အခုဆိုရင်ဖြင့် နွေရာသီဟာ ရောက်လာတော့မှာ ဖြစ်ပါတယ်။
သင်္ကြန်ပိတ်ရက်ရှည်ကြီးကလည်း အနီးအနားမှာပဲ ဖြစ်နေတာကြောင့် အားလုံးက ခရီးတွေသွားကြဖို့ တာဆူနေပြီဆိုလည်း မမှားပါဘူး။ အကယ်၍ သင်ဟာ ကမ်းခြေကို သွားခဲ့မယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေက သင့်ကို အစွမ်းကုန် လှပစေဖို့ အထောက်အကူပြုနေပါလိမ့်မယ်။
၁။ သင့်ကိုယ်သင်ယုံကြည်မှုရှိပါစေ
များသောအားဖြင့် မြန်မာမိန်းကလေးတွေက Bikini ၀တ်ဖို့ ရှက်တတ်ကြပါတယ်။ ဒါပေမယ့် အကောင်းဆုံး အကြံပြုချင်တာကတော့ မိမိရွေးချယ်လိုက်တဲ့ အ၀တ်အစားပေါ်မှာ ယုံကြည်မှုအပြည့်အ၀ရှိဖို့ လိုပါတယ်။ သင်ဟာ Bikini ၀တ်တော့မယ်ဆိုရင် ပထမဦးဆုံးတော့ ၀တ်ဆင်ရန် ယုံကြည်ချက်အပြည့်အ၀ရှိဖို့ ပြင်ဆင် ထားရမှာဖြစ်ပါတယ်။
၂။ သင့်ရဲ့ ခန္ဓာကိုယ်အချိုးအစားကို သတ်မှတ်ပါ
လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်အချိုးအစား မတူညီကြပါဘူး။ အဲဒီအတွက် Bikini ကို ရွေးချယ်တဲ့အခါမှာလည်း မိမိ၏ ခန္ဓာကိုယ်အချိုးအစားကို ကောင်းမွန်စွာ သိနေဖို့ လိုအပ်ပါတယ်။ အဓိကအားဖြင့် ခန္ဓာကိုယ်အချိုးအစား ၄ မျိုးရှိပါတယ်။ ပန်းသီးပုံခန္ဓာကိုယ်၊ သစ်တော်သီးပုံခန္ဓာကိုယ်၊ သဲနာရီပုံခန္ဓာကိုယ်နှင့် ငှက်ပျောသီးပုံခန္ဓာကိုယ်တို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်အမျိုးအစားသတ်မှတ်ပုံကို အောက်တွင် ကြည့်ရှုနိုင်ပါတယ်။
၃။ မှန်ကန်တဲ့ အရောင်ရွေးချယ်ခြင်း
Bikini ၀တ်ဆင်ခြင်းကလည်း အဓိကကျတဲ့အခန်းကဏ္ဍက ပါဝင်နေပါတယ်။ သင်ဟာ သင်၏ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ပို၍ ကြီးသွားသယောင် ဖြစ်စေချင်ပါက အရောင်တောက်တောက်တွေကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် စိမ်းဝါရောင်၊ ပန်းဆီရောင်နှင့် အနီရောင်တောက်တောက်တို့ဖြစ်ပါတယ်။ ဒါမှမဟုတ် သင်ဟာ သင်၏ခန္ဓာကိုယ်အစိတ်အပိုင်းများ သေးငယ်သွားသယောင် ဖြစ်စေချင်ပါက အရောင်မှိုင်းမှိုင်းများကို ၀တ်ဆင် ရပါမယ်။ ထိုသို့ဝတ်ဆင်ရာတွင် အနက်ရောင် Bikini က သင့်ကို သေးသွယ်သယောင်ပေါက်စေရန် အကောင်းဆုံး အကူအညီပေးပါလိမ့်မယ်။
၎။ မှန်ကန်တဲ့ဒီဇိုင်းရွေးချယ်ခြင်း
Bikini ကို များသောအားဖြင့် လူတွေက ဒီဇိုင်းအများအပြားမရှိဘူးလို့ ထင်တတ်ကြ ပါတယ်။ သို့သော်လည်း သေချာကြည့်ပါက Bikini တွင် ဒီဇိုင်းအများအပြားရှိသောကြောင့် မိမိနှင့် လိုက်ဖက်မည့်ပုံကို မှန်ကန်စွာ ရွေးချယ်တတ်ရန် လိုအပ်ပါတယ်။
ဥပမာအားဖြင့်သင်ဟာ ကမ်းခြေမှာ ခြေထောက်ကလေးကို သွယ်သယောင်မြင်စေချင်ပါက ဘေးတွင် ကြိုးလေးတစ်ချောင်းသာပါသော Bikini မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
သို့မဟုတ် သင်က သင်၏၀မ်းဗိုက်ကို ချက်သယောင် မြင်စေချင်ပါက ဗိုက်အပြည့်အထိ ဖုံးသော Bikini မျိုးကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။
၅။ Bikini Outfit တစ်ခုလုံးကို လိုက်ဖက်စွာဝတ်ဆင်ခြင်း
တစ်ခါတစ်ရံ Bikini အင်္ကျီနှင့် ဘောင်းဘီကို ခွဲခြားဝယ်မိသည့်အတွက် မလိုက်ဖက်သည့်အခါမျိုးလည်း ကြုံတွေ့ရပါတယ်။ ထိုသို့ မဖြစ်ရလေအောင် အင်္ကျီနှင့် ဘောင်းဘီကို ကြည့်၍ လိုက်ဖက်အောင် ၀ယ်ရပါမယ်။ ထိုသို့ ၀ယ်သည့်အခါမျိုးတွင် ၀မ်းဆက် Bikini မျိုးကို ၀ယ်၍ ရနိုင်သလို ၀မ်းဆက်မဟုတ်သော Bikini များလည်း ၀ယ်၍ ရနိုင်ပါတယ်။ ၀မ်းဆက်မဟုတ်သော Bikini များ ၀ယ်ရာတွင် အဆင်မပါဘဲ ပြောင်ချည်းသက်သက် Bikini များက သင့်ကို မည်သည့်အရာနှင့်မဆို လိုက်ဖက်အောင် အထောက်အကူပေးပါလိမ့်မယ်။
ကမ်းခြေမှာ အားလုံးလှပနိုင်ကြပါစေ။