားသွားတယ်။ ဝ
ဖက်ရှင်တိုက်တွေက လက်လီရောင်းချကြတာမှာ အစမ်းဝတ်ကြည့်ပြီးလို့ မကြိုက်ရင် အဝတ်အစားကို ပြန်အပ်ပြီး ပြန်အမ်းငွေ ထုတ်ယူခွင့် ပေးထားလို့ ပြန်အပ်ကြတာတွေကို ဆန်းစစ်ကြည့်တော့ အများစုက ဖက်ရှင်ဒီဇိုင်းကို မကြိုက်တာ၊ အရောင်အသွေး မကြိုက်တာတွေကြောင့်ထက် ဝတ်ကြည့်ပြီး မတော်လို့ ပြန်အပ်တာတွေက ပိုများနေတာ တွေ့ကြရတယ်။
ဖက်ရှင်ထည်နှင့် ဖစ်ဖြစ်ခြင်းကိစ္စရပ်များ Fashion & Fit Issues ကို စစ်တမ်းကောက်ယူခဲ့တာမှာ အဲဒီပြဿနာ ကြီးထွားလာနေတာကို သိခဲ့ကြရတယ်။
ဖက်ရှင်ထည်တွေကို ဒီဇိုင်းအတည်ပြုပေးပြီးတဲ့အခါ ပက်တန် pattern ထုတ်တယ်။ အဝတ်အစားတစ်ထည်ချုပ်ဖို့ ပေါင်းစပ်မယ့်အပိုင်းတွေကို ပုံစံထုတ်တာ ဖြစ်ပါတယ်။ အဲဒီပက်တန်အရ ဖက်ရှင်ထည်ကို နမူနာချုပ်တယ်။ ပြီးရင် အဆင်ပြေမပြေကို ခန္ဓာကိုယ်ပေါ်မှာ တင်ကြည့်တယ်။ အဆင်မပြေတာရှိရင် ပြင်တယ်။ ကျပ်နေတဲ့နေရာ ပွနေတဲ့နေရာတွေ ပြင်တယ်။ ကိုယ်လက်လှုပ်ရှားကြည့်တယ်။ လမ်းလျှောက်ကြည့်တယ်။ အဆင်မပြေတာရှိရင် ပြင်တယ်။ ပြီးရင် အတည်ပြုတဲ့ နမူနာ ဖက်ရှင်ထည်ကို ပက်တန်ထုတ်ပြီး ချုပ်တယ်။ တစ်ခါထပ်စမ်းကြည့်တယ်။ အဆင်ပြပြေီဆိုရင် ပက်တန်ကို အတည်ပြုပေးလိုက်တယ်။
အဲဒီနမူနာပက်တန်ကို ပက်တန်မာစတာ pattern master က ပက်တန် ဂရိတ်ဒင်း Pattern Grading လုပ်မယ်။ ဆိုလိုတာက ကျားဝတ်ရှပ်အင်္ကျီဆိုရင် S M L XL XXL (Small Medium, Large, eXtra Large, eXtra eXtra Large) အရွယ်အစားတွေကို ပက်တန် ထုတ်တယ်။ ပြီးရင် အထည်ချုပ်လုပ်ငန်းမှာ ချုပ်မယ်။
အနှေးဖက်ရှင် Slow fashion တွေကတော့ အချိန်ယူပြီး လုပ်တယ်။ တစ်နှစ်ကနေ တစ်နှစ်ခွဲအထိ ကြာတယ်။ ရောင်းဈေးက မြင့်တော့ ကြာပေမဲ့ စီးပွားရေးအရ တွက်သားကိုက်တယ်။ အမြန်ဖက်ရှင် Fast fashion တွေကတော့ ရောင်းဈေးမမြင့်ဘူး။ ပြီးတော့ အမြန်ဖက်ရှင်ဆိုတဲ့အတိုင်း အမြန်အဆန်ချုပ်မှ စီးပွားရေးအရ အောင်မြင်မယ်။ ဒီတော့ ၃ လကနေ ၆လ အတွင်း အပြီးအစီးလုပ်ကြတယ်။ နှစ်ပတ်နဲ့ အပြီးလုပ်တာမျိုးလည်း ရှိတယ်။ အဲဒီတော့ နမူနာပက်တန်ကနေ အတည်ပြုပက်တန်ကို ခုန်ကူးပြီးသွားကြတယ်။ သေသေချာချာ စမ်းသပ်တာတွေ၊ ပြင်ဆင်တာတွေ လုပ်ဖို့ အချိန်မပေးကြဘူး။
ပျမ်းမျှအားဖြင့် အဓိကကုမ္ပဏီကြီးတွေဟာ ဖက်ရှင်စတိုင်လ်တစ်ခုကို နမူနာ နှစ်မျိုးပဲ လုပ်ဖို့ အချိန်ရှိတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ဝ တုန်းက ဖစ်ကို စမ်းဖို့ နမူနာ လေးခု ထုတ်ကြတယ်။
ဒီတော့ ကိုယ်ပေါ်မှာ ဝတ်ဆင်လိုက်တဲ့အခါ တော်၏ မတော်၏၊ အဆင်ပြေ၏ မပြေ၏ သေသေချာချာ မစမ်းသပ်ဘဲ နမူနာပက်တန်ကို အတည်ပြုပေးလိုက်ကြတာကြောင့် ဖစ်ပြဿနာ ကြီးမားနေရတာ ဖြစ်ပါတယ်။ ဖစ်နမူနာကို ၄ ထည်အစား ၂ ထည်ပဲ ထုတ်ပြီး တစ်ဝက်လျှော့ချလိုက်တာကြောင့် ဝတ်ကြည့်ပြီး အဆင်မပြေလို့ ပြန်ပို့တဲ့ အရေအတွက်က ရှေးယခင်ကထက် ၂ ဆ မက ပိုများသွားပါတော့တယ်။
နောက်ထပ် ရေသာခိုတဲ့ အချက်တစ်ချက်က အမြန်ဖက်ရှင်ထည် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ ၄ဝ% က နမူနာချုပ်ထည်ကို စမ်းသပ်တာမှာ ပရောဖက်ရှင်နယ် မော်ဒယ်တွေကို ယခင်ကအတိုင်း ဆက်လက်သုံးစွဲနေပေမဲ့ ကျန်တဲ့ကုမ္ပဏီတွေမှာတော့ မသုံးကြတော့ဘူး။ ကုမ္ပဏီတွေမှာ ၂၃% က ကုမ္ပဏီဝန်ထမ်းထဲမှ သင့်တော်သူတွေကို မော်ဒယ်အဖြစ် သုံးစွဲကြတယ်။ ၁၅%က တော့ ဒီဇိုင်းထုတ်ပြီး နမူနာချုပ်တဲ့သူတွေက ကိုယ်တိုင်ဝတ်ကြည့်ပြီး စမ်းသပ်ကြတယ်။ ယခုအခါ ကွန်ပျူတာဖြင့် နမူနာဖက်ရှင်ထည်ကို စမ်းလို့ရပေမဲ့ သုံးစွဲတဲ့ကုမ္ပဏီ ၂% ပဲ ရှိတယ်။ ဘာလို့နည်းနေရသလဲဆိုတော့ လူကိုယ်ပေါ်မှာ ဝတ်ကြည့်ရင် ရရှိတဲ့ ထိတွေ့မှုအာရုံအရသာကို မရရှိလို့ ဖြစ်ပါတယ်။
ကျန်တဲ့ကုမ္ပဏီ ၂ဝ% ကတော့ ဖစ် ဖြစ်မဖြစ် အစမ်းဝတ်ကြည့်တာကို လုပ်မနေတော့ဘူး။ တန်းပြီး ချုပ်ထည် ချုပ်လုပ်စေတယ်။ ပြီးရင် ဖြန့်ဖြူးရောင်းချလိုက်ကြတယ်။
နိုင်ငံတကာ ကုမ္ပဏီကြီးတွေမှာ တချို့က ဒီဇိုင်းထုတ်တာ တစ်နိုင်ငံ၊ နမူနာချုပ်တာ တစ်နိုင်ငံ၊ ဖစ်ဖြစ်မဖြစ် စမ်းသပ်တာက တစ်နိုင်ငံ တစ်နေရာစီ ဖြစ်နေတယ်။ ဒီတော့ အချိတ်အဆက်တွေ လွတ်နေတတ်တယ်။ နမူနာချုပ်ထားတာမှာ နည်းနည်းပါးပါး အဆင်မပြေရင် လျစ်လျူပြုလိုက်တယ်။ အမြန်ချောပို့နဲ့ ပြန်ပို့နေရရင် အချိန်ကြာတယ်။ ဆိုင်ပေါ် မြန်မြန်တင်ဖို့က ပိုအရေးပါတယ်။
နောက်ထပ်အကြောင်းတရားတစ်ခုက ဒေသအလိုက် ကိုယ်လုံးကိုယ်ထည် ကွာခြားကြတယ်။ အာရှက ဥရောပတိုက်သားထက် ကိုယ်လုံးသေးတယ်။ အင်တာနက်ခေတ်မှာ အွန်လိုင်းဆိုင်တွေထံမှ ဝယ်ယူကြတဲ့အခါ ဥရောပတိုက်အတွက် ရောင်းနေတဲ့အထဲမှ အာရှတိုက်မှ မှာယူသူထံ ပို့ပေးမိတာမျိုးတွေ ဖောင်းပွနေတယ်။ ဒီတော့ ဖစ်မဖြစ်တော့ဘူး။
နောက်တစ်ချက်က လုပ်သားခ သက်သာတဲ့နိုင်ငံတွေမှာ ချုပ်ထည်တွေ ချုပ်ခိုင်းတော့ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဖြတ်တောက်ပုံ၊ ချုပ်ပုံ၊ တိုင်းတာပုံတွေ နည်းနည်းစီတော့ ကွဲလွဲကြတယ်။ ဒီတော့ တစ်ပြေးညီ မဖြစ်တာကြောင့် ချပေးထားတဲ့ အတိုင်းအတာတွေအရ ချုပ်ကြတာ ဖြစ်ပေမဲ့ အရွယ်အစား ကွဲလွဲမှု ဖြစ်ပေါ်ပြီး ဖစ်ပြဿနာ ရှိသွားစေတယ်။
အဲဒီလို ဖစ်ပြဿနာ ရှိနေတာ ကြာပါပြီ။ ဒါပေမဲ့ မဖြေရှင်းကြဘူး။ နောက်နောင်လည်း ဖြေရှင်းကြမှာ မဟုတ်ဘူး။ ဒီတော့ ဖစ်ပြဿနာ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။